"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Sunday, January 30, 2011

ဒီတစ်ခါမခွဲတော့ဘူး



သီချင်းလေးအရမ်းကောင်းလို့ နားထောင်ကြည့်ကြနော်..စာသားတွေမိုက်တယ်...။

Saturday, January 29, 2011

မုန့်ဟင်းခါးစား ကြွပါ....



ဆွမ်းတော်ကပ်ထားတာပါ..။

ကဲ...အားလုံးသုံးဆောင်ကြပါနော်။ မြောင်းမြဒေါ်ချိုထက် လက်စွမ်းထက်တဲ့ ပန်းတောင်းဒေါ်ချို မုန့်ဟင်းခါးလေး။ :)
ပဲကပ်ကြော်နဲ့ ကြက်ဥပြုတ်ထည့်စားပါ..။
မုန့်က ၇၅ကျပ်သား ပြင်ထားပါတယ်။ အားလုံးကုန်ပါတယ် ခင်ဗျာ။ အိမ်က လူတွေနဲ့ ကျွန်တော်က မီးခိုးတိတ် အားပေးပါတယ်။
မော်လမြိုင်ဒီဇိုင်း ပဲသီးနဲ့ တွဲစားကြည့်တာ သိပ်ကောင်းတာပဲ။ စားကြည့်ပါနော်။
ဟင်းအိုးနဲ့ အပြည့် ရေထိုးထားတာ မဟုတ်ဘူးနော် ဟဲဟဲ ငါးမုန့် စစ်စစ်...


ဒီနေ့ ကျောင်းတက်စဉ်ကတည်းက ကွဲနေတဲ့ သူငယ်ချင်းတွေကို ဖိတ်ပြီး မုန့်ဟင်းခါးချက်ကျွေးဖြစ်တယ်။ ဘလော့ကို လည်လည်လာတဲ့ မိတ်ဆွေတွေလည်း စားသွားလို့ ရတယ်နော်။ မိုးကလည်း မနက်လင်းကတည်းက ရွာနေတယ်။ မိုးရွာလို့ မလာကြတော့ဘူးတောင် ထင်မိတယ်။ သူငယ်ချင်းတစ်ချို့က နေ့တစ်ဝက် ရုံးတက်ကြရတယ်။ လူစုံအောင် မစောင့်ခိုင်းတော့ဘဲ စားခိုင်းရင်း ကိုယ်ပါလိုက်စားတာ ၃ခါတောင် ရှိသွားပြီ။ ခုသွေးတွေတက်နေလို့ သံပုရာရည်သောက်ထားပြီး အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ ရဲ့ မျက်ရည်မကျခင် သိစေချင်ဆိုတဲ့ တရားတော် နာနေတာ။ အော် ဘ၀ဆိုတာ ခနတာလာရတယ်ဆိုတာ ကိုယ်တိုင် မေ့မေ့နေတတ်တယ်။ ကဲပါ.. ကျွန်တော်ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှူလေးတွေကို အားလုံးကို အမျှပေးပါတယ်။ ထပ်တူ ကုသိုလ်ရကြပါစေနော်။..
ချစ်တဲ့
ရနံ့ချို

Friday, January 28, 2011

ကောင်မလေးတွေအတွက်

(၁) ကိုယ့်ရှေ့က ဒီယောက်ျားဟာ ဘယ်လောက်ပဲကောင်းကောင်း ပြောစရာမရှိအောင် ကောင်းနေပါစေ။ သင့်ကို သူမချစ်ရင် ဒါဟာချွတ်ယွင်းချက်ပါ... ဒီချွတ်ယွင်းချက်ကို သင်လုံးဝပြောင်းလဲလို့ မရနိုင်ဘူး။

(၂) လူတစ်ယောက်ရဲ့ အကြီးဆုံးချွတ်ယွင်းချက်က တစ်ကိုယ်ကောင်းဆန်တာ၊ ရိုင်းစိုင်းတာ၊ မတည်တံ့တာ မဟုတ်ဘူး။ ကိုယ့်ကို မချစ်တဲ့လူတစ်ယောက်ကို ခေါင်းမာမာနဲ့ ဆက်ချစ်နေတာပဲဖြစ်တယ်။

(၃) သင့်လက်ရှိအနေထားဟာ ဘယ်လောက်ပဲဆိုးနေပါစေ။ သင့်ကို ချစ်တဲ့လူ ရှိနိုင်တယ်။
သင့်လက်ရှိအနေအထားဟာ ဘယ်လောက်ပဲကောင်းနေပါစေ။ သင့်ကို မချစ်တဲ့လူ ရှိနိုင်တယ်။

