"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Thursday, December 29, 2011

၂ နှစ်ပြည့် အမှတ်တရလေးနဲ့ ဆုတောင်း



မေတ္တာပို. - ( U Thein Hla Maw & Soe Sandar Htun)
ဘလော့လေးကို စလာလိုက်တာ ၂နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ ဒီနှစ်တွေထဲမှာ အရာရာတိုင်း က ပြောင်းလဲနေတယ်။ သိသိသာသာကို အပြောင်းလဲတွေ များခဲ့ပါတယ်။ ကျွန်တော် ငေးငိုင်နေလို့တော့ မရတော့ပြန်ဘူးလေ။ ပြောင်းလဲမှုတွေကို သေချာ နားလည်အောင် နေတတ်ထိုင်တတ်အောင် ကြိုးစားနေရင်း၊ ကောင်းတဲ့အကျင့်တွေ မပျက်အောင်လည်း သတိနဲ့ နေခဲ့ရပါတယ်။ ဆုံးရှုံးတာတွေ ရှိသလို။ ရရှိလိုက်တာတွေလည်း ရှိပါတယ်။ ပျော်ခဲ့ရတာတွေ။ ၀မ်းနည်းခဲ့တာတွေ၊ စိုးထိတ်ခဲ့ရတာတွေ၊ မျှော်လင့်ခဲ့ရတာတွေ၊ ပီတိတရားတွေ၊ ကြည်နူးမှုတွေ၊ အို....အများကြီးပါပဲ။ မျှော်လင့်ချက် များများထားရင် ပိုပိုမှောင်လာတတ်တဲ့ သဘောတရားတွေကိုလည်း တွေ့တယ်။ တချို့နေ့ရက်တွေက အရမ်းကိုခါးတယ်။ ပြန်မတွေးချင်တော့လောက်အောင် မှောင်တယ်။ ဒါပေမယ့် ကျွန်တော့်အတိတ်တွေအတွက် အမြဲလိပ်ပြာလုံပါတယ်။ နောက်ပိုင်း မောရတာတွေကို ကျွန်တော် ရယ်ရင်းနဲ့ ဖြေသိမ့်တတ်လာတယ်။ သင်ကြားပေးတဲ့ လောကကြီးနဲ့ အလှည့်အပြောင်းတွေ၊ ချစ်ခြင်းမေတ္တာတွေ.. ခါးသီးနာကျင်ခြင်းတွေ အရာတိုင်းကို ကျေးဇူးတင်တတ်လာပါတယ်။ ဒီနေ့မနက်မှာ ကြားလိုက်ရတဲ့သီတင်းတွေ ဓာတ်ပုံတွေ ပို့စ်တွေတော်တော်များများ ဖေ့စ်ဘွတ်ခ် မှာတွေ့လိုက်ရတယ်။ ရုံးသွားတဲ့လမ်းမှာပဲ စိတ်ထဲတော်တော် မကောင်းဖြစ်မိတယ်။ တစ်ခုခု ကိုယ်တိုင်ကိုယ်ကျ သွားရောက် အားပေးကူညီချင်မိတယ်။ အဝေးကပဲ တတ်နိုင်သလောက် ကူညီရတော့မှာပဲ။ လူတွေ အေးချမ်းစွာ နှစ်ခြိုက်စွာ စိတ်ချငြိမ်းအေးစွာ အိပ်စက်နိုင်ကြပါစေလေ...။ ကောင်းသော နိုးထခြင်းတွေနဲ့လည်း နိုးထနိုင်ကြပါစေ..။
သံသရာ ၀ဋ်ဆင်းရဲဒဏ်တွေမှ ကင်းဝေးကြပါစေ...။ ကိုယ်စိတ်နှစ်ဖြာ ငြိမ်းအေးကြပါစေ..။
သေဆုံးသွားသူတွေလည်း ကောင်းရာမွန်ရာ ရောက်ပါစေ...။
(စက်ဆန်းတွင် ဂိုဒေါင် မီးလောင် ကာ ပေါက် ကွဲ မှု ဖြစ်တဲ့နေ့ အမှတ်တရနဲ့ ဘလော့ သက်တမ်း၂နှစ်ပြည့် တဲ့အတွက် ပေါင်းပြီး မှတ်မှတ်ရရရှိစေဖို့ ဒီပို့စ်လေးကို တင်လိုက်မိပါတယ်။) အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
ချစ်တဲ့
✎❑уaйaит cно❒ ヅ

Thursday, December 22, 2011

သမီးလေးရဲ့ မနက်ခင်း

အိပ်ရာကထရင်
အချိန်ပို ၅မိနစ်တောင်းတတ်တယ်
မကြာခင် လေကြောင့်
ပန်းကလေးတစ်ပွင့် ထလာသလို ဒယီးဒယိုင်
အရွက်အခက်တို့ ပွတ်တိုက်မြည်ဟီးလာသလို
မျက်နှာကိုသစ်
ဟိုကြည့်သည်ကြည့်
စပါးစေ့ကလေးတွေကောက်တော့မယ့် ငှက်ကလေးလို
သဘာဝပတ်ဝန်းကျင်ကိုကြည့်
ဖေဖေ
မနက်ခင်းက စိမ်းစိမ်းနော်
သမီးဝတ်ထားတဲ့ ကျောင်းစိမ်းလေးအတိုင်းပေါ့
ဘယ်ကဟုတ်ရမှာလဲ
သမီးတို့လမ်းဖြတ်ကူးရင် စိမ်းပေးရတဲ့
မီးပွိုင့်ကမီးစိမ်းလေးပါတဲ့
ပြီးရင် စပျစ်သီးတွေ အပြွတ်လိုက်တွဲလို
ပိတောက်ပန်းတွေ ပင်လုံးကျွတ်ညွတ်ခိုပွင့်နေသလို
ကျွန်တော့်လည်ပင်းကို တွဲခို
မိုးလင်းတာနဲ့ ငှက်ကလေးတွေကလည်း စကားများပ ဖေဖေ
စာသင်ခန်းထဲက သမီးနဲ့သူငယ်ချင်းတွေ
ဆရာမလာခင် စကားများနေသလို မဟုတ်ဘူးလား
ဘယ်ကလာ
သမီးတို့ မတ်တတ်ရပ် နိုင်ငံတော်သီချင်းဆိုကြနေသလိုပါ
နံနက်ခင်းလမ်းကလေးပေါ်
ကျွန်တော် သမီးကို ဆုံးမသြ၀ါဒပေးမယ်လုပ်တော့
ဖေဖေ
ပန်းကလေး လမ်းကလေး နံနက်ခင်းလေးမွှေးနေတုန်း
သမိုင်းဘာသာသင်တဲ့ သမိုင်းဆရာမကြီး မမောမပန်းနိုင်
သမိုင်းကြီး သမိုင်းကျယ် သင်နေသလိုမလုပ်နဲ့နော်
သမီး ပြန်မအိပ်ချင်တော့ဘူးတဲ့
တစ်စတစ်စ
နေရောင်ခြည်ဝင်လာတော့
အဲဒါ အတန်းပိုင်ဆရာဝင်လာတာ ဖေဖေ
နှင်းကလေးတွေ သစ်ရွက်ကလေးတွေပေါ် အငွေ့ပျံပြေးတော့
သမီးပါးပြင်ပေါ်က သနပ်ခါးလေးခြောက်သွေ့သွားသလိုပေါ့
ကျောင်းတက်ခေါင်းလောင်းကြီးထိုးပြီပေါ့
ဖေဖေ မုန့်ဖိုးပေးတဲ့အခါ
ဟေး...ခနဲအော်
ကျောင်းဆင်းခေါင်းလောင်းကြီး ထိုးပြီဟေ့လို့ဆိုကာ ပြေးထွက်သွား။ ။

ခရမ်းပြာထက်လူ
(မဟေသီ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၂၉၄၊ ဇွန်လ၊ ၂၀၀၉ခုနှစ်။)
ဒီရက်တွေမှာ လူကနေမကောင်းဖြစ်တဲ့အပြင်၊ အလုပ်တွေလည်း အရမ်းရှုပ်ပါတယ်။ အစားကောင်းစားရတိုင်း ချစ်သူကို သတိရတတ်တဲ့လူတိုင်းလည်း နေကောင်းဖြစ်ချိန်မှာကိုယ့်မိဘ ကိုယ်အပေါ်မှာ စေတနာနဲ့ပြုစုစောင့်ရှောက်ပေးသူတိုင်းကို သတိရမိကြမှာပါပဲ။ဒီကဗျာလေးကိုဖတ်မိတိုင်း ကိုယ့်ငယ်ဘ၀နဲ့ ဖေဖေကို ပြန်လည်လွမ်းမိတယ်။ ကြည်နူးမိတာ အမှန်ပါ။ အမြဲတမ်းမေးခွန်းတွေနဲ့ အတောမသတ်နိုင်တဲ့ ကျွန်တော့်မေးခွန်းတွေတိုင်းကိုပြန်လည်ဖြေဆိုပေးတတ်တဲ့ ၊ ကျွန်တော်တို့မောင်နှမတွေကို ပျော်စေဖို့ သူ့ကိုယ်သူ ဆင်ကြီးမိုမိုအဖြစ်သူ့နောက်ကျောပေါ်တွင် တက်စီးစေတဲ့၊ ပုံပြင်တွေပြောပြတတ်သောဖေဖေ၊ ရွှေသွေးစာအုပ်ကအစ စာအုပ်တွေကို ချစ်တတ်အောင် ထိန်းသိမ်းတတ်အောင်သင်ကြားပေးခဲ့သော၊ မိသားစုတာဝန်ကိုကျေသော ကျွန်တော့်ဖေဖေ သက်တော်ရာကျော်ရှည်ပါစေ။ ဖေဖေနဲ့ မေမေကိုကျွန်တော်အရမ်းချစ်ပါ၏။
ချစ်တဲ့
✎❑уaйaит cно❒ ヅ

Tuesday, December 20, 2011

***(စွယ်တော်ရွက်)***





ယာယီအဝေး



ဖြစ်မှဖြစ်ရလေ

စွယ်တော်ရွက်မှ အချစ်တဲ့

တားမြစ်နယ်မြေ ဖြစ်နေပီလား

စွယ်တော်ရွက်ရယ် . . . ။

အသိစိတ်က

ငါ့ကိုတော့ ဟြေပါရဲ့

စိတ်အလိုကြောင့် အပျော်သဘော

အထင်ခံရမယ် . . . ။

ဘယ်ဘက်နဲ့လား နားထင်လား

အချစ်ဆိုတာ သေချာခဲ့ရင်

ငါတစ်ခြမ်းဖြစ်ပါရစေ

နင့် စွယ်တော်ရွက်။

(Kaung Lin Htet)

Monday, December 19, 2011

Celine Dion - Power Of Love










ဒီနေ့မနက်ကတည်းက ဆက်တိုက်နားထောင်နေတဲ့သီချင်းလေး
❤( ◜◡‾)(‾◡◝ )❤
Celine Dion - Power Of Love❤( ◜◡‾)(‾◡◝ )❤





- ရွှင်လန်းချမ်းမြေ့ ကြပါစေ..




✎❑уaйaит cно❒ ヅ

Sunday, December 18, 2011

တွဲဖက်သရုပ်ဆောင်


(၁)
စွက်စွက်ဖက်ဖက် ပါးစပ်ဖျားတွေ ဆိုတာ

ရက်ရက်စက်စက် သေနတ်၊ဓါး တွေ လိုပဲ။
ဒါပေမဲ့ … အသက်ကို ရန်ရှာမယ့်အစား
အရှက်ကို ရန်ရှာလိမ့်မယ်။

(၂)
တခါတခါ
ဝေဖန် ပါးစပ်မျိုးဆိုတာ
စေတန် နတ်ဆိုးလိုပဲ။
ကောင်းခန်းဆို
သောင်းကျန်းတတ်တယ်။

(၃)
အသစ်အဆန်းစကား ထိုးကွက်တွေနဲ့လည်း
အချစ်လမ်းတံတား ကျိုးပျက်သွားအောင် ဖျက်ဆီးတတ်တယ်။

(၄)
သူတို့က မြွေဖမ်းသမားတွေကွယ့်
ကလေး… ခြေလှမ်းမမှားစေနဲ့။

(၅)
ကလေးရေ…
လူမှု စက်ဝိုင်းဇုန်ကြီး တခုလုံး
ဝဲဂယက် အရှုပ်တထောင်နဲ့
ကွဲအက်ပုပ်ရောင် နေတာကို မြင်ရဲ့လား။

ဒါပေမဲ့လည်း ဖြတ်သန်းရမှာမို့
တွဲဖက်သရုပ်ဆောင်လေးရေ
တွဲလက်မပြုတ်အောင် ကိုင်ထား။
(ကောင်းကင်ကို)




အိမ်

Thursday, December 15, 2011

ဖေဖေနဲ့ ဖုန်းပြောခြင်း

ဟလို ဟလို ဖေဖေလား
ကြားရလား သမီးအသံကိုကြားရလား ဖေဖေ
မေမေ အနားမှာရှိလား
ဟင် မေမေလည်း နေမကောင်းဘူး ဟုတ်လား
သမီးလည်း ဖျားနေတယ်
ဟုတ်တယ် ဟုတ်တယ် ၀က်ကလေးဖျားနေတယ်။

ဒီနှစ်ပိုင်းမှာ အပြောင်းအလဲတွေများတယ် ဖေဖေ
လူတွေကိုမပြောင်းလဲပေမယ့်လို့ စိတ်တွေ။
သူတို့ကို ခန့်မှန်းနိုင်တဲ့ ရာသီဥတုအခြေအနေ

အားလုံးက ပြောင်းလဲကုန်တယ် ဖေဖေ။
သမီးကိုရှာတွေ့ဖို့ကျတော့ လူတိုင်းမှာ
မြေပုံအညွှန်းကိုယ်စီ ရှိကြတယ်ဖေဖေရဲ့။

ဒီမှာက ဒီလိုပါပဲ ပျော်စရာဆိုတာ ဘာလဲလို့
ဖေဖေ့ကို ခုပဲ မေးမလို့။
ဘ၀ကတူ ဖြစ်ဖို့ဝေးလို့ ပေ အဖြစ်ထုခံနေရတာကြာတော့
လူတစ်ချို့နဲ့ ဆက်ဆံရေးမှာ ဟိုး....ရိုးတွင်းခြင်ဆီထဲကပါ
စိမ့်နေအောင် လန့်နေတတ်ပြီ ဖေဖေ။

ဟုတ်..ဖေဖေပြောသလိုပါပဲ
သူများပြောတိုင်း မကျေနပ်ချက်တွေရှိရင်
ချက်ချင်းပြန်မပြောမိအောင် ရေအိုးနဲ့တူတဲ့ ခေါင်းထဲကို အသာထည့်ထားပြီး၊
ရွက်ထားတာတွေများများလာတာပဲ အဖတ်တင်တယ်
သမီး အဲ့ဒီရေအိုး ချခွဲပြပြီး တစ်ခုချင်းကို ပြန်ထုတ်ပြီး ဖြေရှင်းဖို့ကျ
အခွင့်အရေး မရခဲ့တာကြာပြီ ဖေဖေရဲ့

ပြောလို့စကား မဆုံးခင် ဖုန်းချတတ်တဲ့သူတွေ
သုံးစက္ကန့်နဲ့ Missed Call ပေးပြီး ပြန်ခေါ်ခိုင်းတဲ့သူတွေ
စကားကို ရှေ့မှာတစ်မျိုး ၊ ကျောပေးတော့ တစ်မျိုးပြောတတ်သူတွေ
ပြုလွယ် ပြင်လွယ်စိတ်ထားနဲ့ အနားနားမှာ ခနနေတတ်သူတွေ
ကတိမတည်တတ်တဲ့ အပေါ်ယံရွှေမှုန်ကျဲဆက်ဆံရေးတွေ
အနေအစားချောင်အောင် ပေါင်းသင်းတတ်တဲ့ သူတွေ
တမင်ကိုယ့်အတွက် ပြင်ထားတဲ့ ထမင်းဝိုင်းတွေနဲ့
ဇွတ်အတင်းကျွေးကြပြီး ကွယ်ရာမှာ အတင်းပြောတတ်သူတွေ
အို....ဖေဖေရယ်....အများကြီးပဲ သိလား
သမီးကြောက်တယ် ဖေဖေ..
သမီး မခန့်မှန်းတတ်တော့ဘူး။

ဟလို ...ဖေဖေ ကြားရလား
ဟုတ်ကဲ့ သမီးပြန်လာမှ သေချာပြောပြဦးမယ်နော်။

ဟလို ဟလို ....
ဖေဖေနဲ့ မေမေ့ကို သမီးအရမ်းချစ်တယ်။

ချစ်တဲ့
✎❑уaйaит cно❒ ヅ


ပင်လယ်မှောက်တဲ့လှေ

14 Htoo Eain Thin_ Moe Tain A Kyawng











သစ္စာနဲ့ဝေးခဲ့လို့ ... တဲ့။
ဘယ်လိုမှဆေးဖက်မ၀င်နိုင်တော့တဲ့ နွယ်မြက်သစ်ပင်တွေ
တရွေ့ရွေ့ ရွာသွန်းပေါက်ရောက်လာကြ
ကျွန်မရဲ့ဆောင်းရာသီ ယာခင်းကလေး
ပေါင်းပင်တွေနဲ့ တအိအိညွှတ်ကွေးနေခဲ့။
နတ်ဝှက်ခံထားရတဲ့ မယ်ဇလီပွင့်လေးများ
ကြေးစားမဆန်တဲ့ လရောက်အောက်မှာ ယိမ်းနွဲ့လဲ့ဝါ။
ဆေးပေါင်းမခခင်မှာပဲ အဆိပ်ပေါင်းခခဲ့ရလို့
ကျွန်မရဲ့တန်ဆောင်မုန်းလပြည့်ညလေး
ကိုယ်ပိုင်မေးခွန်းတွေနဲ့ လန့်နိုးခဲ့ရ။
ဆုတောင်းတိုင်းရတတ်တဲ့အရာတွေထဲမှာ
ကတိသစ္စာ မပါဘူး
လက်မှတ်တွေအပြည့်ထိုးထားတဲ့စွယ်တော်ပင်က
လောကအဖို၊အမအကြောင်း ပြောပြတယ်။
ယတြာချေဖို့တစ်ခုပဲ ကျန်တော့တယ်
ဒါမှမဟုတ်
ဒါဟာ ဘုရားသခင်ရဲ့အလိုတော်ပါ လို့ ၀န်ခံလိုက်ရရင်ကောင်းမလား
ကိုယ့်ကိုယ်ကို မကြားတကြား ရယ်မိတာများပြီ။
ဖြေသိမ့်လိုက်ပါတယ်
တစ်ခါတစ်ခါ... ဘ၀ဟာပျင်းရိမနေဖို့
ဝှက်ဖဲတစ်ချပ်တော့ လိုလိမ့်မယ်... လို့။

