
ယုံချင်ယုံ၊ မယုံချင်နေ….
မင်းတမ်းတခဲ့တဲ့ မိုးရေစက်တွေက
ကမ္ဘာမြေပြင်ကို ပြောင်းလဲ ပစ်ခဲ့သလား
မင်းနှလုံးသားထဲက ပန်းများပွင့်လေမလား
ငါ့အသည်းထဲမတော့ ဗွက်ပေါက်သွားခဲ့ရတယ်
ပြူတင်းပေါက်က ငါ ဖွင့်ကြည့်ခဲ့ ဒီလိုမိုးများ ရွာခဲ့တယ်
ပျားရည်လေးလို ချိုတယ်
ဝိုင်တစ်ခွက်လို ရှတတလေးနဲ့ ချိုတယ်
မေတ္တာတရားဆိုတာ ရောင်ပြန်ဟပ်တတ်တယ်တဲ့
ယုံချင်ယုံ ၊ မယုံချင်နေပါဗျာ
သစ္စာ တော့ မစူးစေချင်ပါ တဲ့။
အော် ... အင်း
ပုံပြင်လေးကတော့ ဒါပါပဲ ညီမလေးရယ်...။
(ဘာရယ်မဟုတ်ဘူး။ စိတ်ထဲမှာ ခံစားမိတဲ့ ကျဆုံးမှုတစ်ခုကို မှတ်တိုင်စိုက်ချင်လို့။ ကျောပြင်မှာ ချုပ်ရိုးဘလဗွနဲ့ လူဟားချင်စရာ အင်္ကျီ ပြောင်းပြန်ဝတ်မိတဲ့နေ့ပေါ့ :P )
ရနံ့ချို






