"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Wednesday, June 27, 2012

ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်

ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း ၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍
ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ
ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။
လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။

ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း၍ နာတာရှည် ခံစားနေရသူ
များသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။

စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။အနောက်
နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ
ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။

မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ယခုတင်ပြသောဆေးနည်းမှာ
ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။

၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။(အသား၊ငါး မရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျား
ပီသစေပါသည်)

၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။လဖက်ခြောက်ခပ်၍ရေနွေးသောက်သလိုသောက်ပါ။အဖတ်ဝါးစားပါ။ညနေစာစားပြီး နာရီဝက်ခန့်
ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။

၃။ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။
ဖြေးဖြေးသက်သာလာပါမည်။

၎။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။

သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကိုတွေ့ရပါမည်။
ပျောက်ကင်းသက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ယနေ့အချိန်အထိတော့ လာရောက်ကျေးဇူးတင်သူသာရှိပါသေးသည်။သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်

(သူငယ်ချင်းတစ်ယောက်ပို့ပေးတဲ့ မေးလ်ကနေပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီပို့စ်ကို တင်တားတဲ့ဘလော့တွေလည်း တော်တော်များများတွေ့လိုက်ရပါတယ်။ ရေးသားသူအမည်ကို
လိုက်ရှာတာ မတွေ့လို့။ ပို့စ်တင်သူနံမည်ပဲ တွေ့နေတယ်။ ဘယ်သူရေးရေးပါ အင်မတန်အကျိုးရှိစေတဲ့ ဒီပို့စ်လေးကို လည်လည်ရောက်သူတွေလည်း သိရှိစေဖို့ လက်ဆင့်ကမ်းနိုင်ဖို့ ရည်ရွယ်ရင်း ပြန်မျှဝေလိုက်ပါတယ်။ အားလုံး ဘေးဘယာတွေဝေးကွာလို့ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။)
ချစ်တဲ့
✎❑уaйaит cно❒ ヅ

Tuesday, June 26, 2012

ညီမလေးအတွက်


အခုရေးနေတဲ့ စာသားတွေအကြောင်းတွေကို သိပြီးသားလည်းဖြစ်မယ်။
ပြောဖို့လွယ်သလို၊ နားထောင်ဖို့လွယ်ပါတယ် ညီမလေး။
ဒါပေမယ့် ကိုယ်တိုင်လက်ခံ နားလည်ဖို့ အချိန်နည်းနည်းယူရမယ်ဆိုတာ ကိုယ်သိပါတယ်။
ဒီအရွယ်ရောက်မှတော့ နာကျင်မှုပျောက်အောင် ဆေးရှိပါရက် ။ သိနေပါရက် ညီမလေး
ကိုယ်တိုင် ယူသောက်မှတော့ ပြေလိမ့်မယ်ကွယ်။
ပူပန်စိုးထိတ်အားငယ်တဲ့ အတွေးတွေကို ရပ်တန့်ဖို့ ကိုယ်တိုင်စီမှာပဲ အခွင့်ရှိပါတယ်..
ဒီတော့ ကိုယ်အကြံပေးကြည့်မယ်။ အသိတရားကို လက်တို့စေနိုင်တယ်ဆိုရင်ပဲ ကျေနပ်ပါတယ်.. :)