(၄) ဘယ်လောက်ပဲ လှအောင်ပြင်ပြင်၊ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ အဝတ်အစား ဝတ်ဝတ် ဒါတွေဟာ ခဏတာပဲဖြစ်တယ်။ စိတ်ရင်းစေတနာကောင်းတွေကမှ အပြင်ပန်းရဲ့ တကယ့်အလှဆုံးတွေဖြစ်တယ်။

(၅) သင့်ကို ဘာကြောင့်ထိခိုက်စေခဲ့သလဲလို့ အချစ်ကို သင်အပြစ်ဆိုခဲ့ရင် .... မေးပါရစေ.... စစချင်းမှာ အချစ်ရောက်ရှိလာဖို့ကို သင်ခေါင်းညိတ် လက်ခံခဲ့တယ် မဟုတ်လား!

(၆) ပါးစပ်နဲ့ပြောပြနိုင်တဲ့ သောကတွေဟာ တကယ့်သောကတွေမဟုတ်ဘူး။ သင့်ကို ခွဲသွားနိုင်တဲ့ချစ်သူဟာ တကယ့်ချစ်သူမဟုတ်ဘူး။

(၇) အချိန်တိုက်စားမသွားနိုင်တဲ့ ရင်ထဲက ဒဏ်ရာပါးပါးတချို့ဟာလည်း ပျော်ရွှင်ခြင်းတွေဖြစ်တယ်။

(၈) တကယ်လို့ လူတစ်ယောက်မှာ အားလပ်ချိန်မရှိဘူးဆိုရင် သူ မအားလပ်ချင်လို့ဖြစ်တယ်။
တကယ်လို့ လူတစ်ယောက်ဟာ မသွားနိုင်ဘူးလို့ဆိုရင် သူ ခွဲမထွက်သွားချင်လို့ဖြစ်တယ်။
တကယ်လို့ လူတစ်ယောက်မှာ ဆင်ခြေတွေသိပ်များနေပြီဆိုရင် သူ အလေးမထားတော့လို့ဖြစ်တယ်။

(၉) သဘောတရားတစ်ခုကို နားလည်ထားရမယ်။ အဲဒီသဘောတရားက ယောက်ျားလေးတွေဟာ မိန်းကလေးတစ်ယောက်ကို အလွယ်တကူ နှစ်သက်နိုင်တယ်။ ဒါပေမယ့် အလွယ်တကူ မချစ်မိနိုင်ဘူး။

(၁ဝ) တစ်ခါတလေမှာ သိပ်အာရုံမစိုက်နဲ့... ယောက်ျားတွေဟာ ဖြစ်ကတတ်ဆန်းနိုင်ပါတယ်။ ကိစ္စလေးတစ်ခုကို မေ့တာနဲ့ သင့်ကို သူမချစ်တော့တာ မဟုတ်ဘူး။ သင့်အတွေးနဲ့ သင့်ကိုယ်သင် မခြောက်လှန့်ပါနဲ့။

(၁၁) မိန်းကလေးတွေက ရင်ထဲကခံစားချက်တွေကို အလွယ်တကူ ထုတ်ပြတတ်တယ်။ ဒါပေမယ့် ယောက်ျားတွေက မဟုတ်ဘူး။

(၁၂) သူ့ကိုပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားနဲ့။ ဘယ်သူကမှ ဘယ်သူ့ကို မပြောင်းလဲနိုင်ဘူး။ သင့်အတွက်နဲ့ သူပြောင်းလဲချင်စိတ် ရှိမရှိဆိုတာပဲ ရှိတယ်။

(၁၃) လွတ်လပ်ခြင်းဆိုတာ အဖိုးတန်တယ်။ ဒါပေမယ့် နေ့တိုင်းမှာ ထောင်သောင်းမကတဲ့ လူတွေဟာ လွတ်လပ်ခြင်းကို အချစ်နဲ့လဲယူနေကြတယ်။

(၁၄) လောကမှာ ယောက်ျားကောင်းတွေ တစ်ယောက်မှမရှိဘူးလို့ မဆိုနဲ့။ သင့်ကို နာကျင်၊ စွန့်ပစ်ခဲ့တဲ့လူကို အမုန်းရန်ညိုးမထားနဲ့။ သင့်ကိုသူ ချစ်ခဲ့ဖူးပါတယ်။ ကြင်နာခဲ့ဖူးပါတယ်။ ခွင့်လွတ်ခြင်းက သင့်ကို ပိုလှပစေပါလိမ့်မယ်။