မနော်ဟရီ
မုခ မဂ္ဂဇင်း
၂၀၀၁/ ဒီဇင်ဘာ

Thursday, December 8, 2011

ငယ်ငယ်က သူငယ်ချင်းတွေ




Orkut Friendship scraps, graphics and quotes
အပိုင်း(က)

လောကမှာလူတွေအသက်ရှင်နေသရွေ့တော့ သူငယ်ချင်း အပေါင်းအသင်း၊ မိတ်ဆွေတွေနဲ့တော့ ကင်းကွာလို့ရမှာမဟုတ်ဘူးနော်။အသက် ခပ်ငယ်ငယ် ဆယ်ကျော်သက်ကလေးဘ၀တုန်းကတော့ ခပ်ပေပေအတွေးနဲ့ တစ်ကိုယ်တည်း နေမယ်လို့ စိတ်ကူးဖူးတယ်။သူငယ်ချင်းတွေကိုတောင် စိတ်ဆိုးရင် အဲ့လိုပြောပြောပစ်တာ။ (စိတ်က ကြီးပေတယ်ကိုး ကွယ့်)စိတ်ကူးမိတာလေ ငါကြီးလာရင် တောထဲမှာ အပင်တွေစိုက်မယ်။ သစ်တွေနဲ့ဆောက်ထားတဲ့ သစ်လုံးအိမ်လေးထဲ ငါတစ်ယောက်တည်းနေမယ်ပေါ့။ ဘယ်သူနဲ့မှမခေါ်ဘူး။ ပန်းပင်တွေစိုက်မယ်။ ငါကြိုက်တဲ့ စတော်ဘယ်ရီနဲ့ ပန်းသီးပင်။ မာလကာပင်တွေကို အများကြီးစိုက်ပြီး အဲ့ဒါတွေပဲ စားမယ်။ ထမင်းစားချင်နေရင် ဆန်စိုက်ရင်ပင်ပန်းမယ်။ တကယ်လို့ ထမင်းစားချင်ရင် စားနိုင်အောင် ရေအိုးစင်အောက်မှာအဖွားလုပ်ထားသလို ခွက်ကြီးတစ်ခုထဲ သဲတွေထည့်ပြီး စပါးလုံးလေးတွေပစ်ထည့်ထား။ ရေအိုးဖင်က တစ်ပေါက်ပေါက်ကျတဲ့ ရေလေးတွေနဲ့စပါးပင်လေးရှင်လာ ။(တကယ်က အဖွားက သောက်ရေအိုးစင်လေးကို ပိုအေးတယ်လို့မြင်ရအောင် စပါးပင်စိမ်းစိမ်းလေးတွေဖြစ်ဖြစ်။ မြေဇာပင်ပေါက်လေးတွေဖြစ်ဖြစ်နဲ့ အလှဆင်ထားတာပါ။ ဒါကို ငယ်သူအတွေးနဲ့ စပါးစိုက်စားဖို့ ကြံစည်တာလေ။) စပါးပင်က ဆန်ရလာတာလေးတွေကိုစုထားမယ်ပေါ့လေ။ ရွှေဥာဏ်တော်က မတရားစူးရောက်ပုံပြောတယ်။ ကြီးဒေါ်အပျိုကြီး ပြောနေကျစကားအတိုင်းပြောရရင် သချာင်္ဥာဏ်ကို မရှိဘူးတဲ့။သူက ပြောအားရှိမယ်လေ။ သူက စီးပွားရေးတက္ကသိုလ် ကနေပြီးထားပြီး စားရင်းစစ်နေတာကိုး :P ။ စကားပြန်ဆက်မယ်။ အဲလို တောမရောက်တောင်မကျအကြံလေးတွေနဲ့ ကျွန်တော့်မှာ မေ့လို့မရတဲ့ သူငယ်ချင်းလေးတွေ ရှိခဲ့ဖူးတယ်။

(၁). မူလတန်း လေးရွာအ.မ.က ကျောင်းက သူငယ်ချင်းတွေ
သူတို့တွေရဲ့ အကြောင်းလေးကို မပြောခင်မှာ လေးရွာကျောင်းပုံစံလေးကို ပြောပြချင်သေးတယ်။ ကျွန်တော် မူလတန်းတက်ရတဲ့ကျောင်းက လေးရွာကျောင်းတဲ့။ နံမည်လေးက ချစ်ဖို့ကောင်းတယ်နော်။ မေမေတို့လက်ထက်ကနေ ကျွန်တော်တို့မောင်နှမတွေလက်ထက်ထိတော့ အဲ့ဒီကျောင်းလေးက ဘုန်းကြီးကျောင်းဝင်းထဲမှာပဲ။ ကျောင်းဝင်းက ကျယ်တယ်။ ကျောင်းအရှေ့ဘက်မှာ ဘုရားစေတီဟောင်းလေးတွေ ထုံးဖြူဖြူနဲ့ သုတ်ထားတာတွေ ရှိတယ်။ အဲ့ဘေးနားမှာမှဘုန်းဘုန်းတို့ သီတင်းသုံးတဲ့ ကျောင်းလေးတွေ ပျဉ်ထောင်နှစ်ထပ်ကျောင်းတွေရှိတယ်။ ကျောင်းတွေအောက်မှာ ဧရာမကျွန်းတိုင်လုံးကြီးတွေရှိတယ်။ကျွန်တော်တို့ ကစားကျောင်းဆင်းချိန်ဆို တိုင်တွေကိုကွယ်ပြီး တိုင်ဦးတမ်း ကစားကြသေးတယ်။ ကျောင်းလှေကားထစ်တွေပေါ်ပြေးတက်ကြ အောက်ကအရူးလုပ်နေရတဲ့သူက လှမ်းဆွဲကြနဲ့ ဘုန်းဘုန်းတို့ကျိမ်းတာတွေ ဘာတွေ သိသေးတာမဟုတ်ဘူး။ ခုမှတွေးတယ်။ ဘုန်းဘုန်းတို့ တော်တော်သည်းခံကြတာပဲလို့။ ကျောင်းဝင်းထဲမှာတော့ တမာပင်တွေ တန်းစီနေတာပဲ။ ကျောင်းဝင်းထဲ
ဝင်ခါနီးရင် ဖိနပ်ချွတ်ပြီးဝင်ရတယ်။ တမာသီးတွေတက်နင်းမိတိုင်း ကျွန်တော်က အသည်းယားလို့ ခြေဖျားထောက်သွားတာ အ.ထ.က(၁)ကျောင်းကို ရောက်တော့ အကျင့်ပါနေလို့ အနောက်ခံရသေးတယ်။ ရွာသူတဲ့။ အဲ့သလို။ အတန်းထဲမှာ မောင်ငယ်ဆိုတာ ရှိတယ်။ သူက ကျွန်တော်တို့အိမ်နားကပဲ။ သူနဲ့ကျွန်တော်က အသက်၎နှစ်လောက်ကွာပေမယ့် သူက လမပြည့်ဘဲ မွေးတော့အတန်းနောက်ကျထားတာလို့ သူ့အိမ်ကပြောပြတယ်။ သူ့ကို ကြည့်လိုက်တိုင်း သနပ်ခါးကြားကြားလေးနဲ့ ခေါင်းမှာ ဆီတွေက ရွှဲနေတာပဲ။ သူက စာသင်ခန်းထဲ နေရတယ်လည်း သိပ်မရှိဘူး။ သူကိုယ်တိုင်က စာမသင်ချင်တာတဲ့။ သူ့ကိုတွေ့ချင်ရင် ကျောင်းဝင်းထဲက မီးဖိုချောင်လေးထဲမှာ ရေနွေးအိုးမီးထိုးနေတာပဲတွေ့တယ်။ အသင်းကျတဲ့ရက်တွေဆို ကျွန်တော်တို့က စာသင်ခန်းအလှအိုးအတွက် ပန်းတွေရေဆေးရင် သူု့ကို ကျောင်းရေကန်ဘေးနားမှာ ဘုန်းကြီးကျောင်းက အလုပ်တွေလုပ်နေတာပဲတွေ့တယ်။ ကျွန်တော်က "မောင်ငယ်..နင်စာမသင်ဘူးလား"လို့ မေးတိုင်း သူကစပ်ဖြဲဖြဲနဲ့ဖြေတယ်။ "ငါက စာသင်စရာမှမလိုတာ။ ကျောင်းအုပ်ကြီးက ငါ့ကိုလေးတန်းအထိ အအောင်ပေးမှာပဲ။ ငါ ဒီလိုနေရတာ ပျော်တယ်"တဲ့။ သူပြန်ဖြေတာကို အိမ်ရောက်တော့ မေမေ့ကိုပြောပြတယ်။ မေမေက မောင်ငယ်က လမပြည့်ဘဲမွေးထားတာအပြင် ။ စကားပြောတတ်တာ သူ ၆နှစ်သားမှ စပြောတတ်တာတဲ့။ သူ့အနေနဲ့ သေစာ ရှင်စာတတ်ရင် တော်ပြီတဲ့။ အော် မောင်ငယ် မောင်ငယ်... ခုတော့ ကျွန်တော် အိမ်ပြန်ရင်တွေ့တိုင်း ကျွန်တော့ကိုငေးပြီးသူပြောတယ်။ နင်တို့ကစာတက်တယ်နော်။ ငါကကျ စာကိုမလုပ်ခဲ့တော့ ဒီလိုဖြစ်တယ်တဲ့။ မျက်ရည်တွေဝဲလို့။ မောင်ငယ်နဲ့ပတ်သတ်ပြီး မှတ်မှတ်ရရရှိစေတဲ့အဖြစ်လေး ကတော့ ကျွန်တော်က အမြင့်ကြိုးခုန်ရပေမယ့် ၊ မထိတထိလေးလုပ်ခုန်ရတဲ့ အီစွပ်ကြိုးခုန်ကို အသည်းယားလို့ ခုထိမခုန်တတ်ခဲ့ပါ။သူက ကျွန်တော်ကိုကယ်ပြီး အမြဲတမ်းခုန်ပေးတယ်။ သူက ချဉ်ပေါင်ချဉ်လိမ် လား ခြေပေါင်ခြေလိမ်လားတော့မသိဘူး။ အဲလိတွေအော်ဆိုပြီး ခုန်တတ်တယ်။နောက် ခဲချွန်ဓားမကိုင်တတ်တဲ့ ကျွန်တော်နဲ့ မောင်လေးအတွက် ခဲတံကို လှလှလေးတွေ အမြဲချွန်ပေးတတ်တယ်။ အဲဒီအတွက် သူ့ကိုကျွန်တော်က လက်ဆောင်ပြန်ပေးတတ်တယ်။ အရုပ်မပုံလှလှလေးတွေဆွဲပြီး ပြန်လက်ဆောင်ပေးတာပါ။ သူက ဘယ်လောက်တောင်လည်သလဲဆို တခါတခါကျသူမုန့်စားဖို့ ပိုက်ဆံမရှိရင် ကျွန်တော့်ကို အရုပ်ပုံလေးတွေဆွဲခိုင်းပြီး တစ်ပုံကို ငါးမူးနဲ့ပြန်ရောင်းပြီး ကျောင်းဝင်းထဲက မုန့်တွေ
ဝယ်စားတယ်။ အော်ရှိသေးတယ်။ ကျောင်းအနောက်ဘက်ပေါက်ကထွက်လိုက်ရင် မျက်နှာချင်းဆိုင်အိမ်မှာ လျက်ဆားရောင်းတဲ့ အိမ်လေးရှိတယ်။ အမြဲတမ်း မှောင်နေတာပဲ။အဲ့ဒီအိမ်လေးမှာ အဖိုးအဖွားလင်မယား နေတယ်။ ကျွန်တော်တို့သူငယ်ချင်းတွေ လျက်ဆားစားချင်တိုင်းမှာ ဗလာစာရွက် တရွက် နှစ်ရွက်စုပ်ပြီး အဲ့ဒီအိမ်ဆီကို သွားတယ်။ သူတို့က အမြဲတမ်း လျက်ဆားလေးတွေ ထည့်ပေးတတ်တယ်။ ကျွန်တော်တို့ယူလာတဲ့စာရွက်လေးတွေကိုတော့သူတို့ယူထားတယ်။ အမြဲတမ်းလည်း ပေးတယ်။ ခုပြန်တွေးကြည့်တော့ ကျေးဇူးတင်ဖို့တော်တော်ကောင်းတယ်။ စာရွက်ဗြောင်ဆို မယူတတ်တဲ့အဖိုးနဲ့အဖွားစေတနာကို လည်း နားလည်မိတယ်။

နောက်တစ်ယောက်က မြမြထွေးတဲ့။ သူက ဆံပင်ဖွာဖွာလေးနဲ့။ ပန်းပွင့်တွေနဲ့ ကြိုးကျစ်တာ အင်မတန်တော်တဲ့ သူ့ကို သင်ခိုင်းတိုင်း စိတ်ရှည်လက်ရှည်နဲ့အမြဲသင်ပေးတတ်သူပါ။ သူနဲ့ကျွန်တော်က အသုပ်စုံကြိုက်တာချင်းလည်းတူတယ်။ သူနဲ့ပတ်သတ်ပြီး မှတ်မိစေတာက... တနေ့ ကျွန်တော်စိမ်းစားဥတွေစားပြီး အန်ပါလေရော ကျောင်းမှာပဲ။ သူက ကျွန်တော်တို့အိမ်အထိပြေးသွားပြီး မေမေ့ကိုသတင်းပေးပြီး ခေါ်လာတယ်။ကျောင်း၂ပတ်တိတိဖျက်ပြီး ဆေးကုလိုက်ရတဲ့အထိဖျားတယ်။ အဲဒီကစပြီး ခုထိ စိမ်းစားဥဆို စားလို့ကို မရတော့တာ။ ကျွန်တော် ကျောင်းပြန်တက်တဲ့နေ့မှာ သူက ကျွန်တော့်ကို ကြာပန်းခိုင်လေး လုပ်လာပေးတယ်။ ကျွန်တော် ဆယ်တန်းကျောင်းသူဘ၀မှာ သူက ကြံရိုးတွေရောင်းနေတယ်။ သူ့မောင်ငယ်လေးတွေအတွက် သူအလုပ်ထွက်လုပ်ရတယ်။ ကျွန်တော်နဲ့သူပြန်တွေ့တော့ သူပြောတယ်။ ငါနင်ကျောင်းသွားတိုင်း ငါဒီကနေ ကြည့်နေတာတဲ့။ အဲနေ့က ကျွန်တော်အိမ်ပြန်ရောက်တဲ့အထိ စိတ်ထဲမကောင်းလိုက်တာ။ ကိုယ်နဲ့အနီးဆုံးအတန်းတူတူတက်ခဲ့ဖူးတဲ့ သူငယ်ချင်းလေးဟာ တကယ့်ကိုလူကြီးလေးလိုဖြစ်နေပြီး အားငယ်နေတာကို အရမ်းကို ခံစားမိတယ်။ ကျွန်တော့်သူငယ်ချင်းလေးဟာ စာတော်တဲ့အထဲမှာ ပါပါတယ်။
အပိုင်း(ခ)

(၂)...အ.ထ.က(၁)ကျောင်းက သူငယ်ချင်း




ပထမတန်းကနေ ၃တန်းနှစ်အထိတိုင်အောင် အတွဲညီညီနဲ့တွဲခဲ့တာကတော့ ကိုဖြိုး၊ ကိုစိုး။ အောင်ခိုင်။ ကြေးမုံဝင်း။ မြသွေးနွယ်ဆိုတဲ့ သူငယ်ချင်းလေးတွေနဲ့။အတန်းတူရုံတင်မကဘဲ အိမ်နီးနားချင်းတွေဖြစ်တဲ့ ကျွန်တော်တို့တတွေဟာ အတန်းပိုင်ဆရာမ အားထားရတဲ့ လူတော်စာရင်းဝင်လေးတွေပေါ့။ (ဘာဖြစ်လဲ ကိုယ့်ဘလော့မှာကို ကြွားထည့်လိုက်တာ :P)အတန်းကျောင်းဆင်းတာနဲ့ ကိုစိုးတို့ အိမ်ဝိုင်းထဲမှာပဲ ဆရာမက ၀ိုင်းကျူရှင်သဘောမျိုး ပြန်သင်ပေးတတ်တယ်။ စနေ၊ တနင်္ဂနွေနေ့တွေဆိုရင် ဈေးနားလေးက ဆရာမတို့အိမ်အပေါ်ထပ်လေးမှာ သင်ရတယ်။ အများစုကတော့ ကျွန်တော်တို့တွေ စာမေးပွဲမေးခွန်းတွေပဲ ထိုင်ဖြေခိုင်းတာပါပဲ။ တယောက်တနေရာစီထိုင်ပြီး မတူတဲ့မေးခွန်းတွေကို ဖြေကြရတယ်။ မိန်းကလေးတန်မယ့် အားလုံးထဲမှာ ကစားမက်တဲ့ကျွန်တော့်အဖို့ သိပ်ကို ပျင်းစရာကောင်းတဲ့ နံနက်ခင်းတွေပဲ။ကျောင်းစောဆင်းဖို့ပဲ စိတ်ကသန်နေတော့ မေမေ့သူငယ်ချင်း ဆရာမ အဆူခံရတာ အများဆုံး ကျွန်တော်ပဲ။ အပြန်လမ်းတလျှောက်မှာ စက်ဘီးတွေကို မနင်းဘဲတွန်းလာပြီး စကားပြောကြတယ်။ ကျွန်တော်ကတော့ ကျွန်တော့စက်ဘီးကို သူများကို တွန်းခိုင်းပြီး လမ်းတလျောက် သူများတွေကို စလာလိုက်။ ကစားလာလိုက်နဲ့။မှတ်မိသေးတယ် အပြန်လမ်းမှာ အိမ်တစ်အိမ်က စိန်ခလုတ်။ မြခလုတ်ဆိုတဲ့ ပန်းလေးတွေက ၀န်းထရံအပြင်ကို ထွက်နေတာ မြင်လို့ ခူးမိတာကိုသူငယ်ချင်းတွေက စလို့နောက်လို့မဆုံးတော့ဘူး။ ကျောင်းဆင်းရင် သူတို့က အဖွဲ့လိုက်အော်ဆိုကြတယ်။ ပိုးသခန်း ပိုးသခန်းတဲ့။ အဲဒီတုန်းက အားကြီး စိတ်ဆိုးတာပေါ့။