မနက်ဖြန်တိုင်းအတွက် ပူပန်စိုးထိတ်ပြီးနေမယ့်အစား

ကိုယ်တတ်နိုင်တာလေးတွေကို အကောင်းဆုံး စေတနာအသန့်ဆုံးလေးတွေနဲ့
ကြိုးစားပြီး ကျော်ဖြတ်လိုက်ကြရအောင်..
အတိတ်တွေကို လွမ်းဆွေးပြီး နှမြောတမ်းတမှုတွေ ခနရပ်လိုက်ပါ
မနက်ဖြန်တွေကို တွေးပြီး ပူပန်မနေပါနှင့်
အခုလို လက်ရှိကိုယ်ပိုင်ဆိုင်နေချိန်လေးမှာ
ဘယ်သူ့ကိုမှ မပူပန်စေဘဲ၊ မနာကျင်စေဘဲ၊
ကိုယ့်ကိုကိုယ်လည်း စေတနာထားပြီး အရာတိုင်းကို
သက်တောင့်သက်သာနဲ့ မြင်လိုက်ပါ။
အရှိကို အရှိအတိုင်းလက်ခံလိုက်ပါ။
အရာတိုင်းကသာ တည်မြဲနေမယ်။ လှပနေမယ်။
ကိုယ်ထင်ထားတာတွေ ဖြစ်နေမယ်ဆိုရင်
ကိုယ်တို့ မြတ်စွာဘုရားရှင်က ဒုက္ခသစ္စာ အတွက်
အထူးတလည် ဟောကြားခဲ့မှာမှ မဟုတ်တာပဲနော်။
နာကျင်မှုတွေကို ဆက်ပြီးဆုတ်ကိုင်မထားဘဲ
ကိုယ်တိုင်လွှတ်ချထားနိုင်ဖို့ပဲလိုတာပါ။
ကိုယ့်ကိုကိုယ် နာကျင်အောင်မနေပါနှင့်။
ကိုယ်အနားတစ်သက်လုံး ကိုယ့်အတွက် နာကျင်ပင်ပန်းနေတဲ့
ကိုယ့်နှလုံးသားလေးကိုမှ မသနားဘူး
ကိုယ့်အချိန်တွေကိုမှ မနှမြောဘူးဆိုရင်..
ဘယ်လိုလူကများ ကိုယ့်ကိုသနားနေမယ်ထင်နေလို့လဲ ညီမလေးရယ် :)
တကယ်တော့.. ညီမလေး သိတဲ့အတိုင်းပါပဲ။
ကိုယ်တို့က လောကကြီးကို ဖြစ်ချင်တာတွေပုံဖော်ပြီး ဖြစ်နိုင်တယ်လို့ ထင်မှတ်မှားနေကြပေမယ့်..
လောကကြီးရဲ့ ချမှတ်ထားပြီးသား ပုံစံခွက်အတွင်းမှာ
ကိုယ်တို့အားလုံးက လည်ပတ်ကျင်လည်နေကြရတာပဲမဟုတ်လား။
ဖြစ်ချင်တိုင်း မဖြစ်တာ သဘာဝပဲ။
လုပ်တိုင်း မဖြစ်တာ သဘာဝပဲ။ ကိုယ်တစ်ယောက်တည်းပဲ ဒီလိုအဖြစ်တွေကြုံရတယ်။ ခံစားရတယ်တော့မထင်ပါနဲ့ ညီမလေး။ လူတွေတိုင်းမှာ ကိုယ်စီ ဒုက္ခတွေနဲ့ပါ။ ဒီလိုပဲ အားလုံးကနေ ကျော်လွန်ပြီးဆုံးသွားလိုက် အသစ်တဖန်ပြန်လာတွေရှိလိုက်နဲ့ လောကကြီးကတော့ အပေးနဲ့အယူ အားလုံးဆီကနေ ...အားလုံးဆီကို သူ့ဘာသာ တရားမျှတစွာ လည်ပတ်နေမြဲပါပဲဆိုတာ.. ညီမလေး မြင်အောင်ကြည့်ပါနော်။ အဆင်ပြေပါစေ ညီမလေး။ ပျော်အောင်နေပါ။ အနီးနားမှာ ပတ်ဝန်းကျင်မှာ စိတ်ချမ်းသာစရာတွေ အများကြီးပါ။ ပျော်ရွှင်ပါစေ..ညီမငယ်