(၁၅) သူ့ချစ်သူ ဘယ်လောက်လှလဲ! သူ့ချစ်သူ ဘယ်လောက်ချောလဲလို့ သွားမစပ်စုနဲ့ သွားဂရုမစိုက်နဲ့။ ဒါဟာ စိတ်ရှုပ်စရာတွေကို သင့်ကိုယ်သင် ရှာယူနေတာဖြစ်တယ်။

(၁၆) ငိုယိုနေချိန်မှာ ဒေါသစကား မပြောနဲ့၊ ဆုံးဖြတ်ချက်တွေ မချနဲ့။ ဒါဟာ သင့်ကို နောင်တရစေလိမ့်မယ်။

(၁၇) သင် ဖြူစင်ရိုးသားတယ်ဆိုရင် ပြီးတာပဲ။ ဖြူစင်ရိုးသားချင် ဟန်ဆောင်တယ်ဆိုရင်တော့ သင်ပိုအရုပ်ဆိုး မည်းညစ်သွားမယ်ဆိုတာ မှတ်ထားပါ။

(၁၈) ကြိုးစားမှုတိုင်း အောင်မြင်လိမ့်မယ် မဟုတ်ဘူး။ ဒါပေမယ့် မကြိုးစားရင် လုံးဝ မအောင်မြင်နိုင်ဘူး။

(၁၉) မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ချစ်တတ်ရမယ်။ ဘယ်လောက်ပဲ ထိခိုက်နာကျင်ရပါစေ.. ဘယ်လောက်ပဲ ဝမ်းနည်းကြေကွဲရပါစေ။
ခံစားနိုင်တယ်.. ဝမ်းနည်းနိုင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မချစ်လေ တခြားသူက သင့်ကိုမချစ်လေ ဖြစ်တယ်။

(၂ဝ) ရုပ်ရည်အလှအပ၊ အသိဉာဏ်၊ ငွေကြေး... စတဲ့အရာတော်တော်များများတွေက ကံစီမံရာဖြစ်တယ်။ အဲဒီအရာတွေကို သင်ရဲ့မနာလို ဝန်တိုစိတ်နဲ့ ပြောင်းလဲဖို့ မကြိုးစားနဲ့။

(၂၁) ရင်ခွင်ကျယ်ကျယ်ထားပါ။ ဆုံးရှုံးသွားတဲ့အရာအတွက် နာကျင်ထိခိုက်မနေနဲ့..... သူဟာ သင့်အတွက် မဟုတ်ခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပါ။

(၂၂) ရည်မွန်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ရည်မွန်အောင် ဟန်မဆောင်ပါနဲ့။
ဟန်ဆောင်တာကို မိန်းကလေးတွေ မကြိုက်သလို ယောက်ျားလေးတွေက ပိုမုန်းတယ်။

(၂၃) ကိုယ့်အားကိုယ်ကိုးနိုင်အောင် အမြဲလုပ်ပါ။ ငွေကြေးအရာမှာဖြစ်ဖြစ်၊ အချစ်ရေးမှာဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးနိုင်အောင် လုပ်ပါ။

(၂၄) သင့်မှာ ချစ်သူများကြောင်း၊ ယောက်ျားလေး သူငယ်ချင်းများကြောင်း လူတွေကို ကြွားဝါ၊ ပြသဖို့ မကြိုးစားနဲ့။ ဒါဟာ သင့်ကို လူတွေအားမကျစေတဲ့အပြင် သင့်ကို အထင်အမြင် သေးစေပါတယ်။

(၂၅) ငါ့ကိုချစ်လားလို့ အချိန်တိုင်း လိုက်လိုက်မမေးနဲ့။ လိုက်လိုက်မေးတဲ့အချိန် သင့်ကို သူမချစ်ဘဲနေလိမ့်မယ်။

(၂၆) ယောက်ျားတစ်ယောက်ရဲ့ အကောင်း၊ အဆိုးကို သူ့ရဲ့စိတ်များတယ်၊ တသမတ်တည်းဖြစ်တယ်ဆိုတာနဲ့ မခန့်မှန်းနိုင်ဘူး။
ဟိုးရှေးရှေးကတည်းက ယောက်ျားတွေဟာ စိတ်များခဲ့တယ်။ အဲဒီစိတ်ကို သူထိန်းချုပ်နိုင် မနိုင်ဆိုတာနဲ့ပဲ ခန့်မှန်းလို့ရတယ်။