လေးတန်းတက်မယ့်နှစ်မှာပဲ ကျွန်တော်က တန်းမြင့်ကျောင်းလို့ ခေါ်ကြတဲ့ အ.ထ.က(၁)ကျောင်းကို ပြောင်းရတယ်။ ကျောင်းစ အပ်တဲ့နေ့ကဆို အရမ်းရယ်ရတယ်။ကျွန်တော်က နွေရာသီတိုင်းမှာ ခေါင်းတုံးထားတာ ကျောင်းဖွင့်စရက်တွေမှာ အမြဲ ကတုံးဆံတောက်လေးနဲ့။ အဲဒီနေ့ကလည်း ဇာပေါက် လျှာထိုး (ခု ရက်ပါတွေဆောင်းတဲ့ ဦးထုပ်ပုံတွေပေါ့) အဖြူ အစိမ်းကလည်း ဘောင်းဘီရှည်နဲ့ ရှပ်နဲ့။ အမြဲတမ်းဖေဖေက ဖိနပ်ဆိုလည်း ယောက်ျားစီး သရေဖိနပ်ပဲဆင်တော့ အဲဒါနဲ့ပဲပေါ့။အတန်းရှေ့မှာ အတန်းပိုင်ဆရာမနဲ့ အဒေါ်နဲ့စကားပြောနေတုန်း အတန်းထဲက လူတွေက ကျွန်တော့်ကိုကြည့်ပြီး ယောက်ျားလေးထင်နေကြတာ။နောက်မှသိရတာလေ။ နံမည်တော့မရေးတော့ဘူး။ တရုတ်ကောင်လေးက ကျွန်တော်သူတို့အတန်းခုံမှာ လာထိုင်မှာစိုးလို့တဲ့ ပေါင်ကြီးကားပြီးထိုင်နေတာတဲ့။(အဲလို လူမြင်ချစ်ခင်ပါစေ ရုပ်ကို ပိုင်ဆိုင်ထားမှန်း သူပြောမှ သတိထားမိတာ။) ဆရာမက ကောင်မလေးတန်းကိုသွားထိုင်ခိုင်းမှ ကျွန်တော်ကို မိန်းကလေးမှန်းသိပြီးသူ့ကို ၀ိုင်းရယ်ကြတာပေါ့။ လေးတန်းနှစ်ကတည်းက ကျွန်တော့်မှာ ခေါင်းကိုက်တတ်တဲ့ ရောဂါရတာပဲ။ ရှူဆေးဘူးလေးနဲ့ ဆရာမက စာတိုင်ပေးရင် လိုက်ရေးနေရင်းစိတ်ကိုနှစ်တိုင်း ခေါင်းက တအားထိုးထိုးကိုက်တာ။ အဲဒီတုန်းက ဘေးကသူငယ်ချင်းကောင်မလေးက အမြဲတမ်းကူရေးပေးရတယ်။ တန်းမြင့်ကျောင်းကို ပြောင်းပြီး မကြာခင် မုန့်စားဆင်းချိန်မှာ မှတ်မှတ်ရရအဖြစ်တစ်ခုရှိသေးတယ်။ ပထမတန်းးက ကောင်းလေးက အတန်းဖော်ကောင်မလေးကို ရည်းစားစာပေးတာတဲ့။စာရွက်လွတ်လေးပါ။ ဒါပေမယ့် သူတို့ချင်းသိကြတယ်။ အဲ့ဒါရည်းစားစာပဲ။ အပေးခံရတဲ့ ကောင်မလေးက ရှက်တယ်ဆိုပြီး အခန်းရှေ့က အပင်ထဲကိုဝင်ပြီးငိုတယ်။ အပင်ရှေ့မှာ အဲ့ဒီကောင်လေးက ထိုင်ပြီးတောင်းပန်နေတာ။ ကြည့်ပြီး ရယ်လိုက်ရတာလေ။ ဆရာမ ဒေါ်သန်းဝင်းဆို ဆုံးမဖို့ဟာကို မျက်နှာတည်ဖို့ တော်တော်အားယူလိုက်ရပုံပဲ။ အော် အချစ်ဆိုတာ အဲဒီအရွယ်လေးမှာလည်း သူ့နည်းသူ့ဟန်နဲ့တော့ ပေါ်လာတတ်တာပဲနော်။ :) လျော့တွက်လို့တော့ မရဘူးရယ်။


၇တန်းနှစ်မှာ အတန်းထဲက ကျွန်တော်နဲ့ မျက်စောင်းထိုးခုံလောက်က သူငယ်ချင်းကောင်မလေး ဆုံးသွားတယ်။ သံစူးတာ မေးခိုင်ပိုးဝင်ပြီးဆုံးတာတဲ့။ သူု့ကိ ကျွန်တော်အမှတ်တမဲ့ပါပဲ။ မနက်အတန်းထဲမှာ ဘုရားရှိခိုးအမျှဝေပြီးတိုင်း ဘေးကိုလှည့်ကြည့်လိုက်ရင် သူက ငေးငေးလေးပဲ။ အဲဒါပဲ မှတ်မိတယ်။ သူနဲ့မျက်လုံးချင်းဆုံဖူးတာတောင်နည်းတယ်ထင်တယ်။ သူဆုံးသွားပြီးမှ ကျွန်တော်နောင်တွေရတာလေ။ လွမ်းလည်း လွမ်းတတ်လာတယ်။ ငါ ဘာလို့ သူနဲ့ မခင်လိုက်ရတာလဲလို့။ သူနဲ့ စကားပြောဖို့စိတ်ကူးဘာလို့မရှိရတာလဲဆိုပြီး သူ့နေရာလေးကို မြင်တိုင်းလွမ်းမိတယ်။ ပြီးတော့ ကျွန်တော့်ဘ၀အတွက် လူသေသွားတယ် အပြီးလမ်းခွဲလိုက်ရတယ်ဆိုတာ အဲ့ဒါပထမဆုံးပဲလေ။အဲ့ဒီကစပြီး သူငယ်ချင်းတွေကို ကျွန်တော် အမှတ်မဲ့ မထားတော့ဘူး။ အားလုံးကို ချစ်တတ်လာတယ်။ တန်ဖိုးထားလာတယ်။ သူတို့ သေသွားမှာစိုးရိမ်လာတယ်။ အိမ်က အဖွားဆို အစွဲလန်းကြီးသွားမှာစိုးလို့ ပုံတိုပတ်စတွေနဲ့ ပြောဆိုပြလိုက်တာ။ လွမ်းတယ်...:'(
၁၀တန်းနှစ်အထိ အားလုံးက ပုံမှန်ပါပဲ။ ကျွန်တော် ရဲ့ သူငယ်ချင်းတွေအကြောင်းလေးတွေကို ဖတ်ချင်ရင် ဒီပို့စ်လေးတွေမှာ တင်ထားသေးတယ်။ဖတ်ကြည့်လေ။


ဘာရယ်မဟုတ်တဲ့ စာတွေရေးနေချင်သူတစ်ယောက်ရဲ့ အတွေးနဲ့ အရေးသာဖြစ်တာမို့ တစုံတရာလိုအပ်ချက်တွေရှိခဲ့ရင် နားလည်ပေးစေချင်ပါတယ်။

ချစ်တဲ့
✎❑уaйaит cно❒ ヅ

Saturday, December 3, 2011

(ညီမလေးဖတ်ဖို့)

လေတွေတိုက်တယ် ညီမလေး
အပြင်မသွားချင်နဲ့ကွယ်
အိမ်ခေါင်မိုးက မိုးလုံနေလို့တော်သေးတယ်

နေတွေပူတယ် ညီမလေး
အပြင်မသွားချင်နဲ့ကွယ်
အိမ်က ပြတင်းပေါက်တွေက လေ၀င်နေလို့ တော်သေးတယ်

နှင်းတွေကျတယ် ညီမလေး
အပြင်မသွားချင်နဲ့ကွယ်
အိမ်က မီးလင်းဖိုလေးက နွေးနေပေလို့ တော်သေးတယ်

စာတွေဖတ်ပါ ညီမလေး
အပြင်သွားချည်ကွယ်
အိမ်က အသိတွေနဲ့ မလုံလောက်မှာ စိုးလှတယ်

နေသာပါတယ် ညီမလေး
အပြင်သွားချည်ကွယ်
လူဆိုတာ နေရောင်ခြည်ထိဖို့လည်း လိုသေးတယ်

လေညှင်းမွှေးတယ် ညီမလေး
အပြင်သွားချည်ကွယ်
အာရုံတွေကို လန်းဆန်းစေဖို့ လိုသေးတယ်။

သိတိုင်းမပြောနဲ့ ညီမလေး
တတ်တိုင်း မပြနဲ့ ညီမလေး
မှန်တိုင်း မလုပ်နဲ့ ညီမလေး
မှားတိုင်း မငိုနဲ့ ညီမလေး
လဲကျတိုင်း ရှုံးတယ်မထင်နဲ့ ညီမလေး
စကားတွေနဲ့ မမှောင်စေနဲ့ ညီမလေး

အစ, စ ၊ အရာ, ရာမှာ သတိရှိပါ ချစ်ညီမလေး။
ပျော်ရွှင်ပါစေကွယ်..

(ညီမလေးဖတ်ဖို့)
ချစ်တဲ့
✎❑уaйaит cно❒ ヅ

Monday, November 28, 2011

နေ့သစ်_စိုင်းထီးဆိုင်







အရှေ့ဆီမှာ ရောင်နီအလင်းသမ်းလို့လာပြီ
မိုးလင်းတော့မယ် ထတော့ ညီမလေးရယ်
အချိန်ဆိုတာ လူကိုမစောင့်ဘူးလေကွယ်
ကိုယ်လက်ကို သန့်ရှင်းထား စိတ်ဓာတ်ကို စုစည်းထား
ဒီနေ့သစ်ဟာ တို့ကို မျှော်လင့်ခြင်း အသစ်တွေ ပေးလာမယ်……

ငှက်တောင်မှ သာယာတဲ့ သီချင်းရေးသံကပဲ စောစောစီးစီး စကားမများကြနဲ့
ကမ္ဘာမြေအတွက် မင်္ဂလာရှိတဲ့ အချိန်ဝယ်……
လေကောင်းတွေ ရှူရှိုက်ကြ… သဘာဝကို မှီဝဲကြ
ဒီနေ့သစ်ဟာ တို့ကို အင်နဲ့အား အသစ်တွေ ပေးလာမယ်……

ညအမှောင်ရယ် အိပ်မက်ဆိုးက နိုးလာပြီ
လမ်းဟောင်း ဆက်မသွားဖို့ အမှားဟောင်း ဆက်မမှားဖို့
ပြင်ဆင်ဖို့ လိုတဲ့ အခွင့်ကောင်းပါပဲ…
ရန်ငြိုးတွေ ဖြေဖျောက်စို့ သွေးအရင်းလို လက်တွဲစို့
ဒီနေ့သစ်ဟာ တို့ကို အောင်မြင်မှု အသစ်တွေ ပေးလာမယ်

ပလက်ဖောင်းမင်းသား




ပလက်ဖောင်းမင်းသား

ညီစေမင်း

ညီစေမင်း
တေးဆို - ခင်မောင်တိုး

ပွင့်အံထွက်တဲ့စကားဖြစ်မယ်..
ပုံမှန်လေသံကွဲ နေလားကွယ်..
နာကျင်စေချင်သူ ထင်ရင်မှားမယ်..
ဆိုလိုချင်တာက ဖွင့်ပြောဖြစ်အောင်..
အချိန်တွေယူကာပင် ပြင်ဆင်ခဲ့တယ်..
နားလည်ခဲ့တဲ့ အချစ်ဆုံးရယ်..
တမျိုးစီ တွယ်တာရင်း.. တို့ ရဲ့ ပွင့်လင်းတဲ့ ဒီချစ်ခြင်း..
အပြုံးတွေကိုယ်စီနဲ့ .. စိတ်ချသူချင်းမို့ ညီစေမင်း..

ကာရံရှာဖွေစဉ် ညီမျှခြင်းကို
ပုံသေယူမယ်ဆို မှန်ဖို့ ခက်တယ်.
ပြေလည်ရာကိုသာ ကိုယ်တိုင်းရွေးချယ်..
နားလည်ခဲ့တဲ့ အချစ်ဆုံးရယ်..

အို... သဘောပေါက်မှာပါလေ..
ချစ်သူချင်းမို့  ငြင်းမိလည်း..
အို...ဖွင့်ဟ၀န်ခံရင်း ..
ချစ်ကြသူချင်းမို့  ညီစေမင်း
တမျိုးစီ တွယ်တာရင်း.. တို့ ရဲ့ ပွင့်လင်းတဲ့ ဒီချစ်ခြင်း..
အပြုံးတွေကိုယ်စီနဲ့ .. စိတ်ချသူချင်းမို့ ညီစေမင်း..

အချစ်ရယ်.. အချစ်ရယ်..
အချစ်ရယ်.. အချစ်ရယ်..

Thursday, November 17, 2011

ရင်ငြိမ်းပွင့် အတွက် ၀မ်းနည်းမှတ်တမ်း

ဒီနေ့မနက် ရုံးကိုရောက်တာနဲ့ မေးလ်တစ်စောင်ကို ဖတ်မိလိုက်တယ်။ ခု ဒီနေ့ ဟိုးလေးတကျော်ကျော်ဖြစ်သွားတဲ့ ရင်ငြိမ်းပွင့်အတွက် ၀မ်းနည်းကြောင်းတွေ။ ဝေဖန်နေတာတွေ အားလုံးနီးပါးလည်း သိပြီးကြမှာပါနော်။ မေးလ်ကိုမြင်လိုက်တာနဲ့ ရင်ထဲမှာ တင်းကျပ်သွားတာပါပဲ။ နောက် အချိန်ရတာနဲ့ သူ့facebook profile ကိုသွားကြည့်မိတော့ ပိုဆိုးသွားတယ်။ အသက်ကလေးကငယ်ငယ် ရုပ်လေးက လည်း ချောနဲ့။ ပညာလေးလည်း တတ်ပါဘိနဲ့ ကလေးမရယ်လို့ လည်း စိတ်မကောင်း တော်တော်ဖြစ်သွားတယ်။ သူ့မိဘတွေကိုယ်စားလည်း တကယ် ၀မ်းနည်းတယ်။ တနေကုန် လုံးဝ နေလို့မကောင်းဘူး။ ခေါင်းထဲမှာလည်းမူးနောက်ကိုက်နေတယ်။ ရင်ထဲမှာလည်း ကျပ်နေတယ်။ တွေးကြည့်မိတယ်။ အဖြေကတော့ သူဖြေဆည်လို့ကို မရတော့လို့ပဲဆိုတာကိုသွားတွေ့တယ်။ တချို့က ဝေဖန်နေကြတယ်။ မိုက်ရူးရဲဆန်တယ်ပေါ့နော်။ လူဆိုတာ ကိုယ်တိုင် ခံစားရမှသာ ကိုယ်ချင်းစာနာတတ်ကြတာမျိုးလေ။ ကိုယ်ဆီရောက်မလာတဲ့ခံစားချက်တွေအတွက်တော့ လူတွေက သနားတာမျိုး ၊ ဝေဖန်တာမျိုးလောက်ပဲ လုပ်ကြရုံပါပဲ။ အဖြစ်အပျက်မှန်ကိုတော့ ကာယကံရှင်ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ဝေဒနာအတိမ်အနက် ဆိုတာလည်း ခံယူသူအပေါ်မှာ မူတည်လို့ ကိုယ်ချင်းမစာမနာတော့ ပြောလို့မရပြန်ဘူးရယ်။ အပ်တစ်ထောက်စာဒဏ်ရာလေးဆိုပေမယ့် ဆပ်ပြာပူဖောင်းလေးမှာတော့ ဘ၀ပျက်သွားတယ်ဆိုတာမျိုးပေါ့။ သိပ်မှန်တဲ့ စာလေးပါ။ အဖွားပြောသလို သူဋ္ဌေးသားကုန်ကူးလို့ ကုန်မှောက်ရင် ဘ၀မပျက်ဘူး။ သူတောင်းစား ခွက်ပျောက်တာ ဘ၀ပျက်တတ်တာတဲ့။ :) ပေါများပြီး အရာရာ အဆင်ပြေ။ လုပ်တိုင်းဖြစ်နေကြသူတွေအတွက် ဒီလိုအဖြစ်ပျက်လေးတွေက ဟာသတစ်ခုသာသာ။ သံဝေဂရစရာများဖြစ်နေကြမလား မသိဘူးလေ။ သူခံစားရတာ သူအသိဆုံးပေါ့။ ပြီး သူ့အနား တစ်ယောက်မှမရှိချိန်တွေများလာတော့ လူဆိုတာ အတိုင်းထက်လွန်လာရင် ဖြစ်တတ်လေ့ရှိတယ်လို့ ထင်ပါတယ်။ အဲဒီလိုဖြစ်ချိန်တွေမှာ ဘာသာရေးဘက်ကို လိုက်ပြီး စိတ်ကို အေးချမ်းအောင် ထားမယ်။ သူငယ်ချင်းတွေနားမှာ နေပြီး။ စိတ်ဝင်စားရာတစ်ခုခုကို လုပ်နေမယ်ဆိုရင်တော့ မဆိုးသာဘူး ပြောလို့ရမယ် ကျွန်တော်ထင်တာပါပဲကွယ်။ :'(

လူအချင်းချင်း ရေစက်ရှိလို့ဆုံတယ်။ ရေစက်ကုန်လို့ ဝေးရတယ်လို့ ဖြေနိုင်ကြပါစေ။ ဒါဟာ အားကျစရာတော့ မဟုတ်ပါဘူးလေ။ ကိုယ့်စိတ်ကို ဖြေနိုင်အောင်ဖြေပြီး ။ ဘ၀မှာ လုပ်စရာတွေ လုပ်ပြီး... လူဖြစ်ကျိုးနပ်အောင် နေကြရင် အကောင်းဆုံးပါပဲ။

သူငယ်ချင်းနဲ့ ကျွန်တော်တို့ ပြောမိကြတယ်။ သူ့အကြောင်းကို "တခြားတိုင်းပြည် မှာ မိသားစုနဲ့ ခွဲပြီးလာနေရတယ် ....။ဘာပဲဖြစ်ဖြစ် မိသားစုရဲ့ နွေးထွေးမှုလေး တွေ ကိုတော့ တောင့်တကြတာပါပဲ...။အဲ့ဒီအတွက်ကြောင့်ပဲ ... ရည်စားထားတတ်ကြတယ်....ကိုယ်ချစ်သူကို ....ရူးရူးမူးမူး မိန်းကလေးတို့ သဘာဝ စုံလုံးကန်းပြီးကို ချစ်မိတတ်ကြတယ်။ အဆင်မပြေတော့... ၀မ်းနည်းစိတ်ညစ်ရတယ်။ ၂၀ စွန်းစ မှာ အချစ် ကို ထွက်ပေါက်ထားမိတဲ့ ...ကလေးမ မှာ အပြစ်မရှိပါဘူး။ သူ့အနီးဆုံးပတ်ဝန်းကျင်က မှ နွေးထွေးမှုမှ မရတာ။ နောက်ပြီး ၆နှစ် ဆိုတဲ့ bond ကလည်း ဖိစီးမှာပဲလေ...တကယ်တော့ သူ့ကို ဖြောင်းဖြောင်းဖျဖျ ပြောနိုင်မယ့် သူငယ်ချင်းတစ်ယောက်ယောက်ရှိခဲ့ရင်....သူဒီလိုလုပ်ဖြစ်မှာ မဟုတ်ဘူး။"