(တရားဟောတယ် မထင်ကြပါနဲ့။ သူငယ်ချင်းညီမလေးအတွက် အားပေးရင်း ဒီပို့စ်လေးကို တင်လိုက်ပါတယ်။ တခါတလေမှာ ဒီပုံလေးထဲကလို ပေါ့ အပြင်မှာရွာနေတဲ့မိုးနဲ့အတူလိုက်ပြီး ဆွေးနေမယ့်အစား။ မိုးသံလေးကို နားထောင်ပြီး ကော်ဖီတစ်ခွက်နဲ့ ကိုယ်နှစ်သက်ရာ စာအုပ်တစ်ခုနဲ့ပဲ လောကကြီးကို အပူပင်ကင်းစွာနဲ့ ကျော်ဖြတ်ကြည့်ကြရအောင်နော်။ သဘောတူမယ်လို့ ထင်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။)

ချစ်တဲ့
✎❑уaйaит cно❒ ヅ

Monday, June 25, 2012

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ပါ

အမျိုးသမီးများ ကြိုတင်ကာကွယ်ပါ ရှက်ရှက်မှာဖြစ်တဲ့ ကင်ဆာ
သိသင့်သည်ဟုထင်သော အမျိုးသမီးရောဂါတစ်ခု အကြောင်းတင်ပြပါမည်။ ဆေးပညာအားဖြင့် CA Cervix သားအိမ်ခေါင်းကင်ဆာလို့ခေါ်ပါတယ်

သားအိမ်ခေါင်းကင်ဆာသည် အရွယ်ရောက်ပြီး အမျိုးသမီးများတွင် ဖြစ်ပွား သောရောဂါတစ်မျိုး ဖြစ်ပြီးတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်သောရောဂါ ဖြစ်ပါတယ်။ ဖြစ်ပွားရခြင်းမှာ Human Papilloma Virus (HPV) ဟုခေါ်သော virus တစ်မျိုးကြောင့်ဖြစ်ရပြီး ကူးစက်မှု၏ ၇၀%သည် ပိုးရှိသူအမျိုးသားများနှင့် အတူနေမိမှုကြောင့် ဖြစ်ပါတယ်။ အိမ်ထောင်များသူများ၊ မီးဖွားမှုများသူများ၊ အပျော်အပါးများသူမျာ၊ အပျော်အပါးများသောအိမ်ထောင်ဖက်ရှိသူအမျိုးသမီးများ နှင့် ပဋိသန္ဓေတားရန် အမျိုးသား အကာအကွယ်မသုံးပဲ ဆေးစားသူများ တို့ မှာဖြစ်တတ်ပါတယ်။

ကဲ ဟုတ်ပြီ။ ဒါဆိုရင် ဘယ်သူမဆို ဒီကင်ဆာရောဂါ တော့ဖြစ်ချင်ကြမှာ မဟုတ်ဘူး။ ဒီကင်ဆာရောဂါ ကဘယ်လိုဖြစ်တာလဲ ဆိုတော့ ပိုးဝင်သွားရင် ဒီပိုးက အရမ်းသေးတယ်။ အဆ သိန်းသန်းမက ချဲ့ထားတဲ့ အနုကြည့်မှန်ပြောင်းနဲ့မှ မြင်ရမှာ။ သူက ဆဲလ်ထဲကိုဝင်တယ် ပြီးရင်ဆဲလ်တွေက ပွားလာတယ်။ သားအိမ်ရဲ့ ထိပ်ဝမှာ မှိုပွင့်လိုကားကား အနာကြီးဖြစ်လာတယ်။ ပြီးရင် သားအိမ်တွေရောသားမွေးလမ်းကြောင်းကိုရော တစ်ကိုယ်လုံးကိုပါပြန့်သွားတယ်။

ဘယ်လိုသိနိုင်မလဲ။ ဒီကင်ဆာဖြစ်တော့မယ်ဆို၇င် သူက အဆင့်လေးတွေနဲ့လာတယ်ပေါ့နော်။ လက္ခဏာတွေကတော့

