"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Thursday, December 31, 2009

မင်းရှေ့မှာဒူးထောက်အရှုံးပေးတယ်


မင်းရှေ့မှာဒူးထောက်အရှုံးပေးတယ်
ဘယ်ဟာဘာမှ မထူးဆန်းဘူး
မကြုံဘူးလို့ ရူးနေတာ . . .
ဘယ်ဟာဘာမှ
မထူးဆန်းဘူး
မကြုံဘူးလို့
ရူးနေတာ
ဒါပေမဲ့ ပြတ်သားဖို့တော့ မဖြစ်နိုင်ဘူး
အချစ်ဆိုတာ ဆန်းကြယ်တာတွေထက် ပိုဆန်းကြယ်လို့
လူတွေအားလုံး
ဒူးထောက်အရှုံးပေးနေရတာ။

ရေးသားသူ- ကိုကိုကြီး

ကြိုက်မိတဲ့ကဗျာလေးမို့ ပြန်လည်မျှဝေလိုက်ပါတယ်..အချစ်ကို အချစ်အတိုင်း ထားတာက အကောင်းဆုံးပါပဲတဲ့ ဆရာမ ဂျူး အပါအ၀င် တော်တော်များများလူတွေ ပြောကြပါတယ်..သူ့ကိုတခြားအရာတွေနဲ့ သွားရောမိရင်သာ ကျွန်တော်တို့ ပူလောင်နေကြရတာတဲ့..အချစ်အတွက်ခံစားနေကြရတာတဲ့..ဒါပေမယ့်လည်း ခုကဗျာထဲကလိုပါပဲလေ... ကျွန်တော်တို့ အချစ်ကို ဒူးထောက်နေရဆဲပါပဲ..သူ့အတိုင်းမထားနိုင်ကြလို့ပါ..
အချစ်ဟာ အချစ်ဆိုပေမယ့်လည်း.....

ကြိုက်မိတဲ့ မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာများ


သောကခြေရာ(၅)
တွယ်တာလှပေမယ့်
ကွယ်ရာကပဲ ချစ်တော့မယ်… အဆင်ခက်လေတော့ မကြင်ရက်တယ်
သခင်ဆိုမလား
ငြိုငြင်ရင် ကိုယ့်အပြစ်ပါပဲ
စိတ်ညစ်တယ်ကွယ်…..


သံယောဇဉ် တွယ်ကာရစ်ပေမယ့်
ပြန်ပြောလျှင်
ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူ အမူလုပ်ပါလို့
မပူရုပ်ကို ဟန်ဆောင်တင်းပေမယ့်

ရင်တွင်းမှာ မကြည်မွေ့လေတော့

သည်နေ့လဲ စိတ်ညစ်တယ်


သိပ်ချစ်တယ် မဆိုသာတော့…...
ပါးစပ်က ပြောမှလား နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး
အကြည့်ဆုံ ဝေဒနာနွေးတွေက အကြင်နာ ခြေရာလေးတွေပဲ
အတွေးမှာ ရစ်တ၀ဲနဲ့
ချစ်သည်းရယ်
ဘာသာဖြေလို့
မာယာတွေ ဟန်ဆောင်ထိန်းကာ သူစိမ်းတွေပေါ့…..
***********************

နွယ်အရိပ်

တွယ်မှာစိုးလို့
နွယ်ကြိုးညွန့်သစ်
မပတ်ရစ်အောင်
ဖြတ်ပစ်ခဲ့ရတော့မှာလား....။
လိုက်မှာစိုးလို့
နှစ်ကိုယ့်တစ်စိတ် ကိုယ့်အရိပ်နဲ့ခွဲ
အမှောင်ထဲမှာ ရှောင်လွဲရတော့မှာလား...။
ဖြတ်မရတဲ့ နွယ် သတ်မရတဲ့ နွယ် ဖယ်မဖြစ်တဲ့ အရိပ်
တွယ်ရစ်တဲ့ အရိပ်
တကယ်ချစ်တဲ့ စိတ်ကြောင့်လား
နှလုံးသားမှာ အနာတရနဲ့
ထာဝရ ရောက်ရောက်လာတာ
သြော်..... ကာလ ဘယ်လောက်ကြာကြာ...။
***********************

အရိန္ဒမာသိပါသည်
မြင်ကတည်းက ရင်ထဲမှာစွဲခဲ့တယ် မဏိစန္ဒာ။
ဘုရင့်ဘဏ္ဏာမတော်မတရားနဲ့
အရှင့်အာဏ္ဏာစော်ကားခဲ့သူမို့
(သြော်...)
ဓါးထိကာအသေသတ်ရင်လည်းကျေနပ်မှာပါ။
မလျော်တာအခက်ကြံဆမိလို့
အနော်ရထာမာန်ရှမှာလည်း
ခံရမယ်သေအချာ သိပေမယ့်

ဝေဒနာရှိသူရင်မှာမအေးလေတော့

သေဘေးကိုတဲ့မမြင်သာ အကြင်နာကနှစ်ဆင့်ပိုကဲ။
အရှင့်ဘဏ္ဏာမတော်မတရားနဲ့
ဘုရင့်အာဏ္ဏာစော်ကားခဲ့သူလို့
ကဲ့ရဲ့ကာဆိုချင်ဆို
ငြိုငြင်လိုငြိုငြင်လိုက် ကိုယ့်ထိုက်နဲ့ကိုယ့်ကြမ္မာပေါ့။ အရှင့်အာဏ္ဏာမဖီဆန်ရဲတာကြောင့် လက်လွှဲကာရှေ့တော်ဆက်ရပေမယ့် မွေ့ပျော်ရက်တယ်သခင်ထင်သလား ရင်ခွင်မှာဆယ်နေကဲသလို
အမြဲပူလောင်လှချည့်
ရင်ထဲကိုလှံမထိက ချစ်မိသူအသည်းကြွေပြုန်းကာ
မဏိစန္ဒာရယ်...

ကိုယ်ကတော့အမြဲသေဆုံးခဲ့ပြီပဲ။

****************************

မာယာမိုး
ပြိုမယောင် ဟိုတောင်က မိုး….. ။
လေအဝှေ့မှာတော့
ရေငွေ့တွေဘယ်ဆီတိမ်းပါလို့
ဘယ်ယိမ်းကာ ဘယ်ကိုပါသလဲ
ဝေဒနာပူပူသရွေ့ကို ကွယ်….
သူမေ့မှာစိုး ………။

****************************

ချစ်သူ

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။ ။

****************************
ဝေး

လွမ်းမျက်ရည်ဝေဒနာပေးချင်လို့ 
ပန်းသက်သေခြေရာကလေးတွေနဲ့ 
သွေခွာပြေးပုန်းသူခင်။

အတိမ်းခက်ပေမယ့်
စိမ်းရက်တယ်ငြင်ငြိုမလား
ရင်ကိုခွဲကာ သခင်ကြည့်လျှင်ဖြင့်
မြင်မိမယ်ထင်။

သမုဒယဆိုတဲ့ ချစ်ကြိုးတစ်မျှင်
ရစ်တိုးငင်လို့ အဝိဇ္ဖာလွှမ်း
ပူပူသရွေ့ကိုတော့
သူသူတွေ့ကာဘယ်လိုသိနိုင်မလဲ
ရင်ထဲမှာကျွမ်းမြေ့ဆွေး
ဝေးဝေးကလွမ်း။

*****************************

ထာဝရ

ပွင့်လျှင်လည်းနမ်း
နွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်း
တိမ်းညွတ်တွယ်မက်
သည်တသက်မှာ
တပွင့်သာလေ
စွဲလမ်းနေမည်
ဝေဝေကြွေကြွေ မြတ်နိုး၏ ။

*****************************
ညို

ဟိုး...တောင်ထိပ်မှာ
မိုးရိပ်ညိုညို့ မှိုင်းရီဆို့လျှင်
ပိုလို့တမ်းတ သတိရလျက်
ဖြေပြေခက်လို့...
မျက်ဝန်းထဲမှာ မိုးရွာပြီညို...။

ဒါပါပဲကွယ်...
ပုံပြင်ရယ်ထား အိပ်မက်များလို
မေ့သွားနိုင်ရိုး အဖြစ်မျိုးလား
မြတ်နိုးနှောင်ရစ် သောကမြစ်လျှံ
ချစ်ခြင်းဆင်းရဲ မိုးသားမည်းညို
ပြိုမည်အုံးအုံး မိုးထစ်ခြုံးပြီ...
နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေပါ ညို ။ ။