ကျွန်တော်ကတော့ သူ(ရင်ငြိမ်းပွင့်) ကောင်းရာသုဂတိရောက်ပါစေလို့ပဲ သူ့မိသားစုနဲ့ အတူ ... သူ့ရဲ့ facebook လောက မှ သူငယ်ချင်းလေးတွေနဲ့အတူ စိတ်ရောကိုယ်ပါ ဆုတောင်းပေးနေမှာပါ။ နောင်ဘ၀အဆက်ဆက် အဖန်ငါးရာ့ငါးကမ္ဘာ ဆိုတာရှိခဲ့မယ်ဆိုရင်လည်း ဒီဘ၀မှာ နောက်ဆုံးဖြစ်ပါစေကွယ်။ ဖြစ်လေရာဘ၀မှာလည်း ချစ်သူနဲ့ ပျော်ရွှင်စွာလက်တွဲပြီး ချစ်သူရဲ့ တန်ဖိုးထားချစ်မြတ်နိုးခြင်းခံရသူလေး ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ ညီမလေး ရယ်။

ဒီနေ့ သတ်သတ်လွတ်စားမိတာနဲ့ ညနေဘက် ဘုရားပန်းပါကပ်ပြီး သူလေးအတွက် ဆုတောင်းမိတယ်။ ပြုပြုသမျှ ကုသိုလ်ကိုလည်း အမျှဝေပါတယ် ညီမငယ်...။ ဘာကြောင့််ပဲဖြစ်ဖြစ်ပါ... နောင်မှာလည်း ဒီလိုမျိုးအဖြစ်တွေ နဲ့ ကင်းဝေးကြပါစေ။

သူ့အတွက်ဆိုပြီး သီချင်းလေးတစ်ပုဒ် ကို facebook - ၀မ်းနည်းမှတ်တမ်းကနေ တွေ့လို့ ပြန်တင်ပေးလိုက်ပါတယ်။


လူသားတိုင်း ဒီလိုအဖြစ်မျိုးတွေမှ ကင်းဝေးကြပါစေ။
ချစ်တဲ့
✎❑уaйaит cно❒ ヅ

Tuesday, November 15, 2011

ကာလနဂါး


ကာလနဂါးမှန်းသိအောင်

အမောက်ထောင်ပြခွင့်
မရခဲ့သလို...
နင် နာကျင်စေမှာစိုးလို့
မျက်စောင်းမျှပင်
ငါ မပစ်ခတ်ရက်ခဲ့သူပါ..။
အဆိပ်ရှိပါတယ်
ရေမြွှေတော့မဟုတ်ဘူး
စကားလုံးတွေနဲ့
ခနခန တံတွေးမစင်ချင်တော့
မာနတရားက မီးဟုန်းဟုန်းတောက်နေပြီ
အမျက်ဖြေကာ ထားခဲ့ပါတယ်
မေတ္တာဆိုတာ မပြယ်တတ်သူမို့
ရည်မှန်းကာ လွမ်းမိပါရက်
ဖြေသိမ့်ကာ အားတင်းမိတယ်..
နောက်ဘ၀ဆိုတာ ရှိခဲ့ပါရင်
...................................။
နှစ်ရှည်ကြာအိပ်တတ်သူ(မာနတရားတွေက)
ကာလနဂါးပေမယ့်
ချစ်သူ့အပေါ်မျက်စောင်းမျှမထိုးရက်ခဲ့သူ..ငါ
နဂါးပီသအောင်တော့
ခု .. အမောက်ထောင်ချင်တယ်။

ချစ်တဲ့

✎❑уaйaит cно❒ ヅ

Sunday, November 13, 2011

ကျေးဇူးပြုပြီး နားဆင်ကြည့်ပေးပါ။ :)

ဘလော့ကို လည်လည်လာသူတွေအတွက် သီချင်းလေးတွေ သွင်းထားတာ တင်ပေးလိုက်တယ်။ d(-_^) d(-_^)
အပျင်းပြေ နားထောင်သွားကြပါနော် ရောက်တုန်းလေးပေါ့ :P
တိုင်ပင်တွေလည်း လွဲနေတယ်။ သိပေမယ့် မရတော့ဘူး ဆိုပြချင်နေတာကိုး :)
ရှက်တော့ဘူးကွ။ သုံးပုဒ်လုံးတင်ပေးထားတယ်နော်။ (သီချင်းဆုံးအောင် နားထောင်။ မင်း ပါးစပ်ကြီးဟပြီး မျက်ဖြူတောင် လန်သွားဦးမယ်..:)) )
တစ်သက်စာ by Yanant Cho
ချစ်သူ by Yanant Cho

အကြင်နာစစ်ရင် by Yanant Cho

ဘလော့ရောက်လာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ...။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ.. ရွှင်လန်းချမ်းမြေ့ ပါစေ။

ချစ်သော...
✎❑уaйaит cно❒ ヅ

Saturday, November 12, 2011

ချောင်းကူးကြသူများ







သဘာဝ မြေလမ်းလေးသည် ကျဉ်းမြောင်း သေးသွယ်သော လမ်းလေး မဟုတ်ပေမယ့် မကျယ်လှ။

လမ်းဘေး တစ်ဖက် တစ်ချက်စီဝယ် ပန်းတို့သည် ထပ်ထပ်သိပ်သိပ်မျှ ရှိနေကြလျက်။ အသွေးစုံသည်နှင့် အမျှ မွှေးရနံ့တွေကလည်း ထုံထုံပါမျှ ရှိချေသည်။ လမ်းလေးသည် ပန်းတို့ရံသော လမ်းဖြစ်သည်။ ပန်းရနံ့တို့ ပျော်မွေ့ရာ လေပြည်တို့နှင့် အတူ တစ်သားတည်း ရှိနေသော လမ်းလေးလည်း ဖြစ်သည်။

ထိုပန်းတို့ ခြံရံရာ လမ်းလေး၏ အဆုံးသတ် နေရာသည် ကြည်လင်သော ချောင်းတစ်ခု၏ ကမ်းစပ်နေရာ ဖြစ်နေပါ၏။ ချောင်းသည်လည်း ကျဉ်းမြောင်းသော ချောင်းလေး မဟုတ်ပေမယ့် ကျယ်ပြန့်သော ချောင်းကျယ်ကြီး တစ်ခု ဖြစ်မနေပြန်။ အတန်မျှသာ ကျယ်သော ထိုချောင်းရေသည် ပြာလဲ့လဲ့ အရောင်လည်း ရှိ၏။ စိမ်းမြမြ အဆင်လည်း နှော၏။ ကြည်မြမြ ရေစင်လည်း ဖြစ်၏။ ထူးခြားသည်က ထိုချောင်းရေသည် ရှင်းလင်းသော အချင်းအဆင်းဖြင့် တည်ရှိနေခြင်း ဖြစ်သည်။

ချောင်းရေမှာ ဗေဒါတို့လည်း မျောမနေ။ လူသူတို့ ရေချိုးရာ ရေချိုးဆိပ်လည်း ရှိမနေ။ ချောင်းရေထက်မှ ကောင်းကင်ကြီးသည်ပင် တိမ်ဖြူတို့ ရှိမနေဘဲ ပြာလွင်သော ကောင်းကင်ကြီး တစ်ခု၏ အုပ်မိုးထားရာ နေရာတစ်ခု ဖြစ်နေသည်။ ချောင်းတစ်ဖက်မှ သစ်တော အုပ်အုပ်သည် စိမ်းညို့ညို့ဖြင့် ရှိပါ၏။ ထိုတောအုပ်သည် အလယ်တွင် လမ်းတစ်ခု ဖောက်ထားသော တောအုပ်ဖြစ်သည်။ ထိုလမ်းသို့ ရောက်လျှင် မည်သည့် ရှုခင်းတွေကို တွေ့မြင်ရချေမည် ဆိုတာကိုတော့ လတ်တလောမှာ တစ်ဖက်ကမ်းဆီမှ မည်သို့မျှ မှန်းဆ၍ မရနိုင်သေး။

လေခတ်သံ တဖျပ်ဖျပ်ကြားမှာ ပန်းခက် ပန်းရွက်တို့ လှုပ်ခတ်မြည် တိုးသံ သဲ့သဲ့မျှ ရှိနေသော ထိုပန်းလမ်းနှင့် ရေဆိပ်ကမ်း နေရာသည် လောလောဆယ်မှာတော့ လူသူ ကင်းမဲ့လျက် ရှိနေပါ၏။

ထိုစဉ်အခိုက် ပန်းလမ်းအတိုင်း ပထမဆုံး လျှောက်လာသူသည် မိန်းမပျို တစ်ယောက် ဖြစ်လေသည်။ ထို မိန်းမပျိုထံမှ ထူးခြားသော အရာကို ချက်ချင်း မြင်သာစွာ ရှိနေစေသည်က ရှည်လျားသော ဆံနွယ်များပင် ဖြစ်လေသည်။ ၀တ်ဆင်ထားသည် ကလည်း လှပသော ပန်းနုရောင် ပိုးသားဝတ်စုံလေး ဖြစ်နေသည်။ နက်မှောင်သောဆံ နွယ်ထက်မှာ အဖြူရောင် နှင်းဆီပန်းတို့သည် သရဖူလေး ပမာ ခွေပတ်၍ ရှိနေသည်။ လှပသော သတို့သမီးလေး တစ်ယောက် တော်ဝင် မင်းသမီးလေးတစ်ပါးနှယ် ခပ်ဖွဖွ လျှောက်လှမ်း လာသည်နှင့်ပင် တူနေသေးသည့် အဖြစ်။ အဖော် မပါဘဲ ပန်းလမ်းလေးမှာ တစ်ယောက်တည်း လျှောက်လာသည့် ထိုမိန်းမပျိုသည် ကမ်းစပ် အရောက်မှာ ခပ်ငေးငေးမျှ တစ်ဖက် ကမ်းဆီသို့ကြည့်ကာ ကျောက်ဖျာလေးနှယ် ရှိနေသည့် နေရာလေးမှာ ခပ်ဖြည်းဖြည်း ထိုင်လိုက်သည်။ လက်လေး နှစ်ဖက်ကို ဖေးယှက်ထား လိုက်စဉ်မှ ဖွေးသွယ်သည့် လက်ချောင်းလေး၏ အလှက ထိုမိန်းမပျိုသည် ခေါင်းဖျား ခြေဆုံးအထိ အလှတရားတို့ ဖြင့် ပြည့်စုံ လွန်းနေသည် ဆိုတာကို ဖော်ပြနေတာနှင့် မခြားဘဲ ဖြစ်နေသည်။

ရုပ် အဆင်း ငေးယူရလောက်အောင် လှသည့် မိန်းမပျို တစ်ယောက် အဖော် မပါဘဲ တစ်ယောက်တည်း ဤရေဆိပ် ကမ်းစပ် နေရာမှာ ထိုင်နေသည့် အဖြစ်သည်လည်း အတန်မျှတော့ ထူးဆန်း နေသည်ဟု ထင်မှတ်ဖွယ်ရာ ဖြစ်နေသည်တည့်။ အထူးခြားဆုံးက ထိုမိန်းမပျိုလေးသည် ဖိနပ်စီး မထားချေ။

ရေဆိပ် နေရာဆီသို့ နောက်ထပ် ရောက်လာသူမှာ အဘွားကြီး တစ်ယောက် ဖြစ်နေသည်။ အ၀တ်အစားက ခပ်နွမ်းနွမ်း။ ရုပ်အဆင်းက သွေ့ခြောက်ခြောက်။ ဆံပင်က ဆီနှင့် ဝေးနေသည့် အမှတ်အသား တစ်ခုအဖြစ် နီကျင်ကျင်။ မျက်လုံး မျက်ဆန်တို့ကလည်း ဝေသီကာ အရောင်အဆင်း ကင်းမဲ့လျက် ခပ်မှိန်မှိန်။

ရောက်လာ လိုက်တာနှင့် ကမ်းစပ်မှာ စိမ်းမြနေအောင် ပေါက်နေသည့် မြက်ခင်းထက်မှာ စိတ်ပန်းကိုယ် ပန်းဟန်ဖြင့် ထိုင်ချ လိုက်ပါ ၏။ သဘာဝ မြက်ပင်တို့ဆီမှ မြက်ရိုင်းသီးတံ တချို့သည် ထိုးထိုးထောင်ထောင်လေး ပေါက်နေကြလျက် အဘွားကြီး၏ ခြေဖျားကို လှမ်း၍ တို့ထိ လာကြသည်။ ထိုအဘွား ကြီးသည်လည်း ဖိနပ်စီး မထားချေ။

“ရောက်နေတာ ကြာပြီလား မိန်းကလေး”

တစ်ဖက်ကမ်းဘက်ရှိ တောအုပ်ကို ငေးဝေေ၀ ကြည့်နေသည့် မိန်းမပျိုလေးမှာ ခပ်ဖြည်းဖြည်း ခေါင်းခါပြလိုက် တာတစ်ခုပဲ ရှိသည်။ သဘောက သိပ်မကြာသေးပါ ဆိုသည့် သဘော။ အဘွားကြီးကလည်း ပန်းနုရောင် ပိုးဝတ်စုံလေးနှင့် မိန်းကလေး ကြည့်ရာ တစ်ဖက်ကမ်းဘက်ဆီသို့ တစ်ချက်လိုက်၍ ခပ်ငေးငေး ကြီးကြည့်ပြီးမှ သက်ပြင်း ရှိုက်လိုက်ကာ
“အင်း... သားတစ်ယောက်၊ သမီးတစ်ယောက် မွေးခဲ့ပါတယ် မိန်းကလေးရယ်။ သားက ဘွဲ့ရပညာ တတ်ဖြစ်ပြီး အရာရှိလည်း ဖြစ်ရော မကြာခင်မှာပဲ ချမ်းသာတဲ့ မိန်းမ တစ်ယောက်နဲ့ နှစ်ဦး သဘောတူ လက်ထပ် လိုက်တယ်ဆိုတာပဲ သိလိုက်ရတယ်။ ပဲပြုတ်သည် အမေမှာဖြင့် သူဘွဲ့ရတဲ့ အထိလည်း ပဲပြုတ်တောင်း ခေါင်းပေါ် ရွက်ပြီး ဒီအလုပ်ပဲ လုပ်ခဲ့ရ၊ သူ မိန်း မရခင် အရာရှိ ဖြစ်တော့လည်း ဒီအလုပ်ပဲ လုပ်နေရသလေ။

သူ အရာရှိ ဖြစ်နေတော့ အမေလုပ်သူ ရုပ်အဆင်း ကြမ်းပြီး အိုမင်းလွန်း နေတာကြီးကြောင့် အတူခေါ် ထားရမှာ ခက်သတဲ့။ နေပူ မိုးရွာမရှောင် ပဲပြုတ်တောင်း ခေါင်းရွက်ပြီး မနက်မိုးတောင် စင်စင် မလင်းသေးဘူး၊ အိမ်က ထွက်ရတဲ့ ကျုပ်လို အမေက ဘယ့်နှယ်လုပ်ပြီး နုနုနယ်နယ်လေးနဲ့ မင်းသမီးလေးလို လှနိုင်ပါ့မလဲ အေရယ်။ ရုပ်လည်းကျ အသားအရေလည်း မလှဘဲ ဖြစ်ရ ချေတော့မပေါ့။ ဆိုက်ကားသမား ကျုပ်လင်တော် မောင်ကြီး ရှိတုန်းကတော့ ပဲပြုတ်တာကို သူက မနက် အစောကြီး ထပြီး လုပ်ပေးရှာတာမို့ အိပ်ရေး အပျက် သက် သာခဲ့ရတဲ့ ကျုပ်မှာ သူမရှိ တော့တဲ့ နောက်ပိုင်း ပိုပင်ပန်း ခဲ့ရတာမို့ သူ့ကို လွမ်းရတဲ့ အလွမ်း၊ ပြီးတော့ ပင်ပန်းရတဲ့ အပင်ပန်းနဲ့ ပိုပြီး ရုပ်အိုတဲ့ ကျုပ်တို့ သားကြီးက လူသူ ရှေ့မှာ အမေရယ်လလို့ ပြရမှာ ရှက်သတဲ့လေ”

အဘွားအိုကြီး၏ လေသံက နည်းနည်းတော့ နာကြည်းငွေ့ ပါလာနေသည်။ အသံတော့ မမာသေး။ နာကျင် ကြေကွဲသံ အဖြစ် ခပ်အက်အက် ဖြစ်နေသည်။ ကောင်မလေးကတော့ နားထောင် ပေးဖော်ရတာလောက် ပဲရှိနေသည့် သဘော။ ဘာမျှ ၀င်မပြော။ ငြိမ်နေသည်။ နှစ်ယောက် အတူတူ ရှိကြသည့် အထဲမှာ တစ်ယောက် ကတော့ ငြိမ်နေလျက်။ တစ်ယောက်ကတော့ ငြိမ်နေရတာထက် ပြောနေရတာကို ပို၍ စိတ်ထဲ သက်သာရာ ရသည်ဟု မှတ်ထားပုံ ပေါ်နေသည်။

“ကျုပ်သမီးအငယ်မ ဆယ်တန်း အောင်တဲ့နှစ်၊ သူ့ အစ်ကို မယားယူတဲ့ နှစ်ပေါ့။ မဆိုစလောက်လေး တစ်လ တစ်ကြိမ်လောက် ထောက်ပံ့နေတဲ့ သားဆီကငွေလည်း ပြတ်သွားတာပါပဲ။ သမီးက သူပဲပြုတ်တောင်း ခေါင်းရွက်ပြီး အမေ့လိုပဲ ရောင်းမတဲ့။ ဘယ်ရမလဲ၊ ကျုပ် တားရတာပေါ့။ ဘယ့်နှယ်ပဲ ပြုတ်သည်မကလေးက ချောလိုက်တာ၊ ဒါပေမယ့် ပဲပြုတ်သည် ဖြစ်တာ ခက်နေတယ် ဆိုပြီး ယောက်ျားလေးရှင် ဘက်က အထင်တသေး လုပ်တာမျိုး ကျုပ် ဘယ်အဖြစ် ခံချင်ပါ့မလဲ။ တခြား အလုပ် အကိုင်လေး ရှာပါ သမီးရယ် ဆိုပြီး တားထားရတယ်။ အဲဒါ မှန်သလေ မိန်းကလေး ရဲ့။ ကျုပ်သမီး လုပ်တဲ့ စတိုး ဆိုင်ပိုင်ရှင် သူဌေးကြီးက မြတ်နိုးပါတယ် ဆိုပြီး စကား ကမ်းလာခဲ့သလေ။ ကျုပ် သဘော မျှခဲ့ပါတယ်။ သမီး ကတော့ သိပ်နှစ်သက်ပုံ မရ ပါဘူး။ ယူရမယ့် သူက အသက်တော့ နည်းနည်းကြီး သကိုး။ အဲဒါ ကျုပ် ဇွတ်တိုက်တွန်းခဲ့တာနဲ့ သမီးလေး ခမျာ ခေါင်းညိတ်ရှာတာ။ ခု တော့ တိုက်ကြီးပေါ် ရောက်နေပြီး သမီးလေး တစ်ယောက်တောင် ထွန်းကားပါရောလား”