သွေးတွေဆင်းလာတယ်။ ပုံမှန်ဓမ္မတာလာတာနဲ့မှားတတ်တယ်။ သူကတော့ အကြာကြီးကိုဆက်ဖြစ်နေတာ။ ပြီးတော့ သံဝါသပြုပြီးနောက်ရော ဆီးသွားတဲ့အခါ အညစ်အကြေးစွန့်တဲ့အခါ မျိုးတွေမှာ ဆက်တိုက်ဆိုသလိုသွေးတွေဆင်းလာတယ်
ပြီးတော့ သားမွေးလမ်းကြောင်းကနေ သွေးမျှင်တန်းလေးတွေ နံတဲ့အချွဲတွေပါ ဆင်းလာတတ်တယ်။
ပြီးရင်နာလာတယ်။ နာတဲ့အခါမှာလည်း ယောနိဝကနေ အပေါ်ကိုဒေါင်လိုက် နာတာကပြန့်တက်လာတယ်။ နောက်တော့ ခါးအောက်ပိုင်းတစ်ခုလုံး နာလာတယ်။
နောက်ပိုင်းမှာ ဆီး ၀မ်းမထိန်းနိုင်တော့တာတွေ နဲ့ ဆီးအိတ်နဲ့ အစာဟောင်းအိမ်တွေမှာပါ အနာတွေ ဖြစ်လာတယ်။
လူလည်းပိန်လာတယ်။ အနာတွေကနေပိုးတွေဝင်လာပြီး သွေးထဲမှာ အဆိပ်သင့်ပြီး ရှော့ရတတ်တယ်။
ပိုးတွေဝင်လာတာဟာ ဆီးပြွန်ကိုရောက်လာပြီး ကျောက်ကပ်ကိုပါပျက်စီးနိုင်တယ်။

ဒါဆိုရင်ဘာလုပ်ကြမလဲ။

ရောဂါမဖြစ်အောင်ကာကွယ်လို့ရတယ်။

ကိုယ့်ရဲ့ ကိုယ်ခံအားကိုမြင့်တင်နိုင်အောင် ကာကွယ်ဆေးထိုးလို့ရတယ်။ အဆင်ပြေတဲ့သားဖွားမီးယပ်ဆရာမကြီးတစ်ဦးထံမှာ သုံးကြိမ်ထိုးရမယ်။ ပထမလထိုးပြီးရင် နောက်တစ်လနေရင်တစ်ခါထိုးမယ်။ နောက်ခြောက်လနေရင်နောက်ဆုံးအကြိမ်ထိုးမယ်။ ကဒ်ပြားလေးတွေပေးတယ်။ နောက်ထပ်ထိုးရမဲ့ ရက်ကိုရေးပေးထားတယ်။ မပျောက်အောင်တော့သိမ်းထား။ အဲသည်လိုထိုးပြီးပြီဆိုရင် ရှစ်နှစ်အထိခံတယ်။ ဟုတ်ပြီ ဘယ်တော့က စ ထိုးကြမလဲ။ နိုင်ငံခြားမှာတော့ ၉နှစ်ကစပြီးထိုးကြတယ်။ ဒီမှာကတော့ အဲဒီလောက်မလိုသေးပါဘူး။ အပျိုဖော်ဝင်စလောက်ကဆိုရပါတယ်

ရောဂါရှိမရှိစစ်ကြည့်လို့ရတယ်။ မိန်းမကိုယ်ထဲကို ပစ္စည်းလေးထည့်ပြီး အသားစအဖြေထုတ်တယ်။ ဒါပေမယ့်တော်တော်များများ အိမ်ထောင်မကျသေးတဲ့ အမျိုးသမီးများက ကြောက်ကြတယ်။ သူတို့ခန္ဓာကိုယ်ထဲကိုပစ္စည်းထည့်ပြီးယူ၇မှာ ကိုမကြိုက်ကြဘူး။ တကယ်တော့ သုံးနှစ်တစ်ခါ ယူသင့်တယ်။ စစ်ကြည့်သင့်တယ်။