********************************

ပန်းပွင့်ရှိမှ၊ ရနံ့ရတာမဟုတ်ပါဘူး၊

ဖူးသည့်တစ်ငုံငုံသည့်တစ်ပွင့်၊

နမ်းခွင့်တစ်ရှိုက်ရသည့်ခိုက်မှ၊

ထာဝရတည်ကာလရှည်လျား၊

နှလုံးသားမှာစွဲမြဲစွာဖြင့်၊

ထုံနံ့ရီဝေပျံ့ဆွတ်စေ၏ချစ်သူသိလေ … ။

မျက်နှာတွေ့မှ၊ မြင်ခွင့်ရတာမဟုတ်ပါကွယ်၊

ဘယ်ကိုသွားသွားဘယ်နားရောက်ရောက်၊

ဘယ်လောက်ဝေးဝေးအတွေးမှာရှိ၊

အကြည့်မှာမြင်သူပဲထင်တယ်၊

ကောင်းကင်လိုပဲမော့ကြည့်ဆဲမှာ၊

တွေ့နိုင်ပါ၏ချစ်သူသိလေ … ။

အသံကြားမှ၊ နားမှာဆတ်ဆတ်

ကြားလာတတ်တာ၊ မဟုတ်ပါလေ

စမ်းရေသံကြား၊ သူ့စကားရှိငှက်၏တေးမှာ၊

သူ့သံသာတွေနှုတ်ခြွေစကား၊

နားမှာတီးတိုးဟိုး…အရင်လို၊

ရွှင်ချိုကြည်မြကြားနေရ၏ ချစ်သူသိလေ … ။

ချစ်သူသိလေသတိရလျှင်၊

ဒေသအကွာနေရတာကွဲ၊

ဘယ်လိုခွဲခွာဘယ်လောက်ကွာမလဲ…ဘယ်မှာဖြစ်ဖြစ်၊

တွယ်တာရစ်ငင်ထာဝရထင်သော၊

ရင်ထဲအရိပ်စွဲလမ်းစိတ်ဖြင့်အိပ်မက်တိုင်းမှာ ရှိနေသူ … ။

(လွမ်းသူ့ရင်ကိုငြိမ်းပါလှည့် ၀တ္ထုမှ)

*******************************

ကြိုက်နှစ်သက်မိသော ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ကဗျာလေးတွေကို မျှဝေတဲ့အနေနဲ့တင်ပြလိုက်ပါတယ်ဗျာ။ဘယ်အချိန်မှာပဲဖတ်ဖတ် ကဗျာတိုင်းက နွေးထွေးမှုတွေပေးတယ်..
တစ်ယောက်တည်းဖြစ်နေချိန်မှာအားပေးဖော်တွေဆိုလည်းဟုတ်တယ်..။
စိတ်ညစ်နေချိန် ဒီကဗျာလေးတွေကို သတိရမိလို့
ပို့စ်အဖြစ်တင်ပါတယ်...

Wednesday, December 30, 2009

တမ်းတမိတာက..ကျွန်တော့် အဖွား...


ဘ၀ ဆိုတာနဲ့ပတ်သတ်ပြီး ကျွန်တော်ဘာမှ အကျယ်မညည်းချင်ပါဘူး။
လောကမှာ လူတွေ တစ်ကျောင်း တစ်ဂါထာ ဆန်းနေကြမှာပဲလေ...။
တွေဝေတဲ့စိတ်နဲ့ အားနာတဲ့စိတ် တစ်ထပ်တည်း သွားကျတဲ့အခါ...ကျွန်တော့်ကို လူတွေ လုပ်ချင်သလိုလုပ်သွားတာမျိုး၊ ပြောချင်တာပြောခံရတာမျိုးတွေ ခံရတာခဏတိုင်းပါပဲဗျာ...ငယ်ငယ်ကတည်းက အဖိုးအဖွားတွေ၊ အဒေါ်တွေနဲ့ပဲ ကြီးပြင်းလာတဲ့ကျွန်တော်က သူများမျက်နှာကိုပဲ ကြည့်နေတတ်တာ အကျင့်က ပါနေပြီ။လူတွေကိုလည်း မပြစ်မတင်ချင်ပါဘူး။အခြေအနေနဲ့ အချိန်အခါက ဒီလိုကြုံစေတယ်ဆိုရင် ကိုယ်တိုင်လည်း သူတို့လမ်းအတိုင်းပဲ လျှောက်မိနိုင်ပါတယ်။ကိုယ့်ကိုကိုယ်လည်း အားမရဘူး။ခက်တာက စကားကို လေးလုံးကွဲအောင် မပြောနိုင်ဘူး။သူများမျက်နှာကိုကြည့်ပြီး ကိုယ်ပြောချင်တာတွေ ပျောက်ဆုံးတာက များနေခဲ့တယ်..။ပျော်ခဲ့တာတွေလည်း ရှိပါတယ်...ရင်တွေနာပြီး မွန်းကျပ်နေတဲ့ အလွမ်းတွေနဲ့လည်း နေခဲ့ရဖူးတယ်...ဟိုးးးးးးးးးးးးးငယ်တုန်းက ပုံရိပ်တွေကို တွေးမိရင်.... ဘ၀က နေပျော်ပါတယ်... အဖိုး အဖွားတွေ မရှိတော့ကတည်းက သိပ်ပြီး ဘယ်သူနဲ့မှ မရင်းနီးချင်တော့ဘူး။ဘယ်သူ့ကိုမှလည်း အားမကိုးချင်ခဲ့ဘူး....။မိဘကိုလည်း သိပ်အနေမနီးခဲ့တော့ သိပ်အပူမပေးချင်ခဲ့ဘူး။ဒါကို အဖေနဲ့အမေက သူစိမ်းဆန်တယ်ထင်နေတယ်။မဟုတ်ပါဘူး...ကျွန်တော် ချစ်ပါတယ်..ညီမလေးတွေ နဲ့ မောင်လေးကိုလည်း ချစ်ပါတယ်..ဒါပေမယ့်..ဘ၀က ခုနောက်ပိုင်း သိပ်တော့နေပျော်စရာမရှိတော့ပါဘူး..။ဘ၀က သက်ဝင်မှုမရှိဘဲ လှုပ်ရှားနေရတာပဲ ရှိတော့တယ်..။ကျောင်းကတည်းကတိုင်... ကျောင်းပိတ်ရက်တွေဆို စိတ်ညစ်ရမြဲပါပဲ... ဘယ်အိမ်ပြန်ရမှန်းမသိလို့..။
ဒါနဲ့သိပ်မပြန်ဖြစ်ဘူး။ကျောင်းမှာပဲနေတာများတယ်။
ရှိတာနဲ့လောက်အောင်သုံးတယ်။ဘယ်တော့မှ လည်း လိုတယ်လို့ မပြောတော့ဘူး။အဖိုးအဖွားမရှိကတည်းက... အမှန်က အားနာတာပါ.။
ဒါနဲ့ ကျောင်းကစာမေးပွဲဖြေပြီး အလုပ်တန်းလုပ်ခဲ့တယ်။
အိမ် မပြန်တော့ဘူး။
ခု ပြန်ရဦးမယ်... မိဘ မောင်နှမတွေနဲ့ တွေ့ရမှာမို့ ပျော်ပါတယ်ပဲပြောပါတော့...။ဒါပေမယ့် ငယ်ကတည်းက နေလာတဲ့ အိမ်ကလေးမှာ ဘယ်သူမှ မရှိတော့ဘူးလေ။
ဖွားဖွား လည်းမရှိတော့ဘူး။တွေးမိတိုင်း ရင်မှာ မွန်းကြပ်နေတယ်။ဒီရက်ပိုင်း အိမ်မက်တွေကလည်း စာကျက်မလာတဲ့ ကျွန်တော့်ကို စာမေးပွဲတွေချည်း လွှတ်ဖြေခိုင်းနေတာပါပဲဗျာ...။တစ်ခုတော့ ကျေနပ်တယ်... အိမ်မက်ထဲမှာ စာကျက်မလာဘဲ စာမေးပွဲဖြေနေရပေမယ့် ကျွန်တော့ အဖွားက အခန်းရှေ့မှာ လာစောင့်နေတယ်။ကျွန်တော်ကြိုက်တဲ့ စတော်ဘယ်ရီသီးတွေကို ဖျော်ထားတဲ့ ခွက်လေးကို ကိုင်ပြီး စောင့်နေတယ်။ပြီး စာမေးပွဲပြီးတာနဲ့ ကျွန်တော်ကို ရုပ်ရှင်တစ်နှစ်တစ်ခါ သာ လိုက်ပြတတ်တဲ့ ကျွန်တော့်အဒေါ် နှမြောချွဲ အပျိုကြီးကလည်း ကျောင်းတံခါးရှေ့မှာ စောင့်နေတယ်။စာမေးပွဲတွေ ကျွန်တော်ဖြေနေဆဲပါပဲ... သေချာတာကတော့ ဘ၀က စာမေးပွဲဖြေရတာလောက်တော့ မက်စရာ သိပ်မရှိဘူးဗျ။ အဖွားနဲ့နေချင်သေးတယ်။သူစောင့်နေမယ်ဆို..ကျွန်တော် စာမေးပွဲတွေ ဖြေချင်သေးတယ်။သူလိမ်းပေးတဲ့ သနပ်ခါးဘဲကြား လိမ်းခံချင်သေးတယ်။
လမ်းရောက်မှ သူမသိအောင် အရင် လို မဖျက်ပစ်ချင်တော့ပါဘူး။သူမသိအောင် ၀တ္ထုတွေ ခိုးဖတ်ချင်သေးတယ်။ သူ ဘုရားရှိခိုးနေတုန်းမှာ ယပ်ခပ်ပြီး ပေးချင်သေးတယ်။သူပြောပြတတ်တဲ့ သူ့ငယ်ဘ၀ကို နားထောင်ချင်သေးတယ်။သူနဲ့အတူ ဗုဒ္ဓဟူးနေ့တိုင်း မြန်မာ့အသံက အငြိမ့်တွေ ကြည့်ချင်သေးတယ်။ညတိုင်း သူ့ကိုကန်တော့ပြီးချွဲချင်သေးတယ်...ဘယ်တော့မှ ပြန်မရနိုင်တော့ပေမယ့်....ရင်မှာ တမ်းတနေတုန်းပါပဲ....