ကောင်မလေး၏ အကြည့်က အဘွားကြီးထံ ရောက်၏။ အဘွားကြီးကလည်း ကောင်မလေးကို ကြည့်၏။
“အဲဒါ သူဌေး... အေးလေ သမက် ဆိုပါတော့။ သူ့ရဲ့ အစ်မကြီးက ကျုပ်လို ပဲပြုတ်သည်ကိုတော့ အိမ်ပေါ် ခေါ် တင်မထားနိုင်ဘူးတဲ့။ ပဲပြုတ်သည် သမီးနဲ့ သူ့မောင်နဲ့ ညားတာ လူသိ မခံနိုင်ဘူးတဲ့လေ။ အဲဒါ ကျုပ်ကလည်း ဘာ ခက်နေတာ မှတ်လို့၊ သမီး လင်ရ ကံကောင်းတာပဲ။ နောင်ရေး စိတ်အေးရတာ မဟုတ်လား။ ကျုပ်နေနေကျ အိမ်ငယ်လေးမှာပဲ ဆက်နေ၊ ပဲပြုတ် ဆက်ရောင်းခဲ့တာပါပဲ။ သမီးကတော့ ခိုးကြောင်ခိုး ၀ှက်လေး အမေကို ထောက် ပံ့ပေးကမ်းချင် ရှာပါတယ်။ ကျုပ်က အမေလေ။ သမီးက လင်လုပ်သူ အိမ်သားတွေ မသိအောင် ခိုးကြောင်ခိုး ၀ှက်ကျွေးတာကို အလိုတူ အလိုပါ လုပ်ပြီး ဘယ်စားပါ့ မလဲ။ ကျုပ်ငြင်းတော့ သမီးလေးခမျာ ငိုရှာတာပါပဲ။ အဲသလို သူငိုငိုပြီး ပြန်သွားရရှာ လေသမျှ ကျုပ် ကြည့်ကျန်ခဲ့ ရတာတွေက အချိန်ပေါင်း၊ အကြိမ်ပေါင်း မနည်းတော့ ဘူးလေ။ ကျုပ်မှာ သွေးတိုးရောဂါ ဖြစ်နေတာလည်း မဆန်းပါဘူး။ ခေါင်းတွေ ကိုက်လွန်းလို့ မနေနိုင်တာနဲ့ မနေ့ညကမှ ဆေးခန်းသွားပြ ဖြစ်ရတာ။ ဆရာဝန်လေးက သွေးတိုင်းပြီး မျက်လုံးမျက် ဆန်ပြူးရောပဲ။ အမေတဲ့...

သွေးတွေ မတရားတက်နေပါ လားတဲ့။ လူနာ ပို့မပါတဲ့ ကျုပ်ကိုမှ မပြောရင် မဖြစ်တာမို့ ဖွင့်လည်းပြောပြ၊ ဆေးရုံ လည်း တက်ခိုင်းရှာပါတယ်။ ဆိုက်ကားနဲ့ပဲ ဆေးခန်းကနေပြီး အိမ်ကိုပြန်လည်းရောက်ရော မူးလိုက်တာမှ ခေါင်းကို ၀ီခေါ်နေတာပါပဲ”

ဟု ပြောနေစဉ်ခိုက်မှာ နောက်ထပ် လူကြီးတစ်ယောက် ရေဆိပ် နေရာသို့ ရောက်လာပြန်၏။ ဘန်ကောက်ပုဆိုး ရွှေဖလားရောင်နှင့် တိုက်ပုံ အင်္ကျီနံ့သာ ရောင်၊ ရှပ်လည်ကတုံး အင်္ကျီ နံ့သာရောင်ကို ၀တ်ထားသည်။ လက်မှာက ရွှေလက် ပတ်ကြိုးတပ် ရွှေရောင်နာရီ ကိုပတ်ထားသည်။ အနီရောင် ကျောက်ပါသည့် လက်စွပ် တစ်ကွင်းလည်း လက်မှာ စွပ်ထားသည်။ ဘိုကေကို ကျော့နေအောင် ဖြီးထားကာ အသားအရေ ဖြူဖွေးသူ တစ်ဦး ဖြစ်ပါ၏။ အသက်ငါးဆယ် ကျော်လောက် ရှိမည့် ထိုလူကြီးက အဘွားအိုနှင့် မလှမ်း မကမ်းနေရာ မြက်ခင်းထက်မှာ ထိုင်လိုက်ပါ၏။

အရင် ရောက်နှင့်နေသူနှစ်ယောက်ကို လူကြီးက လှမ်းကြည့်သည်။ မြက်ခင်းထက်တွင် ခြေဆန့် တန်း၍ထိုင်နေသည့် ထိုသူ၏ ဖြူနုနု ခြေထောက်မှာလည်း ဖိနပ် စီးထားခြင်း မရှိချေ။
“ရောက်နေတာ ကြာပြီလား အဘွား”

“မကြာသေးပါဘူး ကွယ်။ အင်း... ကျုပ်ဘ၀ ဇာတ်ကြောင်းတွေထဲက တချို့တစ်ဝက် ပြောပြလိုက် နိုင်သေးတာလောက်ပဲ ရှိပါသေးတယ်။ စကား ပြောရတာ အပေးအယူ သိပ်တော့ မကောင်းဘူးကွယ့်။ ဒီမိန်းကလေးက ငြိမ်ပြီး နားထောင်တာပဲ ရှိနေတာ”

“အင်း... ဘ၀ဆိုတော့ ကျွန်တော့် ဘ၀လည်း ပြောပြချင် လာသလိုပဲဗျ။ ကျွန်တော် တို့က ဒီနေရာကို အတူတူ ရောက်လာ နေကြတာကိုး။ ကျွန်တော်ကတော့ မိဘကလည်း ချမ်းသာတယ်။ ကျွန်တော်ကလည်း အင်ဂျင်နီယာ။ အဖေ့အထည် စက်ရုံကြီးကို ဦးစီး နေခဲ့တာလည်း အောင်မြင် နေတုန်းပဲဗျ။ အစားအသောက် ကောင်းကောင်း စား၊ အေးအေးချမ်းချမ်း နေရင်းနဲ့ကို နှလုံးရောဂါက ရသတဲ့လေ။

ကျွန်တော့်မိန်းမ ဆိုတာ ကျွန်တော့်မှာ နှလုံးရော ဂါဖြစ်နေတယ် ဆိုတာကို မယုံချင်ဘူး ဖြစ်နေခဲ့တာ။ ရင်ဘတ် အောင့်တာဟာလေ အောင့်တာပဲဖြစ်တာပါ ဆိုတာမျိုးကို သူက ကြားချင်နေတာ။ ဆရာဝန်က သူ့ကို ယုံအောင် မနည်း ရှင်းပြရတယ်။ တကယ်ပဲ သူ့ ယောက်ျားဖြစ်တဲ့ ကျွန်တော့်မှာ နှလုံးရောဂါ ဖြစ်နေတယ် ဆိုတာကိုပေါ့။ အဲဒီတော့မှ သူက မျက်ရည်စက်လက်နဲ့ ယုံတာ။ သားသမီးကလည်း အိမ်ထောင်သက် နှစ်ပေါင်း နှစ်ဆယ်နီးပါးမှာ တစ်ယောက်မှကို မထွန်းကားခဲ့တော့ ခမျာ အထီးကျန် ဖြစ်ရှာတာပေါ့”

ဟုပြောတော့ အဘွားကြီးက
“အလိုလေးလေ...၊ ပဲ ပြုတ်သည်ဖြစ်တဲ့ ကျုပ်က သွေးတိုးတာတော့ ထားပါတော့။ မင်းလို လူချမ်းသာကများ နှလုံးရောဂါ ဖြစ်ရတယ်လို့။ ဒါနဲ့ နေစမ်းပါဦး၊ မင်း ပြောတော့ ချမ်းသာဆို”

“ချမ်းသာပေမယ့်လည်း ရောဂါ ဆိုတာကတော့ တားလို့ရတာမှ မဟုတ်ဘဲ အဘွားရာ။ ကျွန်တော့် အမေက နှလုံးရောဂါနဲ့ ဆုံးခဲ့တာလေ။ မျိုးရိုးလိုက်တယ် လို့ ပြောနိုင်မယ် ထင်ပါရဲ့”
ဟု ပြောကာ ရွှေလက် ပတ်ကြိုး တ၀င်းဝင်းနှင့် ရှိနေသည့် နာရီကို ငုံ့ကြည့်၏။

“အို... နာရီ လက်တံက ရပ်နေတာကိုး။ ဒုက္ခပါပဲ။ အချိန်တောင် ဘယ်လောက် ရှိသွားပြီလဲ မသိဘူး”

“ကျုပ်မှာတော့ နာရီနဲ့ တူတာဆိုလို့ ပွဲဈေးထဲမှာ ရောင်းတဲ့ လက်ပတ် နာရီမျိုးတောင် မရှိဘူး မောင်ရင်။ ကလေးတွေ ပွဲဈေးတန်းမှာ ၀ယ်ဝယ် ပတ်ကြတဲ့ ကော်လက်ပတ် နာရီမျိုးကို ကျုပ်လို သက်ကြီးရွယ်အို အမယ် ကြီးက နာရီလေး ပတ်ဖူးတယ် ရှိအောင် ၀ယ်ပတ်တယ်ပဲထား။ လူတွေက ၀ိုင်းကြည့် ပြီး ရူးသွားပြီလို့ ထင်ကြမှာ ပေါ့ကွယ်”

ဟု နှုတ်ခမ်းကို အားပါးတရ ဖွင့်ဟ၍ ရယ်မော စရာအဖြစ် လှောင်ထေ့ထေ့ ပြောနေသည့် အမယ်အိုမှာ ဆင်းရဲသည့် ဘ၀တစ်ခုကို ဖြတ်သန်း လာရတာကိုပင် ထီ မထင်သလိုကြီး ဖြစ်နေသည်။

ထိုစဉ်အခိုက် အဖိုးတန် အ၀တ်အစား တောက်တောက်ပပတွေနှင့် အသက် သုံးဆယ်ကျော်ဝန်းကျင် အမျိုးသမီး တစ်ယောက် ခပ်သုတ်သုတ် လျှောက်လာပါ၏။ ဆံပင်ကို အလှဆုံး ထုံးဖွဲ့ထားကာ ခေါင်းမှာ သဇင်ပန်းတွေ မြိုင်နေအောင် ပန်ထားသည်။ လက်ထဲမှာ လှပသည့် ရွှေရောင်လက်ပွေ့ အိတ်လေးပါ လာလျက်။ ထိုလက်ပွေ့အိတ်သည် ကျောက်လေးတွေစီ ထားတာမို့ အတော်လေးကို လှသည့် လက်ပွေ့အိတ်လေးလည်း ဖြစ်နေပါ၏။ လက် သည်းခြေသည်းကအစ ခရမ်းနုရောင်ဆိုးထားသည်။ လူကလည်း ချောသည်။ ကိုယ်ဟန်ကလည်းလှသည်။ လမ်းလျှောက်လာတာလေးကိုက ဟန်ရှိသည်။ စတိုင်လ် ပါသည်။ ထိုမိန်းမသည်လည်း ဖိနပ် စီးမထားချေ။ အားလုံးကို ဝေ့ကြည့်ကာ ထိုင်လိုက်သည်က ကောင်မလေး၏ နံဘေးမှာဖြစ်သည်။

“အင်း... ပွဲစား လုပ်တယ်ဆိုတာ ဟန်လေးတော့ ကောင်းမှလေ။ ကျွန်မက ပွဲစား ဆိုပါတော့။ ၀ါသနာ ပါလို့ ပွဲစားလုပ်တာ။ လက်ဝတ်ရ တနာတွေကို ကိုင်တွယ် လုပ်ကိုင်ရတာဆိုတော့ မင်္ဂလာ များသပေါ့ရှင်”

ဟုပြောကာ အရင် ရောက်နှင့်နေသည့် လူသုံးယောက်ကို ဝေ့၍ကြည့်၏။ ပြုံးလည်း ပြုံးလိုက်ကာ
“ကျွန်မက ပွဲစားဆိုတော့ စကားကတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြောကို ပြောနေ ရမှလေ။ ကျွန်မမိဘတွက ချမ်းသာတယ်။ အပျိုကြီးဖြစ်တဲ့ ကျွန်မကလည်း ကိုယ်ပိုင် ကားလေးနဲ့ကို ပွဲစား လုပ်နေခဲ့တာ။ ကျွန်မကိုများ မြတ်နိုးကြလို့ပါ ဆိုပြီး စကား ကမ်းကြတဲ့ သူတွေမှ အလွန် များတာရှင့်။ ကျွန်မက ပြောထားလိုက်တယ် ဖေဖေနဲ့ မေမေ့ကိုလေ။ ဖေဖေနဲ့ မေမေတို့ အသက်ကြီး လှပြီ။ သမီး အိမ်ထောင်ဖက် ကောင်းရင် မိဘ စိတ်ချမ်းသာမယ်၊ စိတ်ထား ယုတ်ရင် မိဘတွေ စိတ်လက် ဆင်းရဲရမယ်။ ဒါကြောင့် မယူချင်ပါဘူးလို့။ အိမ်ထောင်ရေး စကားကို ကျွန်မ အမြဲ ငြင်းခဲ့ရတာရှင့်”

ဟုပြောကာ လက်ထဲမှ လက်ပွေ့အိတ်လှလှကို ဖွင့်လိုက်တာ ကြုံတော့ ကောင်မလေး တစ်ချက်လှမ်းကြည့်သည်။ အိတ်ထဲမှာ ဘာမျှရှိ မနေ။ ခါလီ ဖြစ်နေသည့် လက်ပွေ့အိတ်ကို ထိုမိန်းမက လည်းတွေ့၍ တစ်ချက်ကြည့် ပြီးမှ ကမန်းကတန်း ပြန်ပိတ် လိုက်တာကိုလည်း ကောင်မလေး မြင်သည်။

ထိုအမျိုး သမီးကလည်း အိတ်ထဲမှာ ဘာမျှပါမလာတာကို ကောင်မလေးလည်း မြင်သွားပြီဆို တာ သိလိုက်ပုံရပါ၏။ မလုံ မလဲဟန်ဖြင့် ကိုယ်လေးကို မသိမသာလေး အဘွားကြီး ဘက်ဆီသို့ လှည့်လိုက်ပါ၏။ ထိုစဉ်အခိုက် တစ်ဖက်တော အုပ်ဆီမှ ရွေ့လျားမှုတစ်ခု ဖြစ်တည်လာနေတာကို မြင် လိုက်ရသည်။ တောအုပ်၏ အလယ်လမ်းဆီမှ ပေါ်လာ သည်က အဖြူရောင်မြင်း လေးကောင်ကသော အဖြူ ရောင် လှည်းတစ်စီး ဖြစ်ကာ ထိုလှည်းကို မောင်းနေသူက လူကြီးတစ်ယောက် ဖြစ်နေလေသည်။

မြင်းလေးကောင်ကသော အဖြူရောင် လှည်းသည် တစ်ဖက် ကမ်းစပ်မှာ ရပ်၏။ လှည်းပေါ်မှဆင်းလာ သူ လူကြီးသည် အဖြူရောင် ၀တ်စုံနှင့် ဖြစ်လေသည်။ ဖိနပ်သည်လည်း အဖြူရောင် ဖြစ်နေပါ၏။ ချောင်းတစ်ဖက်ဆီမှာ ရှိနေသည့် ထိုလူကြီး၏ ပုံသဏ္ဌာန်ကို ထိုသို့ ရှင်းလင်းစွာ ဤမှာ ဘက်ကမ်းဆီမှ လူ တိုင်းက မြင်နေရတာကိုက ဆန်းနေသည်။ အမြင်သည် အလိုလို ပီပြင် ရှင်းလင်းနေသည့် အဖြစ်။

ထိုလူကြီးသည် သန်မာလျက် အရပ်လည်း မြင့်သည်။ တုတ်ခိုင်သော လက်မောင်း လက်ဖျံလည်း ရှိသည်။ ကူးတို့လှေကို ထိုလူကြီးသည် ဟန်ချက်ညီညီ ခတ်လှော်၍ ဤမှာ ဘက်ကမ်းဆီသို့ လာနေတာကို အားလုံးကလည်း လှမ်းကြည့်ကာ ရေစပ်နား အထိ ဘယ်သူ့ ဘယ်သူမှ မတိုင်ပင်နေကြဘဲ အလို အလျောက် တူညီစွာ စီတန်း သွားရပ် စောင့်လိုက်ကြပါ၏။
ထိုလူကြီး ကမ်းကပ် လာကာ ခတ်နေသည့်ခတ် တက်ကို ရပ်လိုက်ပြီး အား လုံးကိုကြည့်၍
“ဟိုဘက်ကမ်းကို လိုက်ဖို့ စောင့်နေကြတာ မဟုတ်လား”
ဟု အေးစက်သော လေတွေ တိုက်ခတ် လိုက်ရသည့်နှယ် ခံစားရစေသည့် အသံ ဖင့် တည်ငြိမ်စွာ မေးလာတော့ အားလုံး ပြိုင်တူခေါင်းညိတ် လိုက်ကြပါလေ၏။

“ဒါဆို ဟိုးဝါးရုံရိပ်အုပ် အုပ်လေးရဲ့ ညာဘက်ခြမ်းကို အမျိုးသား၊ ဘယ်ဘက်ခြမ်းကို အမျိုးသမီးတွေ သွားပါ။အဲဒီဘက်မှာ အဖြူရောင် အ၀တ်တွေ ခေါက်ထားတာ ရှိနေတဲ့ နေရာကို တွေ့ကြလိမ့် မယ်။ အဲဒါတွေကို ၀တ်လာ ကြရလိမ့်မယ်။ ခင်ဗျားတို့ အခုဝတ်လာတဲ့ အ၀တ်တွေ အားလုံးကို သေသေသပ်သပ် ခေါက်ပြီး အဲဒီမှာ ရှိနှင့်နေတဲ့ ရောင်စုံ အမယ်စုံ အ၀တ်အစား ခေါက်တွေပေါ် စီထပ်တင် ထားခဲ့ကြပါ”
ဟု ပြောလာတော့ လည်း အားလုံး မငြင်း မဆန်ဘဲ သွားလိုက်ကြကာ ပြန်လာတော့ တူညီသော အဖြူရောင် ၀တ်စုံ ၀တ်ထားသူတွေချည်း ဖြစ်ကုန်ကြပါ၏။