(၂၇) ရဲရင့်ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ပျော့ညံ့တဲ့မိန်းကလေးတွေထက် ပိုလှပတယ်။ တကယ်လို့ သင်ချစ်တဲ့သူက သင့်ကိုမချစ်တော့တဲ့အခါ ရဲရဲရင့်ရင့် လမ်းခွဲပါ။ ဒါဟာ ပျော့ပျော့ညံ့ညံ့ လိုက်ကပ်နေတာထက်စာရင် ပိုကောင်းပါတယ်။

(၂၈) မိန်းမထက် မလုပ်ပါနဲ့။ ထက်မြက်တဲ့ မိန်းကလေးလုပ်ပါ။

(၂၉) အရက်နဲ့ ဆေးလိပ်ဟာ ဟိုရှေးယခင်က ခုချိန်ထိ မူးယစ်ဆေးလို့ သတ်မှတ်ထားကြတယ်။
မိန်းကလေးတွေအတွက်တော့ အချစ်တစ်ခုတည်းနဲ့တင် အသက်ကို သေစေတတ်တယ်။

(၃ဝ) လမ်းခွဲချိန် မငိုနဲ့.... လုံးဝ မငိုနဲ့လို့ ဆိုလိုတာ မဟုတ်ပါ။ သူ့ရှေ့မှာ မငိုပါနဲ့... သူ့ကွယ်ရာကျမှ ငိုပါ။

မူရင်းရေးသားသူ-- တရုတ်စာရေးဆရာမ Eileen Chang (September 30, 1920 – September 8, 1995) မှ-နိုင်းနိုင်းစနေ

Tuesday, January 25, 2011

The Beatles - Let it Be



When I find myself in times of trouble, mother Mary comes to me,
speaking words of wisdom, let it be.

And in my hour of darkness she is standing right in front of me,
speaking words of wisdom, let it be.

Let it be, let it be, let it be, let it be.

Whisper words of wisdom, let it be.
And when the broken hearted people living in the world agree,
there will be an answer, let it be.

For though they may be parted there is still a chance that they will see,
there will be an answer. let it be. Let it be, let it be, .....

And when the night is cloudy, there is still a light, that shines on me,
shine until tomorrow, let it be.

I wake up to the sound of music, mother Mary comes to me,
speaking words of wisdom, let it be.
Let it be, let it be, .....

Thursday, January 20, 2011

ဘယ်ကိုလဲ...

