
"နောက်တစ်ခါ မင်းအလှည့်ပဲ" လူတစ်ယောက်ဟာ လူ့ဘ၀ရဲ့ နိမ့်ကျတဲ့အချိန်ပိုင်းကာလပိုင်းမှာ မိမိကိုယ်ကို ဆက်ပြီးတောင့်မခံနိုင်တော့ဘူးလို့ ထင်မြင်ယူဆတဲ့အချိန်မှာ အရုဏ်ဦးမပေါ်မီရဲ့ ညဉ့်နက်အချိန်ပါပဲ။ဇွဲတင်းနိုင်ရမယ်။ဆက်ပြီးဇွဲတင်းနိုင်ရမယ်။ဒါဆိုရင်...ရှေ့နားလေးမှာ တောက်ရွှန်းလှပတဲ့ သက်တံ့ကို မြင်ရတော့မှာ မုချပါပဲ။ ကိုယ့်ကိုကိုယ် မပြတ်တမ်း အားသစ်တွေ မွေးနေရမယ်။ဖြည့်စွမ်းထားရမယ်။တတ်နိုင်သမျှ ပြီးပြည့်စုံအောင် ပြင်ဆင်ထားရမယ်။အချိန်မရွေး အဆင်သင့် အခြေအနေမျိုး ဖြစ်နေရမယ်။ခက်ခဲတဲ့ အခြေအနေကို ဇွဲတင်းပြီး တောင့်ခံသွားမယ်ဆိုရင် နောက်တစ်ချိန် တောက်ရွှန်းလှပတဲ့ သက်တံ့ကို မြင်ရတဲ့သူဟာ သင်ဖြစ်နေပါလိမ့်မယ်...။ (ဒီစာသားလေးတွေက ဘယ်ကရမှန်းမသိတော့ပေမယ့် ကျွန်တော် အလုပ်တစ်ခုမှာ အဆင်မပြေဖြစ်နေချိန်၊ ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေမရှိတော့ချိန်မှာ ဒီစာလေးနဲ့ ကျွန်တော် ဖြတ်ကျော်နိုင်ခဲ့ပါတယ်...တကယ်တော့ ဒုက္ခဆိုတာလည်း ဖြစ်ပျက်နေတဲ့ လောကကြီးမှာ တစ်လှည့်တော့ ၀င်လာတတ်စမြဲပဲလေ။စိတ်ညစ်နေသူတွေ၊ အားငယ်နေသူတွေထဲက ကျွန်တော့်ရဲ့ ဘလော့ဒီစာမျက်နှာလေးကိုတွေ့ပြီး စိတ်မှာ တစ်စုံတစ်ခုသောအား ဖြစ်စေမယ်ဆိုရင် ကျေနပ်ပါတယ်။အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ..။) ချစ်တဲ့ (ရနံ့ချို)်