လှေပေါ်မှ လူကြီးက လက်ဝတ် လက်စားတွေနှင့် ရှိနေသည့် သူကိုကြည့်ကာ
“ခင်ဗျားရဲ့လက်စွပ် ရယ်၊ လက်ပတ်နာရီရယ်ကို ချွတ်လိုက်ပါ။ ကမ်းဘေးက ဟိုနေရာမှာ တွင်းတွေရှိ တယ်။ ဒီဘက်အစွန်ဆုံးက တွင်းထဲကို အဲဒါတွေ သွားပစ်ချလိုက်ပါ”
ဟုပြောတော့ နှလုံးရောဂါသည် သူဌေးဆိုသူမှ လက်စွပ်နှင့် နာရီကို မချွတ်ရက်နိုင်ဘဲ ရှိလျက်

“စောစောက အ၀တ်တွေဟာလည်း ကျွန်တော့် မိန်းမက ၀တ်ပေးထားတာဗျ။ ကျွန်တော်တို့ မင်္ဂလာပွဲ တုန်းက အ၀တ်အစားလေ။ ဒီလက်စွပ်နဲ့ နာရီကိုလည်း ကျွန်တော် မြတ်နိုးမှန်း သိလို့ ၀တ်ပေးထားတာပါ။ အ၀တ်တွေကိုတော့ ကျွန်တော် လဲခဲ့ ပြီးပါပြီ။ ဒါလေးတော့ ၀တ်ထားချင်တယ် အစ်ကိုကြီးရာ”
ဟု အောက်ကျို့သံဖြင့် ပြောသည်က ပစ္စည်းအပေါ် စွဲလမ်း မြတ်နိုး စိတ်ဖြင့်ပါ။

လှေပေါ်မှလူကြီးက ခေါင်းခါ၍
“အဲသလိုပဲ ခင်ဗျားလိုပဲ ၀တ်ဝတ်လာတဲ့ သူတွေဟာ အများကြီးပဲ။ ယောက်ျား မိန်းမ လာသမျှ လူတိုင်းဟာ အဲသလို ၀တ်လာသမျှတွေကို အဲဒီတွင်းထဲ ချခဲ့ရတာ ဒီ လမ်းရဲ့ထုံးစံပဲ။ ဟိုဘက်ကမ်းကို အဲဒါတွေ သယ်သွားလို့ မရဘူး။ ၀တ်သွားလို့ မရဘူး။ ဟိုညီမလည်း ကျောက်စီထားတဲ့ လက်ပွေ့အိတ်လေး သွားပစ်ချခဲ့ပါဗျာ။ အဲဒီ တွင်းထဲကို”

ဟုပြောတော့ ပန်းသရ ဖူလေးကို ခွေပန်ထားသော ကောင်မလေးကတော့ ငြိမ်သက်စွာပဲ အားလုံးကို ကြည့် နေသည်။ ကောင်မလေးမှာ ရွှေလက်ဝတ်လက်စား မရှိ။ ၀တ်ထားတာကလည်း ပုလဲ အတု ဖန်စီလေးတွေပဲ ဖြစ်နေသည်။ ကောင်မလေးကို ကြည့်ကာ

“ဒီက သမီးလေးက လည်း အဲဒီ လက်ဝတ်လက် စားအတုလေးတွေကိုလည်း သွားပြီး အဲဒီတွင်းထဲ ပစ်ချ ထားခဲ့ပါ”
ဟု ပြောသည်။ ဘာ လက်ဝတ်လက်စားမျှ အတုလည်း မ၀တ်၊ အစစ်လည်းမရှိ သည့် အဘွားကြီးကတော့ ဘာအလုပ်ပိုမျှ မရှိဘဲ ခပ်ငြိမ်းငြိမ်း ထိုင်နေသည်။

ဘန်ကောက်ပုဆိုး ရွှေ ဖလားရောင် ၀တ်ခဲ့ရဖူးသည့် သူဌေး ဆိုသူက အဖြူရောင် ၀တ်စုံ လဲဝတ်ထားခဲ့ရလေ သမျှ ခု ထပ်၍ လက်ဝတ် လက်စား ချွတ်ရဦးမည် ဆို တော့ မျက်စိမျက်နှာ ပျက်နေရင်းမှ
“ကျွန်တော့် ဥစ္စာတွေက အစစ်တွေဗျ။ ဟို လက်ပွေ့အိတ်ကလည်း ရွှေအိတ်မှ မဟုတ်တာ။ သူ့ဥစ္စာတွေကလည်း ပုလဲအစစ်တွေမှ မဟုတ်ပဲ။ တွင်းထဲ အတူတူ ပစ်ထည့်လို့တော့ ဘယ်ကောင်းမလဲ”
ဟု မခံချင်သံဖြင့်ပြောတော့ လှေပေါ်မှလူက ပြုံးသည်။ ဖြူဖွေးသော သွားတွေ ပေါ်လာအောင် တစ်ချက်ရယ် လိုက်တော့ သွား၏ အလှကို အားလုံး ဂရုမပြုဘဲ နေ၍ကို မရနိုင်ပဲဖြစ်ကုန်ရသည်။

“အဲဒီတွင်းထဲမှာ ရှိနေတဲ့ လက်ဝတ် လက်စားတွေဟာ အားလုံး အခုလိုပဲ ရောထွေး နေကြတာပါပဲ။ ရွှေ ငွေလက်ဝတ် ရတနာတွေ၊ အလှဝတ်သက်သက် ဖြစ်တဲ့ လက်ဝတ်လက်စား အတုတွေ၊ အဲဒါတွေ အားလုံးဟာ လူတွေ ၀တ်ဆင်ကြတဲ့ ပစ္စည်း ဖြစ်တာချင်းတော့ အတူတူပဲလေ”
ဟု ခပ်အေးအေး ပြန်ပြောတော့ နာရီဆရာက ငြိမ်နေချင်ဟန် မရှိဘဲ အတွန့်တက်သည်။

“အဲသလို အဖိုးတန် လက်ဝတ်လက်စားတွေ အဲသလိုပဲ ပစ်ထားခဲ့ရလို့ စိတ်ချရပါ့မလားဗျ။ သူများတွေ လာယူ ကုန်ကြမှာပေါ့။ ကျွန်တော့် ပစ္စည်းတွေ အဆုံးရှုံးခံ လိုက်ရမှာလားဗျ အစ်ကို ကြီးရ”
ဟု လက်စွပ်နှင့် နာရီကို နောက်ဆံငင်လျက် စိတ်လက် မဖြောင့်နိုင်ဘဲ ပြောတော့ ဤတစ်ကြိမ်မှာတော့ လှေ ပေါ်မှလူသည် တစ်ချက် ခပ်တိုးတိုး ရယ်၏။

“အဲဒီဥစ္စာတွေကို ဘယ် သူကမှ လာယူကြတာ မရှိနိုင်ဘူးလေ။ ခင်ဗျားရဲ့ ဥစ္စာတွေ ပစ်ချ ထားခဲ့ရမယ့် တွင်းရဲ့ ဟိုဘက်မှာ ပြည့်နေပြီ ဖြစ်တဲ့ တွင်းတွေ တန်းစီ နေတာပဲ မဟုတ်လား။ ဒီနေရာမှာ ဘာပစ္စည်းကိုမှ ဟိုဘက်ကို ဘယ်သူကမှ သယ်သွားလို့ မရသလို ဒီနေရာကို ရောက်လာတဲ့ သူတိုင်းဟာ ဒီလိုပဲ တွင်းထဲကို ပစ္စည်းတွေ ပစ်ချ ထားခဲ့ရမှာပဲဗျ။ ဟိုဘက်ကို အဖြူရောင် အ၀တ်အစား တစ်မျိုးတည်းက လွဲပြီး ဘာနဲ့မှ ကူးလို့ မရကြဘူးလေ။ ခင်ဗျားတို့ ရှေ့က လူတွေလည်း ဒီ လိုပဲ ဟိုဘက်ကမ်းကို ကူးကြ ရသလို ခင်ဗျားတို့နောက်က လူတွေလည်း ဒီလိုပဲ ဟိုဘက် ကမ်းကို ကူးကြရမှာပဲ”
ဟု ပြတ်ပြတ်သားသား ပြောလိုက်တော့ အားလုံး နာခံလိုက်ကြရပါ၏။

ပြန်ရောက်လာကြ တော့ လှေပေါ်မှ လူကြီးက လက်ဝါးဖြန့်လိုက်သည်။
“ကဲ... ဟိုဘက်ကမ်းကို ကူးကြမယ်။ ကူးတို့ခတော့ ပေးကြဗျ”
ဟု အဖိုးစားနားကို စတင်၍ တစ်ပြိုင်နက်တည်း အားလုံးထံမှ တောင်းစဉ်ခိုက် အားလုံးသည်လည်း ဘယ် သူ့ဘယ်သူမှ အချက်ပေးလိုက်ရန် မလိုအပ်ဘဲ ပြိုင်တူ နီးပါးမျှပင် ပါးစပ်ကို ဟ လိုက်ကြကာ ပါးစောင်တွင် ငုံထားလျက် ရှိနေသော မတ်စေ့ကို ထုတ်ယူ လိုက်ကြသည်။ လှေကူးတို့ ရှင်ထံသို့ လည်း ကမ်းပေးလိုက်ကြသည်။

နောက်တော့ အားလုံးသည် တစ်ယောက်ပြီး တစ်ယောက် ကူးတို့ လှေပေါ်သို့ တက်လိုက်ကြပါ၏။ ကူးတို့လှေသည် တစ် ဖက်ကမ်းဆီသို့ ဦးတည် လှော်ခတ်သွားချိန်မှာ...။ ကိုယ့်အကြောင်းကို ဘာမျှ မပြောဘဲ ရှိနေသူ...။ ကိုယ့်အကြောင်းကို ပြောပြတတ်သူများ...။ ချမ်းသာသူနှင့် ဆင်းရဲ သူတို့သည် တစ်ကြိမ်တည်း မှာပင် တစ်ဖက်ကမ်းဆီသို့ အဖြူရောင် ၀တ်စုံတစ်စုံ တည်းသာ ၀တ်ဆင် ထားရသူများ အဖြစ် တူညီစွာသော ချောင်းကူးသူများ အဖြစ် ထွက်ခွာ သွားကြပါချေသည်။ လွမ်းသူ့ပန်းခြင်းများ ...၊ ပန်းစည်းများ...၊ ပန်း ခွေများ အထပ်ထပ် စီသွယ် တန်းရာ ပန်းတွေ ခြံရံသော မြေလမ်း...။

အဖိုးတန်ပန်း၊ တန်ဖိုး မကြီးသော ပန်းတို့ဖြင့် ကွဲပြားစွာ ရှိနေပါသော်လည်း ထိုပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်းတို့ ဆီမှ မွှေးရနံ့တွေကတော့ တစ်ပြန့်တစ်လျား သင်းပျံ့ မွှေးလွင်နေလျက်...။ ထိုကူးတို့ ဆိပ်လေးဆီသို့ နောက်ထပ် ရောက်လာချေ ဦးမည့် သူများကို ပန်းတို့ခြံရံရင်း တိတ်ဆိတ်စွာဖြင့် ပန်းတို့၏ သခင်မြေလမ်းလေးက လဲလျောင်း စောင့်ဆိုင်း နေချေ သည်တကား...။

မျှဝေ ခံစားခြင်းများစွာဖြင့်
မဟူရာ၊လွိုင်ကော်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၁)

Wednesday, November 9, 2011

High-Rise Buildings တွေအတွက် M&E ဒီဇိုင်း

High-rise building တစ်ခုအတွက် ဒီဇိုင်း လုပ်တဲ့ အခါ ပြဿနာ တစ်ခု အတွက် အဖြေက တစ်ခုထဲ မဟုတ် နိုင်တော့ပါဘူး။ အရွယ်အစား နဲ့ Configuration တူနေရင် တောင် မှ Site Location မတူတာ နဲ့ပဲ သုံးသင့်တဲ့ M&E Systems နဲ့၊ Central Plant ထားသင့်တဲ့ နေရာ တူချင်မှ တူပါမယ်။ ရာသီဥတု အခြေအနေ နဲ့ ဒေသ ရဲ့ စီးပွားရေး အခြေအနေ နဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ စတဲ့ အချက်တွေကလည်း M&E Systems တွေ ရွေးချယ်ရာ အကြောင်းရင်း တစ်ချို့ဖြစ်ပါတယ်။
ထူးခြားတဲ့ အခက်အခဲ နဲ့ ထည့်သွင်းစဉ်းစား ရမဲ့ အချက် တွေကတော့
  1. Architectural Design
  2. Life Safety (အရေးပေါ် အခြေအနေ မှာ လူတွေ ဘေးမသီ ရန်မခ လွတ်မြောက် အောင် ဘယ်လိုလုပ်ထား ရမှာလဲ။ မီးသတ်စနစ် တွေ၊ မီးဘေး ကာကွယ်ရေး စနစ်တွေ က ရော ဘယ်လိုလုပ်ရမှာလဲ။)
  3. Space Requirements (နေရာ လိုအပ် ချက်)
  4. Ventilation
  5. Water / Hydronic Systems Pressure(ရေဖိအား ကို ဘယ်လို ထိန်းမှာ လဲ။ ဒါက ရေသုံးတဲ့ စနစ် တိုင်း အတွက် စဉ်းစားရမှာပါ။)
  6. Electrical Distribution, Wiring & Voltage Drops
  7. ELV Signals
  8. Lightning Protection
MEP Systems တွေကို ဒီဇိုင်းလုပ် သူတွေ အတွက် Architectural & Structural Design တွေကို ဒီဇိုင်းလုပ်ပေး စရာမလို ပေမဲ့ ကောင်းကောင်း ကြည့်တတ် ပြီး နားလည်နိုင်ဘို့ လိုအပ်ပါတယ်။
  1. Architectural Design
    1. Penthouse Design
      အပေါ်ဆုံး အမိုးပေါ် မှာ Elevator Equipments, နဲ့ Elevator overtravel, Cooling Towers, Exhaust Fans နဲ့ အခြား Equipment ကို ငုံပြီး ကာထား တဲ့ အထပ် တစ်ထပ် ထည့်ဆောက် တာပါ။ Elevator Overtravel ဆိုတာ ကတော့ ဓာတ်လှေကား လိုအပ်တဲ့ အတိုင်း အချိန်မီ မရပ်နိုင်ခဲ့ရင် အရှိန်လျော့ ဘို့ အတွက် ချန်ထားတဲ့ နေရာ (အမြင့်) ကိုခေါ်တာပါ။ ဒါက အခြေခံကျ တဲ့ ပုံစံ ဖြစ်ပြီး နိုင်ငံ အတော် များများ နဲ့ မြို့ အတော်များများ မှာ အာဏာပိုင် အဖွဲ့ အစည်းတွေ ရဲ့ လိုအပ်ချက်ဖြစ်ပါတယ်။

    2. Flattop Design

      အပေါ်ဆုံး တစ်ထပ်၊ နှစ်ထပ် ကို Cooling Towers, Air Handling Units တွေနဲ့ Elevator Equipments စတဲ့ Upper-Level M&E equipments တွေ ထားဘို့ အတွက် ဒီဇိုင်းလုပ် ထားတာပါ။ ထင်ရှားတဲ့ အဆောက်အအုံ ကတော့ 9/11 တုန်းက ဖျက်ဆီး ခံခဲ့ရ တဲ့ New York -World Trade Center ဖြစ်ပါတယ်။

    3. Intermediate Floor Bands Design

      အထပ် ၃၀ ထက်မြင့်တဲ့ အဆောက်အအုံ တွေမှာ Central M&E Equipments တွေ ကိုထား ဘို့ အတွက် ကြားမှာ Intermediate Floor ထားရှိ ရပါတယ်။ M&E Systems တွေအတွက် အထပ်အမြင့် ပိုလိုတာမို့ ဒီ Intermediate Floors တွေ ရဲ့ Façade ကို အခြား အထပ်တွေ နဲ့ မတူခြားနား တာကို မြင်တွေ့ နိုင်ပါတယ်။

    4. Signature Design

      ၁၉၉၀ နောက်ပိုင်းမှာ အထိန်းအမှတ် ပုံစံ အနုပညာ အဆောင်အယောင် တွေနဲ့ သီးသန့် အလှဆင် ထားတဲ့ Sculpture-Type rooftops တွေ ခေတ်စား လာခဲ့ပါတယ်။ ဒီပုံစံ တွေမှာ Cooling Tower တွေကို မြေညီထပ် နဲ့ နီးတဲ့ နေရာ ပို့ချင်ပို့ ဒါမှမဟုတ် အဆောက်အအုံ ထဲမှာ ထည့်ထားချင် ထည့်ထား ရပါလိမ့်မယ်။

  2. Life Safety
    • အရေးပေါ် အခြေအနေ၊ လိုအပ်ချက် တွေပါဝင်ဘို့ လိုပါတယ်။ အဓိက ကတော့ မီးဘေးအန္တရာယ် ပါ။ မီးအန္တရာယ် ဆိုတာမှာ မီးသာ မက ဆက်နွယ် နေတဲ့ မီးခိုး၊ အဆိပ် အတောက် တွေ နဲ့၊ မီးကြောင့် ပြိုကျ ပျက်စီး မဲ့ အဆောက်အအုံ ရဲ့ အစိတ်အပိုင်း တွေ ကိုပါထည့်သွင်း စဉ်းစား ရပါမယ်။
    • အများအားဖြင့် mixed occupancies ရုံးခန်းတွေ၊ ဆိုင်ခန်း၊ ဈေး (Office Premises, Shopping Malls, Retail Outlets, Amusement Arcade, Residents, Mass Transport Terminals) တွေ ပါရှိ နိုင်ပါတယ်။ အရွယ်အစား အလယ်အလတ် လောက် ရှိတဲ့ High-Rise Building တစ်ခုမှာ ရှိနေနိုင် တဲ့ Occupants (လူတွေ) ၅၀၀ ကနေ ၁၀၀၀ လောက်ရှိ နိုင်ပြီး အရွယ်အစား ကြီးမားတဲ့ City နာမည် တတ်ထားနိုင်တဲ့ အဆောက်အအုံ တွေမှာ ဆို လူထောင်ပေါင်း များစွာ ရှိနေနိုင် ပါတယ်။ ဒီအထဲ မှာ ပတ်ဝန်းကျင် နဲ့ စိမ်းနေသေးတဲ့ ဧည့်သည် တွေ၊ ကလေးတွေ၊ မစွမ်းမသန် တွေ၊ သက်ကြီးရွယ်အို တွေ ပါ ရှိနိုင်တာမို့ အားလုံးကို အန္တရာယ် ကင်းကင်း ထွက်ခွာ စေနိုင်ဘို့ နဲ့ ရွှေ့ပြောင်း ပေးနိုင်ဘို့ အခက်အခဲ တွေ ရှိနေနိုင် ပါတယ်။
    • ဘယ်လို အခက်အခဲ ပဲရှိရှိ Occupants တွေရဲ့ Safety (အန္တရာယ် ကင်းရှင်းရေး) နဲ့ Well-Being (ကောင်းကျိုးချမ်းသာ ရရှိရေး) တွေ က မရှိမဖြစ် ပါဝင်ရမဲ့ အချက်တွေ ပါ။
    • ဒီလို အန္တရာယ် ကင်းကင်း လွတ်မြောက်နိုင်ဘို့ အချိန်ကို တွက်ချက် တဲ့ အခါ ASET > RSET ဖြစ်ရပါမယ်။
      • ASET (Available Safe Egress Time) ရရှိနိုင် တဲ့ အချိန်
      • RSET (Required Safe Egress Time) လိုအပ် တဲ့ အချိန်