Smelling Flowers
ဒီနေ့ ရုံးမသွားဖြစ်ဘူး။ အိမ်မှာ အတူနေတဲ့ ကလေးလေးစာကျက်တာကို အမေလုပ်သူ အန်တီက အနားမှာနေပြီး ပြောဆိုနေတယ်။ ကလေးက စိတ်မပါတော့ဘူး စာကြည့်ရတာကို။ အဲ့မှာ မအေလုပ်သူက စိတ်တိုပြီးပြောနေတာကို ကြည့်ပြီး ငယ်ဘ၀ကိုသတိရမိတယ်။
ကျွန်တော်က အဖိုးအဖွားနဲ့ နေပေမယ့် သောကြာညဆို စာအုပ်တွေထည့်ပြီး စနေ တနင်္ဂနွေ နေ့ခင်းထိ အဖေအမေတို့အိမ်ကို ပြန်ခွင့်ရှိတယ်။ အဲ့ဒီမှာ အငယ်တွေ ရှိတော့ ကျွန်တော်ပျော်တယ်။ ပြီးတော့ ညဘက်ဆို အဖေနဲ့ အမေတို့နဲ့ ပျော်ဖို့ကောင်းတယ်။ ညဘက် အဖေက ကျွန်တော်တို့ မောင်နှမတွေကို ဆင်လုပ်ပြီး စီးစေတယ်။ နှာမောင်းလုပ်ဖို့က အဖေ့ ရဲ့ ပုဆိုးဟောင်းတစ်ထည်ပေါ့။ ကျွန်တော်က ဒီဘက်က အစတစ်ဖက်ကို ကိုင်ပေးထားရင် အဖေနှာမောင်းလုပ်တာ ပိုအဆင်ပြေတယ်ဆိုတော့ ကျွန်တော်ပဲ ကူတယ်။ ပြီးရင် မောင်နှမတွေ အလှည့်ကျ အဖေပေါ်ကနေ တက်ပြီး ဆင်စီးကြတယ်။ အမေက အစတော့ ကြည်တယ်။ ဒါပေမယ့် မပြီးမစီး ပျော်နေကြရင် စိတ်တိုလာရော။ အဖေ့ကို ထမင်းစားဖို့ချည်း အော်ခေါ်တော့တာပဲ။ အမေက အဖေ့ကို ချစ်တယ်။ သူကချစ်ပေမယ့် ချစ်တာကို မသိအောင် ဖိန့်တာလား မသိဘူး။ အော်အော်ပြောတယ် အဖေက စ နောက် ပြီ ဆို..။အဖေ က ရေချိုးခါနီး ဒိုက်အမြဲထိုးတယ် အဲ့လိုအချိန် အမေအနားမှာမရှိရင် မောင်နှမနှစ်ယောက်သား အဖေပေါ်တက်စီးပြီး စကြတယ်။ အမေသိရင် အော်ရော..။ ဒါပေမယ့် အမေဘုန်းကြီးကျောင်းသွားရင် အိမ်မှာ အဖေချည်း ကျွန်တော်တို့နဲ့ ကျန်ခဲ့ရင်တော့ အဖေ့ကို ကြောက်တယ်။ သူက ကျွန်တော်တို့ကို စာအရမ်းကျက်ခိုင်းတယ်။ စာဆိုလို့ရှိရင် သူက အိမ်ပတ်ချာလည် အလုပ်တစ်ခုခုလုပ်နေတတ်တယ်။ ၀န်းထရံတွေ ကို ချခါတာမျိုး ၊ အိမ်မိုးက ကြက်ခိုးတွေ ရှင်းတာမျိုး ။ ကျွန်တော်တို့တွေထိုင်ဖို့ ခုံလေးတွေ လုပ်ရင်း သူကြားလောက်အောင် အော်ဆိုခိုင်းတယ်။ သူမကြားလိုက်ရင် ၃ခါပြန်အော်ဆိုရတယ်။ အလီတွေကို အားတိုင်းကျက်ရတယ်။ အမေကကျ စာစီစာကုံးတွေ ရေးရင် သူပါ လိုက်ကူလေ့ရှိတယ်။ ကျွန်တော်မှတ်မှတ်ရရ သုံးတန်းနှစ်မှာ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် စာစီကုံးရတော့ အမေကိုယ်တိုင် ကျွန်တော်နဲ့အတူ လိုက်မှတ်ပေးတာ။ ကျွန်တော်စာပြန်လို့မေ့နေရင် အမေက ပုံစံလေးတွေလုပ်ပြတယ်။
အမေ့ကို စာပြန်တဲ့ နေ့တွေထဲက မှတ်မိနေတဲ့ နေ့လေးက အိမ်ရှေ့မှာ အဲ့နေ့က နေသာတယ်။ အမေက အင်္ကျီအ၀ါလေးဝတ်ထားတယ်။ အဖေနဲ့ ပတ်သတ်ပြီး ရင်ထဲမှာ ရှိနေဖူးတဲ့ ပုံပြင်လေး ။ အဲ့နေ့က အဖွားတို့အိမ် (ကျွန်တော်နေတဲ့ အိမ်)လေးက စာအုပ်ဘီရိုရှင်းရင်း အဖေပြောပြတဲ့ ဆင်အဖေကြီးနဲ့ သမီးဖြစ်သူ မင်းသမီးလေးတို့အကြောင်းလေး ။ အဖေပြောတာကို အဖေ့ပေါင်ကိုခေါင်းအုံးပြီး ကျွန်တော်နားထောင်ခဲ့တယ်။ အဖေကတော့ စာအုပ်တွေပြန်စီနေတယ်။ ပုံပြင်လည်းဆုံးရော ကျွန်တော်ငိုလိုက်တာ။ အဖေဆို မနည်းချော့ယူရတယ်။ အဖေက သူ့ကို သိပ်ချစ်စေချင်တာ။ ကျွန်တော် အဖေနဲ့ အမေ့ကို အရမ်းချစ်ပါတယ်။ အဖေ အမေ မောင်နှမတွေ အမြဲတစ်သက်လုံး အတူတူ အနားမှာပဲ နေချင်ပါတယ်။ နေခွင့်ရပါရစေလို့ လည်း ဘုရားမှာဆုတောင်းရင်း .... ကျွန်တော် မိဘအတွက်ပဲ ရည်ရွယ်ပါတယ်..ဆိုတာ အဝေးတစ်နေရာကနေ အဖေနဲ့ အမေ့ကိုလွမ်းနေတဲ့ သူတစ်ယောက် ဒီပို့စ်လေးနဲ့ မှတ်တမ်းတင်ရင်း...
အိမ်အပြန်လမ်းဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကောက်တော့နေတယ်....အဖေ...ကျွန်တော် အိတ်ပေါက်နဲ့ ဖားကောက်သလိုတော့ မဖြစ်တန်ကောင်းပါဘူးနော်။
ဝေးနေရကျိုးနပ်အောင် ကျွန်တော် ကြိုးစားပြီး အဖေ့ဆီ ပြန်ခဲ့မှာပါ...။ ဆင်ကြီးကို မင်းသမီးလေးက ဘ၀မေ့ပြီး ခွဲသွားသလို၊ အဖေဆင်ကြီးက ဒါးတောင်၊ မီးတောင်၊ ဆူးတောင်တွေလည်း ဖြတ်ပြီးလိုက်မလာရပါဘူး။ ကျွန်တော် အဖေတို့ဆီ ပြန်လာမှာပါ.. ဘ၀ရဲ့ သင်ယူစရာတွေကို သင်ယူပြီးပြီလို့ ရောင့်ရဲနိုင်တဲ့တစ်နေ့မှာ...