Monday, December 28, 2009

မုန့်တီလာစားပါ...



အင်း ပြောချင်တာတွေက အများကြီးပါပဲ။ဘယ်က စပြီးပြောရမယ်မှန်းသာ မသိလို့သာလေ..။အော်... ဒီဘလော့နဲ့ပတ်သတ်ပြီး သူငယ်ချင်းက ပြောတယ်။သူများအတွက် လုပ်တာလား... ကိုယ့်အတွက်လုပ်တာလားတဲ့...
အစ ပထမ ကြောင်သွားတယ် သူ့မေးခွန်းကို ဖြေဖို့ ကျွန်တော်မှာ ဖြေစရာမရှိခဲ့ဘူး။မှန်တာတစ်ခုက ကျွန်တော် နေရာတစ်ခု ဖန်တီးလိုက်ရုံပါပဲ..အဲ့ဒီနေရာလေးမှာ ကျွန်တော် လာနားမယ်...လုပ်ချင်တာလေးတွေလုပ်မယ်..
ပြောချင်တာတွေပြောခဲ့မယ်ပေါ့...လုပ်ရင်းကနေမှ သူများတွေအတွက်ဆိုပြီး တွေးမိသွားတာမျိုးပါ..ကျွန်တော်က စာရေးဆရာတစ်ယောက်မဟုတ်လို့ ရေးသမျှမှာ အပြစ်တွေရှိနေပါတယ်။
ပြောချင်ရာကိုပဲ ပြောနေလို့ သူများတွေအတွက် အဆီငေါ်တည့်ချင်မှ တည့်လိမ့်မယ်။ဒါပေမယ့် အားလုံးကိုတော့ တောင်းပန်ချင်ပါတယ်...ဆက်လက်ပြီး အားပေးဖို့ပါ...ဒါနဲ့ ရုံးပိတ်ရက်မှာ လုပ်စားဖြစ်တဲ့ ရခိုင်မုန့်တီ ကို တည်ခင်းပါတယ်...အားပေးသွားကြပါ...ကောင်းပါတယ်...စားလို့...:)
ငရုတ်သီးတော့စပ်တယ်နော်... :P

Saturday, December 26, 2009

Wednesday, December 23, 2009

ငွေစန္ဒာဆီကို ရောက်ဖို့...

ဒီသီချင်းလေးက သူငယ်ချင်းတစ်ယောက်က ပေးတာပါ။နားထောင်တိုင်း ဒီသီချင်းစာသားတွေနဲ့ထပ်တူ ခံစားမိပါတယ်။ကြာတော့ကြာခဲ့ပါပြီ သီချင်းလေးပြောပါတယ်။လာလည်သူတွေထဲက ရင်ခုန်သံချင်းတူသူတွေလည်း ငွေစန္ဒာဆီ အရောက်သွားနိုင်ကြပါစေ...

Crazy eye-opener for ordinary watermelon











Crazy eye-opener for ordinary watermelon can actually cut like this!
:))




Tuesday, December 22, 2009

Alicia Keys ရဲ့ No One သီချင်းလေးနဲ့အတူ အခုချိန်မှာ ကျွန်တော် အကြိုက်ဆုံး ဇာတ်လမ်းဖြစ်တဲ့
New Moon ကို movie လေးတစ်ခုအဖြစ် တင်ချင်ပါတယ်။
ဒီဇာတ်လမ်းလေးကို အရမ်းကြိုက်မိပါတယ်။ကြည့်တိုင်းလည်း အရမ်းခံစားမိပါတယ်။သူများအတွက် ဘာမှ မဟုတ်တာလေးတွေကိုလည်း အရမ်းခံစားတတ်လွန်းလို့ နှလုံးက ဦးနှောက်ထက် ကြီးတယ်တဲ့။တစ်ယောက်သော ကျွန်တော့်လူကတော့ ပြောပါတယ်။မတတ်နိုင်ပါဘူးလေ။လက်နက်တွေထဲမှာ စကားလုံးတွေကို လည်းအကြောက်ဆုံးပါပဲ။ထိရှလွယ်လွန်းလို့ပါ။ဘာရယ်မဟုတ်ပါဘူး။
ခံစားမိတာလေးကို ထိန်းမထားတတ်လို့ ဒီmovie လေးလုပ်ပြီး ဒီပို့စ်လေးကို တင်ပါတယ်။အပျင်းတော့ပြေမှာပါ။ရောက်လာသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ပျော်ရွှင်ကြပါစေ။

Monday, December 21, 2009

ကလေးဘဝ

လောကကြီးမှာ ကျွန်တော်တို့တွေ ဘယ်တော့မှ နှစ်ခါပြန်မရနိုင်တဲ့ အရာတွေထဲက ကလေးဘ၀ကို လွမ်းမိလို့ ဒီပို့စ်ကို တင်ပါတယ်။ခုလက်ရှိမှာ ကျွန်တော်တို့တွေ ကြုံနေရတဲ့ဘ၀တွေက မတူကြပေမယ့် ကလေးဘ၀ကို ပြန်မရနိုင်တော့လို့ လွမ်းမိတဲ့စိတ်က ဒီသီချင်းစာသားတွေနဲ့တော့ ထပ်တူ ကျနိုင်ကောင်းပါတယ်နော်။ကျွန်တော်ကတော့ အဘိုး အဘွားတွေကို လွမ်းမိတယ်။ပြန်မရနိုင်တော့ပါဘူးလေ။ကျွန်တော်တို့ အတူတူ ဒီသီချင်းစာသားတွေနဲ့စီးမျောကြရအောင်။အများကြီးမရည်ရွယ်ပါဘူး။
အပျင်းပြေရုံ ၊ အမောပြေရုံလေးတော့ရှိတယ်ဆိုရင်ပဲ ကျွန်တော်
ဒီmovieလေးဖန်တီးရကျိုးနပ်ပါပြီ။အားလုံးကိုကျေးဇူးတင်ပါတယ်။
ပျော်ရွှင်ကြပါစေနော်။

Sunday, December 20, 2009

ကြိုက်တဲ့စာအုပ်ကို ဒေါင်းပြီးသာ ဖတ်ကြပါတော့..