    1. Structural Safety (Passive Fire Protection)
      1. Purpose Groups
        • လူတွေ အသုံးပြုတဲ့ အခြေအနေ ပေါ်မူတည် ပြီး Purpose Groups ခွဲပေးရပါတယ်။
        • Compartments လို့ခေါ်တဲ့ မီးဒါဏ်ခံ နိုင်တဲ့ အခန်းတွေ ဖွဲ့တာ တို့၊ စီစဉ်တာ တို့လုပ်ရ ပါမယ်။
      2. Fire Appliance Access
        • မီးသတ်တပ်ဖွဲ့ နဲ့ မီးသတ်ကားတွေ အချိန်မရွေး ဝင်လို့ရအောင်၊ မီးသတ်ကား ဝင်လို့ ရတဲ့ လမ်း နဲ့ ရပ်စရာ နေရာ တွေ၊
        • မီးသတ်တပ်ဖွဲ့ အရံသင့် သုံးစရာ Fire Appliances တွေ ကို ထည့်သွင်း စဉ်းစားရ ပါမယ်။
      3. Walls & Floors
        • အဆောက်အအုံ ရဲ့ အစိတ်အပိုင်း တွေ ကို လိုအပ်တဲ့ အချိန် အတိုင်းအတာ အထိ မီးဘေး၊ ဒါဏ်ခံ နိုင်ဘို့ FRR (Fire Resistance Rating, ) ကို သတ်မှတ် ပြီး ၊ သတ်မှတ်ချက် အတိုင်း ဆောက်လုပ် ရပါမယ်။
        • Purpose Group နဲ့ Dimension (အခန်း ရဲ့ အရွယ်အစား) ကို လိုက်ပြီး လိုအပ် တဲ့ minimum periods of fire resistance (hours) ကို သတ်မှတ် ရပါတယ်။
      4. Means of Escape
        • ရှိနေနိုင်တဲ့ လူအရေအတွက် နဲ့ နေရာ အကွာအဝေး ကို မူတည်ပြီး လိုအပ်တဲ့ အရေးပေါ် Emergency Exits (ထွက်ပေါက်) တွေ Staircases (လှေခါး) တွေ ကို ထည့်သွင်း ရမှာ ဖြစ်ပြီး၊ အထူးသဖြင့် အဲဒီနေရာ တွေကို မီးဒါဏ် ခံနိုင်ဘို့ နဲ့ မီးခိုး မရောက် လာစေဘို့ ဒီဇိုင်းလုပ်ရ ပါတယ်။
        • ရွေးစရာ Alternative Means of Escape ရှိထား ရပါမယ်။
        • Mean of Escape ဆိုတာက အန္တရာယ်ကင်း တဲ့ နေရာ (ဥပမာ၊ အဆောက်အအုံ ရဲ့ အပြင်ဘက်၊ (သို့) အဆောက်အအုံ အတွင်း အန္တရာယ်ကင်းကင်း ခိုနားစရာ နေရာ) တွေဆီ လမ်းညွှန်ပေးနိုင်မဲ့ အနီးစပ်ဆုံး လမ်းကြောင်း ကိုဆိုလိုတာ ပါ။ အထပ်မြင့် တော့ Ground Floor မရောက်ခင်ကြားမှာ ခိုနားစရာ နေရာ Refuge Floor လိုအပ်ကောင်း လိုအပ် ပါလိမ့် မယ်။
        • အဆောက်အအုံ အတွင်းပိုင်း လူရှိ နေနိုင်တဲ့ နေရာ အားလုံး ကနေ လွယ်လွယ်ကူကူ ထွက်ခွာ နိုင်ဘို့ Exit Path တွေ လိုပါတယ်။
        • Unprotected Areas, leading direct to exit
        • Protected Areas, leading direct to exit
        • Protected Areas ဆိုတာကတော့ မီးအန္တရာယ် (အပူ၊ မီးခိုး) ကို အတိုင်းအတာ တစ်ခုထိ အကာအကွယ် ပေးနိုင်တဲ့ နေရာတွေ ကို ခေါ်တာပါ။
        • သွားရမဲ့ အကွာအဝေး ဖြစ်တဲ့ Travel Distance ကို စဉ်းစားရပါမယ်။
        • Staircase
          • လှေကား ဆိုရင်လည်း ဘယ်လောက်ကျယ်ရမယ်။ လှေကား ဆိုတာ လူတွေ အရွယ်မရွေး တက်နိုင်ဆင်းနိုင် တဲ့ ခပ်ပြေပြေ Staircase ကိုဆိုလိုတာ ပါ။ မတ်စောက်လွန်း တဲ့ Ladder ကိုဆိုလိုတာ မဟုတ်ပါဘူး။ Staircase ကိုလည်း လှေကားထစ် တစ်ခုနဲ့ တစ်ခု ညီညီညာညာ မျှမျှတတ ရှိရပါမယ်။ ခြေနင်း အကျယ် အမြင့် သင့်တော် အောင် ထားရပါတယ်။ မလေးရှား၊ စကာင်္ပူ မှာ ခြေနင်းပြား အရွယ် Thread Width အနည်းဆုံး ၁၀” (255mm Min) လှေကားထစ် တစ်ထစ် အမြင့် ၄ - ၇” (102mm - 180mm Max) ရှိရပါမယ်။ NFPA အရတော့ Thread Width အနည်းဆုံး ၁၁” (279mm Min) လှေကားထစ် တစ်ထစ် အမြင့် ၄ - ၇” (102 to 178mm) ရှိရ မယ်လို့ ဆိုပါတယ်။ ကြောင်လိမ် လှေကား သုံးခွင့် ရရင်တော့ လိုအပ်ချက် ကို ထပ်မံစစ် ဆေး ရမှာ ဖြစ်ပါတယ်။
          • လှေကား မှာ ရွေးစရာ အရံ တစ်ခု အနည်းဆုံး ပါဝင်သင့်ပါတယ်။ ပြီးတော့ ဒီလှေကားတွေ အမိုးပေါ် အထိ ပေါက် ဘို့ လည်း လိုအပ် ပါတယ်။ ပြီးတော့ မြေပြင်ပေါ် အန္တရာယ် ကင်းကင်း ထွက်ခွာ နိုင်တဲ့ ထွက်ပေါက် လည်း ပါဝင်ရ ပါမယ်။ လူတွေ ယောင်ယောင်မှား မှာ မဖြစ် စေဘို့ မြေအောင် လှေကား နဲ့ မြေပေါ် လှေကား ကို သီးသန့် ခွဲ ထားပေးရပါမယ်။
          • ပြင်ပ လေထု နဲ့ တိုက်ရိုက် မထိနေတဲ့ အဆောက် အအုံ ရဲ့ အတွင်းပိုင်းဖြစ် နေရင် Pressurization (Inflation) System လို့ ခေါ်တဲ့ မီးခိုးမဝင် အောင် လေကို ဖိ မှုတ် ပေးနေနိုင် တဲ့ Blower (Fan) တွေ ကို တွက်ချက် တတ်ဆင် ပေးရပါမယ်။ အပြင်ဘက် မှာ ဆိုရင် တော့ လုံလောက်တဲ့ Natural Ventilation Louvers တွေပါဝင် ရပါမယ်။


      5. Elevator use for Evacuation

        • နိုင်ငံ တော်တော် များများ မှာ Elevator နဲ့ Evacuate လုပ်တာကို တားမြစ်ထား ဆဲပါ။ US က NFPA Code မှာတော့ အတိုင်းအတာ တစ်ခု အထိခွင့်ပြု ထားပါတယ်။ အမေရိကန် Architects တွေကတော့ Elevator သုံးနိုင်ဘို့ ကို အားသန် ကြပါတယ်။
          NFPA Code : An elevator complying with the requirements of Section (x.x) and (x.x.x) shall be permitted to be used as a second means of egress from towers, as defined in (x.x.xxx), provided that the following criteria are met:
          1. The tower and any attached structure shall be protected throughout by an approved, supervised automatic sprinkler system in accordance with Section (x.x.)
          2. The tower shall be subject to occupancy not to exceed 90 persons.
          3. Primary egress discharges shall be directly to the outside.
          4. No high hazard content areas shall exist in the tower or attached structure.
          5. One hundred percent of the egress capacity shall be provided independent of the elevators.
          6. An evacuation plan shall be implemented, specifically including the elevator, and staff personnel shall be trained in operations and procedures for elevator emergency use in normal operating mode prior to fire fighter recall.
          7. The tower shall not be used by the general public.


        • အဓိက စိုးရိမ်ကြတာ ကတော့ မီးလောင်တဲ့ အထပ်မှာ Elevator ရပ်ပြီး လူတွေပိတ်မိ နေမှာ ကိုပါ။ Elevator သုံးခွင့် ရဘို့ အတွက် Elevator Shaft ရော Elevator Lobby ကိုပါ Fire Compartment လုပ်ပြီး Pressurized လုပ်ရပါတယ်။ အရှိန် နဲ့ သွားနေတဲ့ Elevator ကြောင့် ဖြစ်ပေါ် လာတဲ့ Piston Effect ကိုထိန်းနိုင် ဘို့ ကလည်းမလွယ် ပါဘူး။
        • လူကြီးတွေ၊ မသန်မစွမ်း တွေ အတွက် အထပ်မြင့် ကို ခြေကျဉ် လျှောက်ဆင်း ဘို့ ကလည်း မလွယ်တာ မို့ Elevator သုံးသင့်၊ မသုံးသင့် ဆိုတဲ့ အချက်က စဉ်းစားစရာ ဖြစ်လာ ပါပြီ။



    2. Fire Protection Modes
      M&E Systems တွေကို အကြမ်း ရှင်းပြထားတာ ကို အရင် တင်ပြခဲ့တဲ့ M&E Systems ဆိုတာ ဘာတွေလဲ။ မှာ လေ့လာနိုင်ပါတယ်။
      1. Fire Detection, Alarm and Communication Systems
        • Heat Detectors / Smoke Detectors
        • Heat Detectors: က အပူကို အာရုံခံတာ ပါ။ Smoke Detectors ကတော့ မီးခိုးကို အာရုံခံတာ ပေါ့၊ ဒါတွေ နဲ့ Fire Alarm (မီးလှန့် အချက်ပေး စနစ်) ကို Activate လုပ်မှာ ပါ။
        Communication Systemsဆက်သွယ်ရေးစနစ်တွေကတော့
        • မီးသတ်တပ်ဖွဲ့ အချင်းချင်း ဆက်သွယ် နိုင်ဘို့ အတွက် Fire Brigade communication Systems
        • အရေးပေါ် အခြေအနေ မှာ လူတွေ စနစ်တကျ Evacuate လုပ်နိုင်စေဘို့ ညွှန်ကြားပေးနိုင်ဘို့ အတွက်၊ Public Address Systems

      2. Extinguishing Systems မီးကို ငြိမ်းသတ် ဘို့ အတွက် လိုအပ်တာ တွေကတော့
        • Portable Fire Extinguishers
        • Sprinkler Systems
        • Standpipes (Wet / Dry Rising Mains)
        • Fire Hoses (Hose reels)

        High-rise Buildings တွေ အတွက် အထက်က မီးသတ်စနစ် ၄ -ခု လုံး လိုအပ်ပါတယ်။
        အချို့နိုင်ငံ တွေ မှာ Residential High rise (လူနေအိမ်ခန်း) တွေ Sprinkler Systems
        မပါတာ ကို လျှော့ပေါ့စဉ်းစားပေး တတ်ပါတယ်။ Sprinkler Systems က မီးသတ် ရာမှာ အထိရောက်ဆုံး မို့ ဖြစ်နိုင်ရင် ပါအောင် ထည့်ပေးရ ပါမယ်။ Data Center လိုနေရာ မျိုးမှာ Gas Suppression System ထည့်ပေးထား လို့ Sprinkler ကိုဖြုတ် မပစ်သင့် ကြောင်း Fire Engineer တွေက ဆိုပါတယ်။

      3. Emergency Lighting and Standby Power
        အရေးပေါ် အခြေအနေ မှာ သုံးလို့ ရမဲ့ Standby Power (Usually by Diesel Generator) ကို စဉ်းစားတဲ့ အခါ အောက်မှာ ဖော်ပြထားတဲ့ စက်ပစ္စည်း တွေ နဲ့ အရေးပေါ် လိုအပ်ချက် တွေ အပေါ် မှီပြီး တွက်ချက် ရပါမယ်။
        • Electric Fire Pumps
        • Emergency Command Center / Fire Command Center Equipment & Lighting
        • Fire Lifts (serving all floors)
        • Mechanical Equipment for Smoke Proof Enclosure
        • Power for Detection, Alarm, and Communication Systems
        • Emergency Lightings

      4. Emergency Command Center
        Emergency Command Center (အရေးပေါ် အခြေအနေ မှာ စီမံခန့်ခွဲ လမ်းညွှန် မဲ့ သူနဲ့ ပစ္စည်း တွေထားတဲ့ အခန်း) မှာ ဒါတွေ ထားရမယ်။
        1. Voice fire alarm system panels and controls
        2. Fire department two-way telephone communication (ဆက်သွယ်ရေး စနစ်) service panels and controls where required by another section of this Code
        3. Fire detection and fire alarm system annunciation panels
        4. Elevator floor location and operation annunciators (ဓာတ်လှေကား နေရာပြ)
        5. Sprinkler valve and waterflow annunciators
        6. Emergency generator status indicators
        7. Controls for any automatic stairway door unlocking system
        8. Fire pump status indicators
        9. Telephone for fire department use with controlled access to the public telephone

    3. မီးစလောင်ရခြင်း အကြောင်းရင်းများ
      • Fire Ignition (အလိုအလျောက် မီးပွင်)့
      • Faulty Electricity (လျှပ်စစ်လျှော့ခ်)
      • Smoking (ဆေးလိပ်မီး)
      • Arson (တို့မီး၊ ရှို့မီး)
      • Cooking (ချက်ပြုတ် မီး)
      • Renovations (အတွင်းပိုင်း ပြန်လည်ပြင်ဆင်မှု လုပ်နေစဉ်)

    4. မီးဒါဏ်ခံ ရခြင်း အကြောင်းရင်းများ
      • လုံလောက် တဲ့ မီးသတ်စနစ် မရှိခြင်း
      • အချက်ပေးစနစ် ၊ အန္တရာယ်ကင်းသောလမ်းကြောင်း မရှိခြင်း
      • လျှင်မြန်တိကျသော တုံ့ပြန် မှု မရှိခြင်း
      • အချက်ပေးမှု ညံ့ဖျင်းခြင်း

    5. High-rise Building Fire Tragedies (အထပ်မြင့် အဆောက်အအုံ မီးဘေးသင့်မှုများ။)
      1. Dupont Plaza, Puerto Rico
        • December 1986 New Year’ s Eve (နှစ်သစ်ကူး အကြိုည) မှာဖြစ်ခဲ့တဲ့ မီးလောင်မှုပါ။
        • ဟိုတယ် အလုပ်သမား သုံးယောက် က လစာ နဲ့ ကျန်းမာရေး ခံစားခွင့် တွေကို မကျေနပ် ရာက အလုပ်သမား အဖွဲ့ နဲ့ တိုင်ပင် အချို့ က အပြင်မှာ ဆန္ဒပြ နေတဲ့ အချိန် အချို့ က Ballroom နဲ့ Ground Floor မှာ ဆီလောင်း မီးရှို့ ကြပါတော့တယ်။ အမှန်က Tourists တွေကို မတည်းအောင် ကြောက်လန့်အောင် လုပ်ချင်တာပါ။ ဒါပေမဲ့ မီးက လူ ၉၇ ယောက် ကိုသေဆုံးစေခဲ့ ပြီး လူ ၁၄၀ လောက် ကို ဒါဏ်ရာရစေခဲ့ ပါတယ်။
        • အများစု က မီးခိုးမွှန် လို့ သေဆုံး ရတာပါ။
        • မီးသတ်စနစ် မလုံလောက် တာရယ်။ ထွက်ပေါက် က တံခါး တွေက အပြင်ကိုဖွင့်တာ မဟုတ်ပဲ အတွင်းကို ဖွင့်တာတွေ ဖြစ်နေပြီး လူတွေ က ကြောက်လန့် တကြား တိုးကြ တွန်းဖွင့်ကြ တော့ ဘယ်လိုမှ ဖွင့်လို့ မရတော့ ပဲ ပိတ်မိ ကုန်ပါတယ်။
        • ဒီ မီးမှာ Rescue Effort တွေ အကြောင်းကို ကြည့်ချင်ရင် တော့