ရနံ့ချို

တစ်နယ်စီခွဲနေနိုင်မလား

Sunday, January 16, 2011

ရယ်....မော


Music

ယုံပြီးမှ ကြည်မယ်ပြောလို့
ယုံအောင်နေခဲ့ပေမယ့်
နင်... ကြည်ခဲ့လို့လား။
ယုံကြည်မှုဆိုတာ နင့်အတွက်
တစ်ခါသုံး ဘောပင်တစ်ချောင်းဖြစ်နေမယ်

အရာတိုင်းမှာ ငါ ရယ်စရာ မောစရာအနေနဲ့
သဘောထားပေးတာများလို့လား
မသိတော့ဘူး...
ရယ်ရတာများတော့လည်း
မောစရာတွေဖြစ်ဖြစ်လာတယ်ကွယ်...။
အစကနဲ့ မတူအောင်
တိုက်ခတ်ပုံတူးခါးလွန်းတဲ့
အရာတစ်ခုလို့ပဲ ရယ်မောပြီး နားလည်လိုက်မိတယ်။

နောက်ဆုံး ငါသိလိုက်တာက
နင် နဲ့ ငါ
အသွင်မတူကြဘူး ချစ်သူ...။

ဒါ ရယ်စရာတစ်ခု မို့
နင်လည်း ရယ်ပါ
ငါလည်း ရယ်မယ်။

ရနံ့ချို

Saturday, January 1, 2011

စ, လုံးမှ အလုပ်ရှာချင်တဲ့လူတွေ အတွက်

နှစ်သစ်မှာ အားလုံး ပျော်ရွှင်ကြပါစေ..။ လိုအင်တွေလည်း ပြည့်စုံလို့ စိတ်ချမ်းသာကြပါစေ။ဒါနဲ့ အလုပ်ကို စကာင်္ပူမှာ အလုပ်တစ်နေရာရဖို့ အတွက် ကြိုးစားနေသူတွေကို ပြောချင်တာလေးရှိလို့ပါ။ ကျွန်တော်ပေးမယ့် ဒီလင့်လေးက အလုပ်ကို သူတို့ လိုချိန်မှာ လိုတဲ့နေရာလေးတွေကို ပေးသိတယ်။ ပြီးရင် ကိုယ်က လျောက်လွှာကို သေချာပြင်ဆင်ပြီး အကောင့်တစ်ခုလုပ်ထားပြီး ကိုယ်ရှာချင်တဲ့ နေရာ ..ဆိုလိုတာက ကိုယ်က ဘာနဲ့လုပ်ချင်တာလဲ။ ဘယ်လိုအလုပ်၊ ဘယ်လိုနေရာမှာ ရှာချင်တာလဲဆိုတာကို သေချာကလစ်လုပ်ပြီး တင်ထားလိုက်ပါ့လား။ အလုပ်ရဖို့က ပိုပြီးမြန်ဆန်တဲ့ အခွင့်အရေးကို ရမှာပါ။ အားလုံးအဆင်ပြေကြပါစေ..။ လင့်လေးက ဒီမှာပါ http://www.buildingcareers.sg/
နှစ်သစ်မှသည် နောင်နှစ်များစွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ပျော်ရွှင်နိုင်ကြပါစေ..လို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ နော်။
ချစ်တဲ့ရနံ့ချို