  • အောင်ဆန်းပေးသောမြန်မာပြည်

  • ဒဂုန်တာရာ၏အောင်ဆန်းအရိုင်:

  • (ဗိုလ်ချုပ်)ငါတို.ဗိုလ်ချုပ်ဘာတွေလုပ်ခဲ.သလဲ

  • ဗိုလိချုပ်အောင်ဆန်း၏ကိုယ်တိုင်ရေးဘ၀အကြောင်း

  • ဗိုလ်ချုပ်အောင်ဆန်းအမွိုင်သို.လျှိုဝှက်ခရီး

  • ဗိုလ်ချုပ်ကိုဘယ်သူသတ်ခဲ.တာလဲ

  • ကျော်ငြိမ်းရဲဘော်သုံးကျိပ်

  • ဂျာနယ်ကျော်မမလေး၏သွေး

  • တက္ကသိုလ်ဘုန်းနိုင်၏ညီမလေးရယ်စိုးရိမ်တယ်

  • ဒဂုန်ရွှေများ၏သင်္ဘောပျက်ခရီးသည်ခုနှစ်ယောက်

  • ဒဂုန်ရွှေမျှား၏ကမ္ဘာကိုကိုင်လှုပ်သူများ

  • ဒဂုန်ရွှေမျှား၏ငယ်ကချစ်အနှစ်တစ်ရာနှင်.အခြားဝတ္ထုတိုများ

  • ဒဂုန်ရွှေမျှား၏စောရသက်ပြင်းနှင်.အခြားဝတ္ထုတိုများ

  • ဒဂုန်ရွှေမျှား၏ထောင်မင်းသားဦးဘိုးထော်

  • ပါရဂူ၏သူတို.အမြင်သူတို.အတွေး

  • မင်းသုဝဏ်မြန်မာစာမြန်မာမှု

  • မိုးမိုးအင်းလျား၏ပျောက်သောလမ်းမှစမ်းတ၀ါးဝါး

  • ရဲမြလွင်ရဲ.မြန်မာစောင်း

  • ဦးဖိုးကျား၏သီပေါမင်းပါတော်မူအရေးတော်ပုံ

  • ကျော်ဝင်း၏တော်ဖလာနှင်.စကားစမြည်

  • ဆွေမင်း(ဓနုဖြု)ဘ၀တစ်ခုအမှတ်တရ

  • တော်ဘုရားကလေး(အောင်ဇေ)ရတနာပုံမှရတနာဂီရီသို.

  • ဒေါက်တာသန်းထွန်း၏ငါပြောချင်သမျှငါအကြောင်း

  • မောင်ထင်၏ကိုဒေါင်းတ္ထုတိုများ

  • LEARNING CSS 2

  • POWER POINT 2002

  • LEARNING CSS1

  • HARDWARE AND NETWORK 2

  • VISUAL BASIC 6.0

  • VB 6 TUTORIALS

  • GTALKနှင်.ပတ်သတ်သမျှ

  • COMPUTER HARDWARE(MYO THU RA)

  • မူလစာမျက်နှာသို့

  • HARDWARE (U ZAW LIN

  • ကွန်ပျူတာတပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း

  • COMPUTER DICTIONARY EBOOK

  • 3D STUDIO MAX (MM VERSION)

  • ဗီဒီယိုကွန်ယက်ဖြင့်ဆွေးနွေးခြင်းစနစ်

  • အိမ်နှင့်ရုံးသုံးကွန်ယက်အငယ်စား

  • အခြားစက်များ၏ ဆောင်ရွက်ပုံကို ကြည့်ရှု၍ ၀င်ရောက်ခြယ်လှယ်ကူညီခြင်း

  • ပြုပြင်ပြောင်းလဲရေးသားရန်လွယ်ကူသည့်ဝက်ဆိုဒ်ဖန်တီးခြင်း

  • ဒီစာအုပ်စင် ဖြစ်မြောက်အောင် အဖက်ဖက်က ကူညီပေးတဲ့ မောင်လေးတစ်ဦးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

    Friday, December 18, 2009

    Thursday, December 17, 2009

    ညီမလေးရေ...


    မိုးတွေသည်းနေတဲ့တစ်နေ့...
    ကျွန်တော် အိမ်ကို ပြန်လာတယ်...
    အိမ်မှာ ဘယ်သူမှ မရှိဘူး။ခနနေမှ အမေနဲ့ညီမလေး ပြန်လာတယ်။ဘေးအိမ်ကနေ ဖုန်းနားထောင်ပြီး ပြန်လာကြတယ်ထင်တယ်။
    အမေက အထုပ်အပိုးတွေ ပြင်နေတယ်။ညီမလေးက ငိုနေတယ်...ဘာတွေဖြစ်နေကြတာလဲ..။ကျွန်တော်မေးတာကို မဖြေကြဘူး။
    အဲ့လိုပဲ သူတို့တွေက ကျွန်တော်ကို ဆို အရက် သမားဆိုပြီး လူရာမလုပ်ချင်ကြဘူး။
    ကျွန်တော်လည်း စိတ်ညစ်တာနဲ့ အိမ်ရှေ့ ကွပ်ပျစ်ပေါ်မှာ သွားထိုင်နေမိတယ်...
    ညီမလေး ဘာလို့ငိုနေတာလဲ...အဲ့ဒီညီမလေးပေါ့..သူငယ်ငယ်တုန်းကဆို သနပ်ခါးအ၀ါမှ လိမ်းချင်တာဆိုပြီး ပူဆာလို့ ကျွန်တော်မှာ အမေ့ ပေါင်ဒါမှုန့် အ၀ါလေးတွေကို သူမသိအောင် သနပ်ခါးထဲထည့်သွေးပေးခဲ့ရဖူးတယ်..။အဲ့ဒီကလေးလေးက လူရည် ကိုလည်တာပါ။စာလည်း တော်တယ်။သူကြောင့် အမေတို့ ပျော်ခဲ့ရတယ်။ကျွန်တော်ကတော့ ဒီလိုပါပဲ ...ဘာကို မကျေနပ်မှန်းလည်း မသိဘူး။ကျောင်းစာကို ၁၀တန်းနှစ်မှာပဲ စိတ်ကုန်သွားတယ်.။ကျွန်တော်စိတ်ထဲမှာ အမှန်တွေ မဟုတ်ဘူးဆိုပြီး ဘာမှ မလုပ်ချင်တော့ဘူး။အဖေကတော့ အိမ်က ကို နှင်ချဖူးတယ်။အမေ့ကြောင့် ပြန် ၀င်လို့ရတာလေ။ကျွန်တော့်ညီမလေး ကို ကျွန်တော် လေးတန်းနှစ်မှာ ပထမဆုံး ယုန်ပုံလေး ဆွဲပြဖူးတယ်။သူ့ကို ဆွဲတတ်အောင် သင်ပေးရတာ မလွယ်ဘူး။သူဆွဲတာ မတူလို့တဲ့ ငိုလိုက်တာဗျာ..။အငိုတိတ်အောင် ရွှေယုန်နဲ့ ရွှေကျား သက်ကယ်ရိတ်သွား ပုံပြင်လေးကို ပြောရင်း ညီမလေး ကို ချော့ရတယ်။ညီမလေးကို ယုန်လေးလို ဖြူစင်စေချင်တယ်။သူများလိမ်တာ မခံရအောင်လည်း ပြောပြ သင်ပေးဖူးတယ်။ညီမလေး မှတ်မိနိုင်မှာပါ...။ငယ်ငယ်ကတည်းက ကျွန်တော် ညီမလေးအတွက် ဘာမှ လုပ်မပေးရသေးဘူး။ဒီတစ်ခေါက် တောင်ကြီးကပြန်လာရင်တော့ တက္ကသိုလ်တက်မယ့် သူ့အတွက် လက်ပတ်နာရီလေးပေးဖို့ ၀ယ်ထားတယ်။ဟာ...လက်ပတ်နာရီဆိုမှ သတိရတယ်..ကားပေါ်က ကျွန်တော် အိတ်ထဲမှာ ကျန်ခဲ့ပြီပဲ။ကားက တောင်ပေါ်မှာပဲ ရှိသေးတာပါ...ဘယ်လိုလုပ်...
    အဲ့ဒီအချိန်မှာပဲ...အမေအော်ငိုတဲ့ အသံကြားမိတယ်....ကျွန်တော်နံမည်ကို ခေါ်ပြီး အမျှဝေတယ်....။အားးးးးးးးးးးး ဘာတွေဖြစ်ကုန်ပြီလဲ..။အိမ်ဘေးက လူတွေ လာပြီး အမေ့ကို ဖျောင်းဖြကြတယ်.။ခဏနေတော့ အမေနဲ့ ညီမလေး အထုပ်တွေနဲ့ ထွက်သွားကြတယ်။ ကျွန်တော် လည်းလိုက်ချင်တယ်။အမေ လို့ အကျယ်ကြီးခေါ်မိတယ် ထင်တယ်..အမေ့ မျက်လုံးတွေ..လိုက်ရှာနေတယ်။အမေ ပိုလို့ငိုနေတယ်။ကားဂိတ်ရောက်အောင် သွားနေတဲ့ ညီမလေးဘေးကနေ...လိုက်မိတယ်...။ညီမလေးရေ...ညီမလေးးးးးးးးးးးးးး
    ကျွန်တော် သေပြီတဲ့လားဗျာ...နေကြစမ်းပါဦး။ခုကားတစ်ခေါက် အဖေနဲ့အတူမောင်းပြီး ပြန်ဆင်းလာရင် အဖေ့ကို နားခိုင်းတော့မလို့ဗျ။ညီမလေးကျောင်းတက်တော့မှာ...ကျွန်တော်ကိုယ်တိုင် သူ့ကို ကျောင်းထားချင်သေးတယ်။အမေ...သားကို ခွင့်လွှတ်ပါ....အတွေးနဲ့အတူ ဘဘုန်းကို လည်းပြေးမြင်မိတယ်။ဘာကို မှ အယုံအကြည် မရှိတဲ့ ကျွန်တော် ကားမထွက်ခင် အမေနဲ့ အတူ ဘဘုန်းဆီလိုက်သွားမိပါတယ်။အမေ့ကွယ်ရာမှာ အရက်သောက်ပြီး ဖြစ်ချင်ရာ ဖြစ်မှာစိုးတဲ့စိတ်နဲ့ အမေနဲ့ ဘဘုန်းက အရက်နဲ့ ၀က်သားကို ဘဘုန်းဆီမှာ လှူခဲ့ရမယ်တဲ့ဗျာ...။အမေ စိတ်ချမ်းသာပြီးရောဆိုပြီး ကတိပေးမိတယ်။မပြီးသေးဘူးဗျာ...ဘဘုန်းက လည်း ထပ်ချုပ်တယ်။သစ္စာဆိုတဲ့။ကဲ ဒီလောက်ရှိတာ ... ပြန်သောက်မိရင် သွေးအန်သေပါစေဗျာလို့ ကျွန်တော်ပြောမိတယ်။အဲ့ဒီတုန်းကလည်း အမေငိုတယ်။တကယ်တော့ ဒါတွေက သက်ရောက်မှုတော့မဟုတ်ဘူးဗျ။ကျွန်တော် ကြောင့်ပဲ ကျွန်တော်သေတာပါပဲလေ။ဒီရက်ပိုင်း မိုးကသည်းတော့ တောင်ပေါ်မရောက်ခင် လမ်းမှာ ခရီးဆက်လို့မရတာနဲ့ ကားတွေ တန်းစီပြီး ရပ်ထားရတယ်။လမ်းမှာ အဖေနဲ့စကားများတယ်။အဖေကကျွန်တော်ကိုနားမလည်ဘူးဗျာ..ဒီကားအုံနာရဲ့
    သား(ကျွန်တော်နဲ့အတန်းတက်တုန်းကကျွန်တော့အောက်အဆင့်အမြဲနိမ့်တဲ့)
    သူကတောင် ဘွဲ့ရလို့ မိဘလုပ်ငန်းကို လုပ်နိုင်နေပြီ။ကျွန်တော်က ခုထိ ဘာမှမလုပ်ဘဲ မိဘကို စိတ်ဒုက္ခပေးတယ်တဲ့။ခု ကျွန်တော် ကားလိုက်တာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပါ။
    အရွဲ့တိုက်ချင်တဲ့စိတ်က ပေါ်လာတယ်။ဒေါသနဲ့အတူ ကားစပယ်ယာလေးကို ခေါ်ပြီး ထမင်းသွားစားတယ်။မိုးအေးအေးနဲ့ စားလို့ကောင်းလိုက်တာဗျာ...၀က်သားဟင်းနဲ့ ထမင်း သုံးပန်းကန်တောင် စားပစ်လိုက်တယ်။ပြီး နှစ်ယောက်သား အရက်သောက်ဖြစ်ကြတယ်။ညရောက်တော့ လည်း ဘာရယ်မဟုတ်ပါဘူး။ထွေထွေနဲ့ အဖေ့ကို ရွဲ့ပြီး ကားအောက် ကတ္တရာလမ်းပေါ်မှာ အိပ်ပစ်လိုက်တယ်။ဘာမှ မသိတော့ဘူး။အဖေ့ အသံကိုတော့ ကြားမိပါတယ်။ဘာမှ မသိတော့ဘူး။အရမ်းပူနေတာပဲသိတယ်ဗျာ။ကားစပယ်ယာလေးအသံကိုလည်း ကြားပါတယ်။ဦး...သွေးတွေ အစိမ်းရောင်တွေ..တဲ့။နောက်တော့ အဖေ ကျွန်တော်ကို ထမ်းပြီးပြေးတယ်ထင်တယ်။ကျွန်တော်ပြောတယ် အဖေ သားကိုယ်ဟာကို လျှောက်မယ်ဆိုတာ အဖေမကြားဘူးထင်တယ်။ကျွန်တော်စိတ်ထဲမှာ အဲတော့မှ ငယ်ငယ်က အဖေနဲ့ ပွဲဈေးအသွား အဖေ့ပခုံးပေါ်က လိုက်လာတဲ့ဟာကို အမှတ်ရပြီးငိုလိုက်ရတာလေ။
    ခုတော့ ကျွန်တော် မရှိတော့ဘူးတဲ့ သေချာသွားပြီပေါ့ဗျာ...ကိုယ့်ကို ကိုယ်တော့ မသနားပါဘူး။ညီမလေးရေ..ယုန်ပုံလေးဆွဲပေးချင်သေးတယ်..သနပ်ခါး ၀ါဝါလေးတွေ သွေးပေးချင်သေးတယ်။အမေ့အတွက် လိမ်မာချင်သေးတယ်..အဖေကို ငါတလှည့် ချီချင်သေးတယ်။ပြန်ပေးပါ...တစ်ခါလောက်ပဲ ကျွန်တော့်ကို ခွင့်ပေးပါ..လောကကြီးရေ...ညီမလေးအတွက် ယုန်ပုံလေးဆွဲချင်သေးတယ်...အဖေကို မမှာခဲ့ရဘူး...ကျွန်တော့်ညီမလေး အတွက် နာရီလေး အိတ်ထဲမှာရှိနေတာ...။ ။
    (လောကကြီးမှာ မရှိတော့တာ လေးနှစ်ရှိပြီဖြစ်တဲ့လူတစ်ယောက်အတွက် အမှတ်တရ အဖြစ် ဒီပို့စ်ကို တင်ပါတယ်။ဝေမျှခံစားပေးသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်)