      2. MGM Grand fire (November 21, 1980)
      3. Fire at Las Vegas Hilton (February 10, 1981)


  3. နေရာလိုအပ်ချက်
    M&E Space လိုအပ်ချက်တွေ ကို အရင် တင်ပြခဲ့တဲ့ ၁.၄ ၊ နေရာ လျာထားသတ်မှတ်ခြင်း။ မှာ လေ့လာနိုင်ပါတယ်။
    • အရင်တုန်းက Post မှာ တင်ပြခဲ့သလို M&E Systems တွေဟာ နေရာ အတော်ယူပါတယ်။ အလယ်အလတ် တန်းစား Office Building (ရုံးခန်း အဆောက်အအုံ) တစ်ခုမှာ နေရာ ဧရိယာ ၄% လောက် လိုအပ်ပါတယ်။ ၂၅ ထပ်ရှိရင် တစ်ထပ်စာ လောက်လိုအပ်တာပါ။ ဒီလိုပဲ အထပ် ၅၀ ရှိရင် ၂ ထပ်၊ အထပ် ၁၀၀ ရှိရင် ၄ ထပ် စာ လိုအပ်ပါလိမ့်မယ်။ Initial Planning Stage မှာထဲ က နေရာကို ယူမထားခဲ့ ရင် နောက်မှ လိုချင်သလို ထပ်တိုး ချင်တိုင်း တိုးလို့ ရနိုင်တာမျိုး မဟုတ်တာ ပြောစရာတောင် မလိုတော့ပါဘူး။
    • ရွေးချယ်ထားတဲ့ systems တွေကို မူတည်ပြီး M&E Equipment Spaces တွေဟာ Centralized (သို့မဟုတ်) Decentralized ဖြစ်နိုင်ပါတယ်။ နှစ်ခုလုံး အထပ်တိုင်းမှာ Local Equipments အတွက် နဲ့ Distribution Shafts တွေအတွက် On-Floor (Local Space) နေရာ လိုအပ် ပါတယ်။ အဓိက ကွာခြားချက် ကတော့ Centralized Systems တွေမှာ အဓိက Equipments တွေ အထပ် တစ်ထပ် နှစ်ထပ်မှာ စုစည်းတပ်ဆင် ထားပြီး On-Floor နေရာလိုအပ်ချက် နည်းပါမယ်။ Decentralized Systems တွေမှာ ကတော့ပြောင်းပြန်ပေါ့။
    • High-rise Building အားလုံးလိုလို မှာ Basement Floor (မြေအောက်ထပ်) တစ်ထပ် အနည်းဆုံး ပါလေ့ ရှိပါတယ်။ Underground Parking (ကားရပ်နားရန် နေရာ) Utility Service အတွက်၊ Delivery of Supplies, Fuel Storage
    • Underground Levels က Foundation အတွက် ပိုပြီး ကောင်းမွန် ခိုင်မာတဲ့ Structural Stability ကိုပေးပါတယ်။ သတ်မှတ် ထားတဲ့ Car Parking အရေအတွက် ပါဘို့ City Codes တွေမှာ ပြဋ္ဌာန်းထား လေ့ရှိတာမို့ လည်း Underground Parking က ရှောင်လွှဲလို့ မရနိုင်တဲ့ လိုအပ်ချက် ဖြစ်ပါတယ်။
    • ပုံမှန်အားဖြင့်တော့ M&E Central Plant တွေကို Underground Level မှာ ထားသင့်ပါတယ်။ ဒါပေမဲ့ အမြဲတမ်း ဖြစ်နိုင်တာ မဟုတ်ပါဘူး။ M&E systems risers တွေဟာ Building Core နဲ့ နီးတဲ့ နေရာတွေမှာ ရှိရမှာ မို့ တစ်ခါတစ်ရံ Parking နဲ့ အကူးအသန်း လုပ်ဘို့ ရာမှာ အတားအဆီး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် M&E Central Plant တွေကို Roof (သို့မဟုတ်) Intermediate Level မှာ ထားရနိုင်ပါတယ်။
    • Equipments တွေရဲ့သဘာဝ အရ လည်း နေရာ ကို ရွေးရပါတယ်။ ဥပမာ Cooling Tower ဆိုရင် လေသွားလေလာ ကောင်းတဲ့ အဆောက်အအုံ ရဲ့ အပြင် (သို့) အမိုးပေါ်မှာပဲ ထားလို့ရပါတယ်။ ဒါပေမဲ့ အမိုး ပေါ် တင်ထားဘို့ ဆိုတာကလည်း High-rise Building တွေမှာ လွယ်လှတာ မဟုတ်ပါဘူး။

    • Central Plant Location
      1. Central Plant Room လိုအပ်ချက်တွေ ကို ၁.၄ ၊ နေရာ လျာထားသတ်မှတ်ခြင်း။ မှာပြခဲ့ပါတယ်။
        သတိထားရမှာ က ဒီနေရာလို အပ်ချက်တွေ စဉ်းစားတဲ့ အခါ Structural Column နဲ့ Architectural Detail တွေကို ထည့် စဉ်းစား ပေးဘို့ပါ။
      2. Loading / Unloading (ပစ္စည်းတွေ အတင်အချ လုပ်ဘို့နေရာ) ကို လွယ်ကူစွာ သွားနိုင်၊ ရောက်နိုင် ဘို့၊
      3. M&E Equipments တွေ ပြင်ဆင်ဘို့ လိုအပ်လို့ လဲရမယ်၊ ဖြုတ်ရမယ် ဆိုရင် လည်း သယ်ထုတ်၊ ပြန်သွင်း လုပ်နိုင်ဘို့။
      4. လေဝင်လေထွက် ကောင်းနိုင်ဘို့ Outside Air Supply နဲ့ Exhaust Air Discharge တွေနဲ့ နီးနီးနားနားဖြစ်ဘို့။ (ဒီနေရာ မှာ Outside Air Supply နဲ့ Exhaust Air Discharge ကြားမှာ လုံလောက် တဲ့ အကွာအဝေး ရှိရမယ် ဆိုတဲ့ အချက်ကိုလည်းစဉ်းစား ရမှာပါ။ အနည်းဆုံး 5m (16.5 ft) နဲ့ တစ်ခါတစ်ရံ 8m (26.2 ft) လောက်အထိ လိုအပ်နိုင်ပါတယ်။)
      5. လုံလောက် တဲ့ Floor Height (အထပ် အမြင့်) ရနိုင်ဘို့
      6. အဆင်ပြေပြေ Car Parking Plan (ကားရပ်နား စရာ နေရာတွေ) နဲ့ သင့်တော်စွာ ဆက်စပ်နိုင်ဘို့။
      7. Safety (အန္တရာယ် ကင်းဝေး စေဘို့) - ဥပမာ Boilers, Chillers, Liquid Filled Transformers တို့လို M&E Equipments တွေမှာ Stored Energy နဲ့ Toxic Material တွေ ပါဝင်ပါတယ်။ ဒါကြောင့် ဒီ Equipments တွေကို Fireproof Walls တွေနဲ့ ကာရံထားရ ပါမယ်။
      8. M&E System Components တစ်ခု နဲ့ တစ်ခု ကြား နီးနီးနားနား ဖြစ်စေဘို့။ ဥပမာ Chiller ရဲ့ Condenser နဲ့ Cooling Towers ကြား၊
      9. Piping System Pressure - Hydrostatic Pressure ကို လိုအပ်ချက် လည်းရအောင် ခံနိုင်ရည် ထက် လည်း မလွန်အောင် ဘယ်လိုလုပ် မှာလဲ၊
      10. Ease of Maintenance ထိန်းသိမ်းဘို့
      11. Vibration and Noise from Equipment စက်ခန်းတွေ နဲ့ နီးတဲ့ နေရာမှာ တိတ်ဆိပ်ငြိမ်သက် မှုကို လိုအပ်တဲ့ အခန်းမျိုး ရှိရင် အတော် ခက်ခဲပါတယ်။
      12. Aesthetics : Architects အများစု က M&E Plants တွေကို ဖုံးကွယ်ထားချင် ကြပါတယ်။ အချို့ Architects တွေကတော့ M&E Plants တွေကို မြင်ကွင်းမှာ ပြသထားလိုကြပါတယ်။ ဒါကြောင့် M&E Plant တွေက Architect's Concept ကို လိုက်ပြီး အနုပညာ အားဖြည့်ပေး နိုင်တာ ရှိသလို၊ အားပျော့ စေနိုင်တာ လည်း ရှိပါတယ်။
      13. Code and Authority Requirements တချို့ နိုင်ငံတွေမှာ လည်း Authorities တွေရဲ့ လိုအပ်ချက်ကလည်း Fire Water Tank နဲ့ Fire Fighting Equipments တွေကို Ground Floor (or) Basement 1st Storey မှာပဲ ထားရပါတယ်။ သောက်ရေ ပေးတဲ့ Utilities Authorities တွေကလည်း Storage / Transfer Tank (ရေကန်) တွေကို Basement Floor တွေမှာ Flood (ရေလွှမ်း) ခဲ့ရင် ရေညစ်တွေ ဝင်မှာစိုးလို့ ပါ။

    • Cooling Towers
      • တစ်ခါတစ်ရံ Podium လို့ခေါ်တဲ့ Tower အောက်ခြေမှာ ပိုပြီး ကျယ်တဲ့ အထပ်တွေ ပါခဲ့ရင် Podium Roof ကို သုံးလို့ရကောင်း ရနိုင်ပါတယ်။
      • Cooling Tower ရဲ့ Exhaust က Moisture Saturated Air ဖြစ်တဲ့ အပြင် Fresh Air အနေနဲ့ သုံးဘို့မသင့်တော် တာမို့ Fresh Air Intake တွေကို Cooling Tower နဲ့ဝေးရာ မှာပဲထားရပါတယ်။

    • AHU
      • AHU မှာ ဘာ components တွေထည့်မှာလဲ။
      • AHU Components
        • Mixing Box – Fresh Air (with or without pre-cool) နဲ့ Return Air ကို သမအောင် ရောစပ်ဘို့ ပါ။ တစ်ခါတစ်ရံ Room Plenum လုပ်ခွင့်ရရင် Mixing Box မလိုပါဘူး။ Room Plenum ဆိုရင် AHU အခန်းက Plenum ဖြစ်သွားတာပါ။ AHU အခန်းထဲက လေကို တိုက်ရိုက် စုတ်ယူတဲ့အခါ Negative Pressure ဖြစ်သွားတာမို့ Drainage Pipe တွေ အခြား Contaminants တွေ ကိုစုတ်ယူနိုင်တာ ကြောင့် သိပ်မကြိုက်ပါဘူး။
        • Air Washers - အချို့နေရာတွေ မှာ Air Washers ထည့်တတ်ပါတယ်။ အဓိက ကတော့ Humidify လုပ်ဘို့ပါ။ Evaporative Cooling လည်း လုပ်လို့ရပါတယ်။ လေထဲမှာ ပါလာတဲ့ အမှုန်အမွှား ကိုအတိုင်းအတာ တစ်ခုထိလည်း သန့်စင်ပေးနိုင်ပါတယ်။
        • Filter Sections - သုံးမဲ့ Application ပေါ်မူတည်ပြီး Filter Section တစ်ခု (သို့) တစ်ခုထက်ပိုပြီး ပါနိုင်ပါတယ်။ သိပ်ပြီး အမှုန်အမွှားကင်း၊ သန့်ရှင်း ခြင်ရင် HEPA Filter Section တောင် ပါနိုင် ပါသေးတယ်။
        • Coil Sections - သုံးမဲ့ Application ပေါ်မူတည်ပြီး Cooling Coil (or) Heating Coil (or) BOTH ပါနိုင်ပါတယ်။ တစ်ခါတစ်ရံ Run Around Coils လို့ခေါ်တဲ့ Pre-Cool နဲ့ Re-Heat Loop Coil လည်း ပါနိုင်ပါတယ်။ ဒီ Run Around Coils အစား Heat Pipe Loop Coils ကိုလည်း သုံးနိုင်ပါတယ်။
        • Fan Section – AHU fan နဲ့ Motor ကို တတ်ဆင်ဘို့ အတွက် Fan Section လိုအပ်ပါတယ်။
        • ခုနောက်ပိုင်း Environment Issue တွေကို စဉ်းစားလာတဲ့ အခါ Indoor Air Quality ကလည်း အဓိက ဖြစ်လာပါတယ်။ Indoor Air ထဲမှာ ပါတဲ့ ပိုးမွှားတွေ၊ ကပ်ပါးတွေ၊ မှိုတွေ ကို နှိမ်နင်းဘို့ UV Sterilizer Lamp တွေထည့်ပေးလာတာ တွေ့ရပါတယ်။ အရင်တုန်းက တော့ အရေးကြီးတဲ့ Bio-Hazard ဖြစ်နိုင်တဲ့ အခန်းတွေမှာ ပဲ UV sterilizer တွေသုံးခဲ့ ကြတာပါ။


    • Water Tanks and Pumps
      • High rise building တွေ မှာ Mechanical Engineer တွေ အဓိက တွေ့ရမဲ့ အခက်အခဲ ကတော့ ရေလှောင်ကန် တွေ ထားဘို့ နေရာတွေ ပါ။ အထပ်မြင့် လာတာနဲ့ ရေကန်တွေ၊ pumps တွေ ကလည်း အဆင့်ဆင့် လိုအပ်လာပါတယ်။ domestic water သောက်ရေသုံးရေ သာမက fire fighting tanks တွေ အတွက် ပါ စဉ်းစားစရာ လိုအပ်လာတာ ဖြစ်ပါတယ်။ နေရာသာ မက အလေးချိန် က လည်း စီးတာမို့ structural load မှာလည်း အဓိက စဉ်းစားရမဲ့ အချက် တစ်ခု အနေနဲ ပါဝင်ပါတယ်။ အချို့နိုင်ငံ တွေ မှာ အမြင့်ဆုံး သုံးနိုင်တဲ့ Pump head ကို ကန့်သတ်ထား တတ်တာကြောင့် လိုအပ်ချက် က နည်းလှတာတော့ မဟုတ်ပါဘူး။ ဥပမာ၊ မလေးရှား နိုင်ငံ၊ Kuala Lumpur မြို့မှာ သောက်သုံးရေဖြန့်ပေးတဲ့ SYABAS ရဲ့ သတ်မှတ်ချက် အရ End Suction Pump head ကို 75m maximum ထားရမယ် လို့ဆိုပါတယ်။ ဒါကြောင့် အမြင့် မီတာ ၃၆၀ လောက် ရှိတဲ့ အဆောက်အအုံ တစ်ခု အတွက် (မြေညီ (သို့) မြေအောက်၊ တစ်ကန် နှင့် အမိုးပေါ် တစ်ကန် အပါအဝင်) ရေကန် ၆ ဆင့် အနည်းဆုံး လိုပါတယ်။ တစ်ဆင့် ကနေ တစ်ဆင့် ကို ပို့ပေးဘို့ Transfer Pumps တွေလည်း လိုအပ်ပြန်ပါတယ်။
      • Fire Protection အတွက် လည်း အလားတူ ပါပဲ။ Wet riser tanks, Sprinkler tanks, Hosereel tanks စသဖြင့် အမျိုးမျိုး လိုအပ်ပါတယ်။ ဒီစနစ်တွေ အတွက် သီးသန့် လိုအပ်တဲ့ Fire Pumps တွေ အပြင် တစ်ဆင့် ကနေ တစ်ဆင့် ကို ပို့ပေးဘို့ Transfer Pumps တွေလည်း လိုအပ်ပြန်ပါတယ်။



    အောက်က ရေးလက်စ အကြမ်းပါ။ အပတ်စဉ် ဆက်ရေး နေတုန်း ပါ။
  4. Ventilation(လေကောင်းလေသန့်)


    • Temperature Stack Effect
      • အဆောက်အအုံ ရဲ့ အပြင်နဲ့ အတွင်း အပူချိန် သိပ်ကွာနေရင်၊ ပြီးတော့ အမြင့်လည်းရှိ၊ လေဝင်၊ လေထွက် ပေါက်လည်းရှိမယ် ဆိုရင် Stack effect ကို ထည့်သွင်း စဉ်းစား ပေးရပါမယ်။ ဒီ stack effect က တံခါးဖွင့်တဲ့ ပိတ်တဲ့ အခါ အရှိန် နဲ့ မှုတ်ထုတ်သလို ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဆောင်းတွင်းဘက် အအေးပြင်းတဲ့ တိုကျို လို နယူးယောက် လို မြို့တွေ က High-rise Buildings တွေမှာ ဒီ Stack effect အခြေအနေ ကို ထည့်သွင်း စဉ်းစားပေးရပါတယ်။ ဒါကြောင့် ဒီဒါဏ် ကို ခံနိုင်အောင် တံခါးတွေ က ဆွဲဖွင့်ရတဲ့ တံခါးတွေ အစား ဆုံလည်တံခါးတွေ ဖြစ်နေတတ်ပါတယ်။ စကာင်္ပူ၊ မလေးရှား လို တစ်နှစ်ပတ်လုံး အပူချိန် အပြောင်းအလဲ သိပ်မရှိ၊ Indoor temperature နဲ့ outdoor temperatureအလွန်မကွာ တဲ့ နေရာတွေ မှာ တော့ ဒီပြဿနာ က သိပ်မကြီး လှပါဘူး။
      • Stack effect ကိုတွက်ချက်တာ က တော့ CFD (Computational Fluid Dynamics) specialist တွေရဲ့ အလုပ်ပါ။



  5. Water / Hydronic Systems Pressure(ရေဖိအား ထိန်းခြင်း)

    • Cavitation ဆိုတာက စီးနေတဲ့ ရေထဲ မှာ ပလုံစီ လာတာ ကို ခေါ်တာပါ။
    • Pump တွေမှာ Cavitation ဖြစ်တာ ကိုတော့ တော်တော်များများ သိကြပေ မဲ့ valve တွေမှာ Cavitation ဖြစ်တာ ကိုတော့ သိပ်သတိ မထားမိ တတ်ကြပါဘူး။ အထူးသဖြင့် Pressure Reducing Valve တွေမှာ Cavitation မဖြစ်အောင် အရမ်း ဂရုစိုက် ရပါတယ်။
    • High pressure drop နဲ့ Low outlet pressure ဆိုတဲ့ Factors (အချက်) နှစ်ချက် ပေါင်းလိုက် တဲ့ အခါ Cavitation ဖြစ်လာပါတယ်။ အဲဒီ အခြေအနေ မှာ Fluid ရဲ့ Pressure က သူ့ Vapor Pressure အောက် ရောက်သွားတာ မို့ Bubbles လေးတွေ ပလုံစီ လာပါတယ်။ ဒီ Fluid Flow Stream မှာပဲ Pressure က Vapor Pressure အထက်ပြန် တက်လာတဲ့ အခါ ပလုံစီ နေတဲ့ Bubbles လေးတွေ ပြန် အရည်ထဲ ပျော်ဝင် ဘို့ ဖြစ်လာတဲ့ အခါ ဒီ Bubbles နေရာ ကို အရည်က အရှိန် နဲ့ ဝင် extremely high impact forces တွေ ဖြစ်ပေါ်လာပါတယ်။ ဒီအခါ Valve ကိုသာမက အနီးအနား က Pipe တွေကို ပါ ပြင်းပြင်းထန်ထန် တိုက်စားပါတော့ တယ်။ Pump တွေမှာ Cavitation ဖြစ်တဲ့ အခါ Impellers တွေ တွန့်လိမ် ကောက်ကွေး၊ လိပ်၊ ပျက်စီး သွားတာ တွေ့ ရပါတယ်။
    • ဒီလို Cavitation ဖြစ်တဲ့ အခါ ပိုက်ထဲ မှာ ကျောက်စရစ် ခဲ တွေ စီးသွား သလို အသံ နဲ့ တုန်ခါ မှု ကို ပါ ဖြစ်စေပါတယ်။
    • Pressure Reducing Valve က ဖြစ်နိုင်တဲ့ Cavitation Chart နမူနာ ကို အောက် မှာ ဖော်ပြ ထားပါတယ်။



  6. Electrical Distribution, Wiring & Voltage Drops
  7. ELV Signals
  8. Lightning Protection

http://chawlwin.blogspot.com/2008/07/m-for-high-rise-buildings.html

http://pyaephyonaing-net.blogspot.com/2010/06/high-rise-buildings-m.html တို့ကို မှီငြမ်းထားတဲ့ http://www.acmv.org/lecture/view.php?id=19 မှ ကူးယူဖော်ပြသည်။

✎❑уaйaит cно❒ ヅ

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။