    ချစ်တဲ့

    ✎❑уaйaит cно❒ ヅ








    "စိတ်မှာမှတ်သားရတဲ့ အရာလေး " သူငယ်ချင်းတို့ရေ...
    ဒီစာလေး ဖတ်ပေးပါအုံး.... သိပ်ကောင်းတဲ့ စာလေးပါ.... ဒီစာလေးဖတ်ပြီး
    ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်..............ဒီစာလေးကို ကျေးဇူးပြုပြီးဆုံးအောင်ဖတ်ပေးပါ.........ကျွန်တော့် ကို သူငယ်ချင်း ကပို့ပေးလို့ ပြန်ဝေမျှလိုက်ပါတယ်
    ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
    အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။
    အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။ ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကိုထိန်းနိုင်သွားပြီဗျ..
    အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။
    သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။ အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေ ထင်ကျန်ရစ်ခဲ့တတ်တယ် သားရယ်။အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။ ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။ သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။ကိုယ့်မိတ်ဆွေသူ
    ငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်း ပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။
    ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။ ရေးတဲ့သူက ဆရာအတ္တကျော်ပါ။အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်..... ။
    (forward mail ထဲကရတာလေးကို ပြန်ပြီးမျှဝေလိုက်ပါတယ်...မိတ်ဆွေစစ် တွေ များများရနိုင်ကြပါစေ)...

    Tuesday, December 15, 2009

    အညာဒေသက မြို့လေး...












    အဲ့ဒီနေရာလေးပေါ့...မြန်မာပြည် အလယ်ပိုင်းဒေသက စကားဝါမြေလေ ...ထန်းပင်တွေ အများကြီးရှိတယ်။ငါတို့မြို့လေးပေါ့...အဲ့ဒီမှာ စကားဝါတွေ လှိုင်နေအောင်ပွင့်တဲ့ ပုပ္ပါးတောင် လည်း ရှိတယ်။ပုပ္ပါးတောင်က မီးငြိမ်းတောင် တစ်ခုပေါ့။ဒါပေမယ့် ခုတော့ သူက မာနတွေခ၀ါချထားတဲ့ စကားတွေလှိုင်အောင်ပွင့်တတ်တဲ့ တောင်တစ်ခုအဖြစ် အေးချမ်းနေပြီလေ...။တောင်ခြေရောက်ပြီဆိုကတည်းက သူ့ဆီက ရတတ်တဲ့ အဲ့ဒီ စကားနံ့က ဘယ်နေရာနဲ့မှ မတူစေတဲ့ မူပိုင်ရနံ့လေးပေါ့။ဒွေးပြောသလိုပြောရရင် ကျွန်တော်ကတော့ ကမ္ဘာကျော်တန်ဖိုးကြီး ရနံ့တွေနဲ့ မလဲနိုင်ဘူးလို့ပြောမိမှာပါ...။တောင်ကျရေထွက်ပေါက်က သေးပေမယ့် တစ်မြို့လုံးကို လောက်ငှစေပါတယ်။ဘာသာရေးလည်း ထွန်းကားတဲ့မြို့လေးပါပဲ။အဲ့ဒီမြို့လေးမှာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းကလွဲလို့ တခြားဘာသာကွဲ တစ်ခုမှ သက်ရောက်မှုမရှိတဲ့မြို့လေးပါ...အဲ့ဒီလိုဖြစ်ဖို့ မြို့နေလူ၊ဘုန်းကြီးတွေညီညီညာညာနဲ့တွန်းလှန်ခဲ့ရတာပါ...ကျွန်တော်ဖေဖေကိုယ်တိုင် လည်း သူ့ဘ၀ရဲ့ အချိန်ကာလနှစ် နှစ်ကို ပေးဆပ်ခဲ့ရပါတယ်...အဲ့ဒီရက်တွေမှာ ကျွန်တော်တို့မိသားစုလေး တော်တော်ဒုက္ခရောက်တဲ့နေ့တွေပါပဲ။ခုချိန်မှာ တွေးကြည့်တိုင်း မေမေ့ကို လေးစားမိပါတယ်...အချိန်ပြည့် ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ အဲ့ဒီကာလတွေကိုကျော်ဖြတ်နိုင်ခဲ့တယ်...။ကျွန်တော်တို့စိတ်ဓာတ်တွေ..အသိဥာဏ်တွေ ယိုင်လဲမသွားအောင်လမ်းပြပြီးအိမ်ရဲ့စီးပွားရေးကိုလည်းထိန်းထားနိုင်ခဲ့တယ်။အချိန်တွေကို အသာလေးသူကျော်ဖြတ်စေခဲ့တယ်။သောကြာနေ့တွေဆို ကျွန်တော်ပျော်တယ်။ဖေဖေ့ဆီ စာရေးရလို့။ဆယ်တန်းတက်မယ့်နှစ်မှာ ကျွန်တော်ဖေဖေပြန်ရောက်လာခဲ့တယ်။အားးးးးးးး အပျော်ဆုံးပါပဲ...ဘ၀မှာ အားတွေရှိလိုက်တာ။ပြောချင်တာ လမ်းပြောင်းသွားတော့မယ်။အင်း အဲ့ဒီလိုမျိုး မြို့ခံလူတော်တော်များများဘ၀တွေနဲ့ရင်းလိုက်ရတာထိုက်တန်ပါတယ်။ကျွန်တောတို့်မြို့လေးဟာ ဒီနေ့ထိ သာသနာအသန့်ရှင်းဆုံးမြေလေးဖြစ်ခဲ့တယ်။ဘလော့ဂါ မိုးလှိုင်ည ကဗျာထဲကလိုပဲ..မြို့လေးကို ကျောခိုင်းခဲ့ပေမယ့် မြို့ချစ်စိတ်ကို ကျောခိုင်းခဲ့တာ မဟုတ်ပါဘူး။အချိန်တန်ရင် ကျွန်တော်ပြန်မှာပါ...အဲ့ဒီမြို့လေးမှာ ကျွန်တော့မိဘရှိတယ်...သူငယ်ချင်းတွေ...မောင်နှမတွေရှိတယ်။ကျွန်တော်ချစ်တဲ့ စကားပန်းတွေရှိတယ်..ကျောင်းသွားတိုင်း ငေးခဲ့ရတဲ့ ပုပ္ပါးတောင်ကြီးရှိတယ်...။ကျွန်တော့အဘိုးနဲ့အဘွားတွေ မြို့လေးမှာပဲ ခေါင်းချခဲ့ကြတယ်။ကျွန်တော်လည်း မှာခဲ့မှာပဲ...သူ့ကို...ကျွန်တော်သေရင် မြို့လေးမှာပဲ သေချင်တယ်လို့..။အခွင့်ကြုံလာခဲ့ရင် မြို့လေးကိုဖေဖေ့ လိုမျိုး ကာကွယ်သွားချင်ပါသေးတယ်..နေရာအသီးသီးကိုရောက်နေကြတဲ့ မြို့လေးက သူငယ်ချင်းတွေလည်း ကြိုးစားနေကြတယ်။အဲ့ဒီစိတ်က မြို့လေးကိုချစ်တဲ့ ကျွန်တော်တို့ မြို့ခံလူထုစိတ်ပါပဲ။တစ်နေ့ အရောက်ပြန်လာမှာပါ...ကျွန်တော်အပေါ် မပြောင်းလဲတဲ့နွေးထွေးမှုတွေနဲ့ အဖေနဲ့အမေ ရယ် ပုပ္ပါးတောင်ရယ် နဲ့အတူ မြို့လေးက ဆီးကြိုနေလိမ့်မယ်...။

    Lioness Jealous







    မနာလိုဝန်တိုစိတ်တွေက အရမ်းပူလောင်ပါတယ်။ ကိုယ့်မှာ ဖြစ်မလာနိုင်တဲ့အရာတွေ သူများမှာ ပိုင်ဆိုင်နေရင် ကိုယ်ပိုင်တဲ့ အရာတိုင်းလည်း သူမပိုင်နိုင်ပါဘူးဆိုတာတွေးမိစေချင်တယ်။
    လူအချင်းချင်း ၀န်တိုစိတ်ကင်းဝေးကြပါစေ။။























    The vicinity of an estrous lioness gave out a call to the male lion, which makes the male lion lioness companion very angry, it tries to prevent the male lion close to Wang Dan's light lioness, lioness and even the male lion with claws to grasp the tongue.


    But the male lion lioness does not care about the madness that it skipped a river apart, Wang Dan to find the lioness in heat. Angry lioness roar, the male lion's hair had been blown up.

    Reveal the male lion look contrite, but it is a moment after the run to the other end of the lioness.




    B


    To be or not to be?

    I think, therefore I am, you see.

    Just sittin' in this tree, happy as can be.

    I think, therefore I am, you see.

    Two bees or not two bees?

    A question for both you and me.

    Two bees up in the sky.

    Tow bees go buzzin' by.

    Two bees or not two bees?

    Saturday, December 12, 2009

    G.T.C ကျောင်းသီချင်း

    ဒို့ကျောင်းသီချင်း
    G.T.Cအမိတက္ကသိုလ်ကျောင်းတော်
    လောကရဲ့အလှနတ်သမီး....
    ကြည်လင်ရှင်းသန့်တဲ့ကောင်းကင်တစ်ခုလိုအာရုံမှာနေ့သစ်တွေတည်
    ဒို့အားလုံးရဲ့ အနာဂတ်သစ်အတွက်ရောက်ရှိခဲ့တယ်..ဒီနယ်မြေ...
    ခန်းနားလှပတဲ့ကျောင်းဆောင်ကြီးတွေ..
    စိမ်းလန်းတဲ့ဝါပင်တန်းတွေ..အညာမြေအလှနဲ့အမိတက္ကသိုလ်....
    လွမ်းစရာ...ရင်မှာ...မေ့မရတော့ပြီ.....။
    (တိုင်းရင်းသားတို့ ညီအစ်ကိုမောင်နှမတွေကျောင်းကြီးရဲ့ အရိပ်အောက်မှာ..ပညာသင်ရင်းနဲ့ ရင်းနီးခဲ့လို့
    ရင်မှာ အပြုံးလေးများစီးဆင်းခဲ့ပြီ...
    နိုင်ငံအတွက် မျိုးဆက်သစ်တွေ မွေးဖွားခဲ့သူ
    အမိတက္ကသိုလ်မြေ....
    အနွေးထွေးဆုံး ဒို့ရဲ့ G.T.C...)
    တေးရေး...ဇော်ထွန်းအောင် (ဖက်တော နှင့် ယောက်ဖ တို့တစ်စု)
    ကျောင်းကိုလွမ်းတဲ့စိတ်နဲ့ ဒီပို့စ်ကို တင်ဖြစ်ပါတယ်...ဂစ်တာမတီးတတ်သဖြင့် ကော့ဒ် များမတင်ရပါ..သူငယ်ချင်းများနှင့် တွေ့လျှင် တင်ပေးပါမည်။ကြုံရင်လည်း တီးလုံးမပါဘဲကျွန်တော်ကိုယ်တိုင်ဆိုပြီးတင်ပေးပါဦးမည်...
    ကြားချင်...နားဆင်ဖို့..မျှော်....
    (ဟေဟေး နိပ်သဟ...ပျော်လိုက်တာ သီချင်းဆိုရတော့မယ်) :))

    Friday, December 11, 2009

    ဒီနေ့ ရုံးမှာ အလုပ်ပါးပါတယ်...ခရစ်စမတ် အတွက် သူတို့ပြင်နေကြပါပြီ...ခရစ်စမတ် လက်ဆောင်လဲတဲ့ပွဲက နှစ်စဉ် ဒီဇင်ဘာ၂၄ ရက်နေ့ပါ..လူတိုင်းမဲကြိုနှိုက်ထားရပါတယ်..ကိုယ်ပေးရမယ့်လူနံမည်ကိုပါ.။ အဲ့ဒီမှာမှ စင်္ကာံပူဒေါ်လာ ၁၀ဖိုးနဲ့အထက် ကြိုက်ရာပစ္စည်းဝယ်ပြီး Reb Club အဖွဲ့ကိုပွဲရက်မတိုင်ခင်မှာ ပေးထားရတယ်..အဲ့ဒီနေ့ကိုရောက်ရင်တော့ လက်ဆောင်တွေ လဲကြရပါတယ်။ပျော်ဖို့တော့ကောင်းပါတယ်။ဘယ်သူတွေဘာရလဲဆိုတာကြည့်ပြီး သဘောကျဖို့ကောင်းပါတယ်။ဘာလိုလိုနဲ့ ဒီကိုရောက်တာ ၁နှစ်ကျော်သွားပါပြီ။မနှစ်က ဒီအချိန်သူတို့တွေ အဲ့လိုလုပ်နေတာကို မျက်စိလေးကလည်ကလည်နဲ့ပဲ ငေးနေရတာပါ။ပြောတဲ့ သူတို့တရုတ် သံနဲ့ စကားတွေက ငပိသံနဲ့ပြောတဲ့ စကားတွေနားထောင်နေကြဆိုတော့ တော်တော်နဲ့ အသားမကျပါဘူး။ဘေးနားမှာပြောနေလည်း ကိုယ့်ကိုပြောတာမဟုတ်ရင် နားထဲမရောက်ပါဘူး။အဲ့လိုတော်တာပြောချင်လို့ ..:P လမ်းတွေမှာလည်း သစ်ပင်တိုင်းမှာ...မီးတွေအလှဆင်ထားပါပြီ..နေရာတိုင်းနီးပါးမှာ ခရစ်စမတ် သစ်ပင်တွေကို အလှပြပြင်ဆင်ထားပါပြီ...။ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံသားတွေကတော့ ဒီအချိန်ဆို အတော်ပျော်ကြတာပါ..ကလေးတွေလည်းကျောင်းတွေပိတ်တော့ သွားချင်ရင်သွားကြ၊ ခွင့်တွေယူကြနဲ့ အလုပ်သိပ်မလုပ်ချင်ကြတော့ပါ...

    အကြံပြုစာ

    (forward mail ထဲကရတာလေးတွေကို ပြန်ပို့စ်တင်ပါတယ်)
    ပညာရေး ဆိုင်ရာ အကြံပေး ဆွေးနွေး သုံးသပ်ချက်များ
    စာဖတ်သူတဦးထံမှ အကြံပြုစာ
    "ကျွန်တော်တို့ တိုင်းပြည်မှာ အင်ဂျင်နီယာတွေ၊ Scientists တွေ၊ရူပဗေဒပညာရှင်တွေ ပိုလိုအပ်နေပါတယ်။ ဒါပေမယ့်ဆရာဝန်တွေသာဖြစ်ချင်တဲ့သူများနေတာတော့ ၀မ်းနည်းစရာပါ။ စာတော်ရင် ဆရာဝန်ဖြစ်ရမယ် ဆိုတဲ့ အယူအဆ မှားကြီးကလည်းလူတိုင်းမှာရှိနေတာတော့ မကောင်းဘူးဗျာ။ အရည်အချင်းရှိတဲ့ ပညာရှင်တွေပေါ်ထွက်လာကြပါစေဗျာ။
    ဒီလို မေးတွေပို့မဲ့အစား လူတွေကို ပညာပေးနိုင်တဲ့မေးလ် မျိုးပို့ကြပါလား။"
    Serious Thinking မှ ပြန်ကြားချက်
    အကြံပေးတာ ကျေးဇူးတင်ပါတယ်။ ပညာပေးနဲ့ ပတ်သက်ပြီး မြန်မာပြည်သူအများစုအကျိုးရှိမယ့် ဘယ်လို အကြောင်းအရာမျိုး ပို့သင့်တယ် ဆိုတာအကြံပေးစေချင်ပါတယ်။ ကြိုးစားပြီးတင်ပြသွားပါ့မယ်။ အချိန်အခက်အခဲကြောင့် လူနည်းစုဘဲ အကျိုးရှိမယ့်နည်းပညာပိုင်းဆိုင်ရာမျိုးကိုတော့ မတင်ပြနိုင်တာ နားလည်ပေးစေချင်ပါတယ်။လူကြီးမင်းရဲ့ ယူဆချက်ဖြစ်တဲ့ ပညာရှင်တွေလိုအပ်နေတယ် ဆိုတာကို အားလုံးကသဘောတူကြမှာပါ။ စာတော်သူတိုင်း ဆရာဝန်သာဖြစ်ရမယ်ဆိုတဲ့ အယူအဆကိုလဲလူကြီးမင်းလိုဘဲ ကျွန်တော်တို့လဲ လက်မခံပါဘူး။ ဒါပေမယ့် ဒီပြဿနာနှစ်ခုစလုံးရဲ့ အရင်းအမြစ်ကိုတော့ တူးဆွကြည့်ဖို့လိုပါပြီ။ ပြီးရင်လဲ တိုင်းပြည်အတွက် ၀ိုင်းဝန်းအဖြေရှာကြဖို့ တိုက်တွန်းချင်ပါတယ်။ တိုင်းပြည်ကောင်းမှ အားလုံးသာတူညီမျှ ကောင်းစားကြမှာပါ။မြန်မာပြည်မှာ ဒီလိုပညာရှင်တွေ မရှိတာမဟုတ်ပါဘူး။ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမှာ ပြန့်ကျဲနေပါတယ်။အမေရိကန်ရဲ့နာမည်ကျော် CDC ဓါတ်ခွဲခန်း, ဆွစ်ဇလန် ဂျီနီဗာက WHOကမ္ဘာ့ကျန်းမာရေးအဖွဲ့ချူပ်၊ ကုလသမဂ္ဂရုံးချုပ်၊ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာပညာရှင်တွေ။ ....အာရှ၊ ဥရောပ၊ အမေရိက၊ သြစတြေးလျ တိုက်ကြီးတွေရဲ့ နိုင်ငံပေါင်းစုံမှာအောင်မြင်နေတဲ့ မြန်မာ ရူပဗေဒပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ၊ဓါတုဗေဒပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ တော်တော်များနေပါပြီ။ သူတို့ထဲမှာ အသက် ၇၀ ကျော် အရွယ် ကနေ မနေ့တနေ့က ကျောင်းဆင်းခဲ့တဲ့ပညာရှင်အထိ တွေ့ရပါတယ်။
    ဘာကြောင့်သူတို့ပြည်ပထွက်လာကြတာလဲ။ တိုင်းပြည်ကို မချစ်ဘူးလို့ ပစ်စလက်ခတ် မစွပ်စွဲလိုက်ပါနဲ့။ တိုင်းပြည်ကချစ်တာကို မခံရလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။
    တချို့က ပညာကို အာဏာလောက်၊ ဥစ္စာလောက် တန်ဖိုးထားမခံရဘူး။ ဆရာဝန်တယောက်၊ အင်ဂျင်နီယာတယောက်၊ စီးပွားရေးပညာရှင်တယောက်၊သိပ္ပံပညာရှင်တယောက်ဟာ မြန်မာပြည်မှာ ထိုက်တန်တဲ့ ချီးမြှင့်မှု၊ လေးစားမှု၊တန်ဖိုးထားမှု ရဖို့ခဲယဉ်းနေပါပြီ။တချို့က ရပ်ထဲကသာမန်လူအဆုံး ပညာရှင်တွေကို အကျင့်ပျက်လာဘ်စား (corrupt)တဲ့ ၀န်ထမ်းလောက်၊ အကောက်ခွန် ၀န်ထမ်းလောက်၊ ဓါတ်ဆီဆိုင် ၀န်ထမ်းလောက်အထင်မကြီးကြတော့ဘူး။ လူအများက ငွေနဲ့ အာဏာကိုပဲ ကြည့်ပြီးချီးမွမ်းအားကျနေကြတာ ၀မ်းနည်းစရာအဖြစ်မှန်ပါ။
    ပညာမတတ်တဲ့ လူလည်ဖျံကျ ၀ိသမသမားတွေက တိုက်ဆောက်ကားစီး ဘီယာသောက်နေတဲ့အချိန်မှာ တသက်လုံးကြိုးစားလာရတဲ့ ပညာရှင်တွေက ဘတ်စ်ကားတိုးစီးနေရတယ်။ တချိုလေးတွေဆို အစိုးရပေးတဲ့ တလ 5၀၀၀၀ နဲ့ မလောက်လို့ ညနေဘက်မှာပြေးပြီးငွေရှာနေရတယ်။ လုပ်သက်နှစ် ၂၀ လောက်ရှိတဲ့ ကျောင်းအုပ်ကြီးတဦးရဲ့လခဟာ မနေ့ကကျောင်းဆင်း တယောက်ရဲ့ လခထက် နည်းပါတယ်။ တခြားအခွင့်အရေးတွေကလည်း အပြတ်အသတ်ကွာပါတယ်။ ဒါတင်ပဲလား။ မပြီးသေးပါဘူး။
    လုပ်ငန်းခွင်ထဲမှာ ကြည့်ပါ။ အတွေ့အကြုံရင့် ပညာရှင်တွေက အောက်ပိုင်းရာထူး၊ ဒီပညာတွေကိုလုံးစေ့ပတ်စေ့ နားမလည်တဲ့ လူ...တွေက ထိပ်ပိုင်းနေရာတွေမှာ ။ ဒီပညာရှင်တွေရဲ့ အတတ်ပညာကိုလည်း အသုံးချဖို့ စီမံကိန်းတွေက မရှိ။ စီးပွားရေးစီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် တိုင်းပြည်စီးပွားရေးကလဲအရှိန်အဟုန်နဲ့ တရစပ်ထိုးကျနေပါတယ်။ ဒီတော့ ပညာရှင်တွေအတွက် ထိုက်တန်တဲ့ အလုပ်အကိုင်တွေကမရှိ။
    ဒီလောက်ဆိုရင် ပညာရှင်တွေလိုအပ်နေတယ်ဆိုတဲ့ ပထမပြဿနာရဲ့အရင်းအမြစ်ကိုမြင်နိုင်လောက်ပြီထင်ပါတယ်။
    လူကြီးမင်းရဲ့ ဒုတိယအချက်ကို ဆက်ဆွေးနွေးပါမယ်။
    စာတော်တဲ့သူတွေကို မိဘတွေက ဆရာဝန်အင်ဂျင်နီယာပဲ ဖြစ်စေချင်နေကြတယ်။ ဘာကြောင့်လဲ။ အဖြေက ရိုးရိုးလေးပါ။ လူတွေဟာ မိမိဘ၀တိုးတက်ဖြစ်ထွန်းချင်လို့ အပင်ပန်းခံ၊ငွေကုန်အချိန်ကုန်ခံပြီး ပညာသင်ကြတာပါ။ ကြိုးစားမှုအတွက် ဆုလာဘ်(Incentives) ကို လူတိုင်းလိုချင်ကြပါတယ်။ဆရာဝန်အင်ဂျင်နီယာပညာရပ်တွေနဲ့ ပြည်တွင်းမှာ အခြေအနေ မကောင်းရင်ပြည်ပမှာအလုပ်ရှာရလွယ်တယ်၊ ၀င်ငွေကောင်းတယ်။သင်ကြားရေးစနစ်ကို လည်းကြည့်ပါဦး။ လူကြီးမင်းပြောတဲ့ ရူပဗေဒ၊ ဓါတုဗေဒ၊ သိပ္ပံပညာရပ်တွေကိုစာရွက်ပေါ်မှာတောင် ကောင်းကောင်းသင်ဖို့ အခြေအနေမရှိတော့ပါဘူး။ဓါတ်ခွဲခန်းခေါ်တဲ့ Laboratory ဆိုတာအဝေးကြီးမှာကျန်နေခဲ့ပါပြီ။ ပို့ချမယ့်ဆရာအများစုလည်း ဘ၀ရှေ့ရေးအတွက် နိုင်ငံခြားထွက်ကုန်ကြပါပြီ။ ရှေ့ကပညာရှင်တွေ ရုန်းကန်နေရတာကို မြင်နေတဲ့ လူငယ်တွေကပညာတတ်ချင်စိတ်ပေါ်လာမလား၊ အကျင့်ပျက် လာဘ်စားချင်စိတ်ပေါ်လာမလား ......စဉ်းစားလို့ရပါတယ်။
    အရည်အချင်းရှိတဲ့ ပညာရှင်တွေပေါ်လာစေချင်ရင် သူတို့အတွက်ကောင်းမွန်သင့်တော်တဲ့ အသိုင်းအ၀ိုင်း (rewarding environment)ဖန်တီးဖို့လိုပါတယ်။ ပန်းမရှိတဲ့ ကန္တာရမှာ လိပ်ပြာလာနားမှာမဟုတ်ပါဘူး။
    စနစ်က အကြီးအကျယ်မှားနေပြီး၊ အများစုက အမှားကို နားမလည်တာဟာ အဓိကပြဿနာပါ။ဖြစ်သင့်တာကို သိကြပြီး ကိုယ့်အနီးအနားဝန်းကျင်ကိုပြုပြင်ချင်စိတ်လေးပေါ်လာအောင် ကျွန်တော်တို့ ဒီ mail တွေ အပင်ပန်းခံပြီးဖြန့်ဝေနေတာပါ။ဒါဟာလဲ ပညာပေးတာပါပဲ။ဒီအတွက် ဘယ်သူ့ဆီကမှ ဘာအခွင့်အရေးမှ မရပါဘူး။ကိုယ့်ပြည်သူတွေကို အမြင်ကျယ်စေချင်လို့၊ တိုးတက်စေချင်လို့ပါ။မြန်မာတွေ မျက်စိပွင့်ကြဖို့ကောင်းပါပြီ။ကိုရီးယားကားလေးကြည့်၊ ဘီယာလေးမူး၊ ဘောပွဲလေးလောင်း၊ နှစ်လုံးထီလေးထိုး၊ကိုယ့်ဝမ်းစာလေးပဲရှာပြီး ချောင်သလိုနေမယ် ဆိုရင်တော့နောင်လာနောက်သားတွေအတွက် တိုင်းပြည်အပျက်ကြီးကိုပဲ အမွေချန်ခဲ့ရမှာပါ။တိုင်းပြည်အတွက်အရေးပါတဲ့ ဒီကိစ္စတွေကို လူတိုင်းသိထားသင့်ပါတယ်။ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက် ကိုယ့်အနားမှာတတ်စွမ်းသမျှတာဝန်ယူပြီး ကောင်းအောင် ပြုပြင်တာ ပါပဲ။ ဒါဗိုလ်ချုပ်ပြောခဲ့တဲ့ စကားပါ။ အလွန်အဓိပ္ပါယ်ရှိပါတယ်။
    နိုင်ငံတကာမှာ management, public administration, psychology စတဲ့အဆင့်မြင့်ပညာရပ်တွေမှာ ဒီအတွေးအခေါ်တွေကို အလေးထားသင်ကြားပါတယ်။
    ကျွန်တော်တို့လူမျိုးတွေရော မသိသင့်ဘူးလား။
    ကျန်း မာ ရွှင် လန်းပါ စေ














    [Need] These images are too warm and the (human and natural)















    တစ်ခါက ကျွန်တော့်အချစ်တော် ကျန်ဇုံ အတွက် ဒီပို့စ် ကို တင်ပါတယ်...ကျွန်တော် ငယ်ငယ် က ဖွားဖွားတို့အိမ်မှာ မွေးတဲ့ ကျန်ဇုံပါ...အဲ့ဒီတုန်းက ကိုယ်လုံးက အရမ်းငယ်သေးတော့ ကျွန်တော်တို့နဲ့စာရင် ၂နှစ်သားသူက အတော်လေး ကိုယ်ထည်ထွားပါတယ်...ကျွန်တော်တို့မောင်နှမရဲ့ ကစားဖော်ပေါ့။သူ့ကို တစ်ခါတစ်လေ ကျွန်တော်တို့က စီးတော်ယာဉ်အဖြစ်လည်း ကစားကြတယ်...ဘယ်ပဲလုပ်လုပ် သူစိတ်မဆိုးခဲ့ပါဘူး။ကျွန်တော် ၃တန်းတက်မယ့်နှစ်မှာ သူမရှိတော့ပါဘူး။အဆိပ်မိတာလို့ လူကြီးတွေ ပြောပါတယ်...သူဆုံးခါနီး အဆိပ်မိနေရင်းနဲ့ ကျွန်တော့်ကျောင်းခန်းရှေ့မှာ လာနေပြီး အသက်ပျောက်သွားပါတယ်...အဲ့ဒီကစလို့ ကျွန်တော် ဘာဆိုဘာမှ အိမ်မှာ မွေးတာမတွေ့တော့ပါဘူး။မေမေ လူလေးတွေ ၂ယောက်ထပ်မွေးတာကလွဲလို့။:) သူ့ကို သတိရလို့ ဒီပို့စ်ကို တင်ပါတယ်....ပုံလေးတွေက website တစ်ခုမှ ရပါတယ်...