ပိုးဝင်လာပြီဆိုရင်စောစောစီးစီး သိရင်တားလို့ရသေးတယ်။ CIN 1,2,3ဆိုပြီးတော့အဆင့်သုံးဆင့်မှာ မှာ 1ဆို ကာကွယ်ဆေးလောက်နဲ့တားလို့ရသေးတယ်။ နောက်ပိုင်းဆိုရင်တော့ ကုရတော့မယ်။ ပိုးဝင်ပြီး လပိုင်းလောက်ဆို ကာကွယ်ဆေးနဲ့ရသေးတယ်။

ဘယ်လိုကုမလဲ။

ဖြစ်တဲ့နေရာလေးကိုလှီးထုတ်တယ်။ ဓာတ်ကင်တယ်။ ဆေးကျွေးတယ်။

တစ်ခါတစ်လေမှာဖြစ်တာ ကြာသွားလို့ အရမ်းဆိုးသွားရင်တော့ သားအိမ်တစ်ခုလုံးထုတ်လိုက်ရတာတို့ ပေါင်က အကျိတ်တွေကိုပါ လှီးထုတ်လိုက်ရတာတို့ လုပ်ရတယ်။

ဘာဆေးတွေပေးလဲ။

ပေးတာကတော့ ထိုးဆေးရော သောက်ဆေးရောပေါ့ အသုံးများတဲ့ဆေးတွေကတော့

Cyclophosphamine ၁၀ရက်စာ(ခန္ဓာကိုယ်အလေးချိန်အလိုက်သောက်သုံးရန်တွက်ချက်ရသည်)

လက်တလောဆိုးကျိုး-ပျို့၊အန်

ူLomustine နေ့စဉ်သောက်သုံးရန် (ခန္ဓာကိုယ်အကြီးအသေးအရွယ်အစားအလိုက် တွက်ချက်သောက်သုံးရသောဆေးဖြစ်သည်။)

လတ်တလောဆိုးကျိုး-ပျို့၊အန်

ဘာရောဂါတွေနဲ့မှားတတ်သလဲ။

ဓမ္မတာမမှန်တာ အထူးသဖြင့်သွေးဆုံးကာနီး အမျိုးသမီးတွေမှာနဲ့ဆင်မှားတတ်တယ်။
သားအိမ်ထိပ်ဝမှာ သံဝါသပြုပြီးနောက်တို့ သားအိမ်အတွင်းမှာပဲသွေးဆင်းတာတို့ဖြစ်ပြီး သားအိမ်ထိပ်ဝမှာ အနာတရစုတ်ပြဲသွားတဲ့အခါ။
သားခဏခဏလျှောတတ်တဲ့သူတွေမှာ ပိုးဝင်တာ။
ကာလသာရောဂါမှာရတတ်တဲ့အနာ။ တီဘီပိုးကြောင့်ဖြစ်တဲ့အနာ။
အခြားသောသားအိမ်ထိပ်ဝမှ သွေးယိုစိမ့်စေသည့်အနာများ။

ဒါဆိုဘယ်လိုသိနိုင်မလဲ။

အထက်မှာပြထားတဲ့ လက္ခဏာတစ်ခုခုပေါ်လာတဲ့အခါ
အချိန်အခါမဟုတ်ဘဲ သွေးဆင်းလာတာ
ဝမ်းဗိုက်အောက်ပိုင်း ချက်အောက်တည့်တည့်ကနာလာတဲ့အခါ
ကိုယ့်ကိုကိုယ်သံသယ ရှိတဲ့အခါ

ultra-sound ရိုက်ကြည့်လို့ရပါတယ်။ ပိုသေချာအောင် အသားစ အဖြေယူရပါမယ်။ မရှိသေးဘူးဆိုရင် ကာကွယ်ဆေးသုံးခါထိုးပြီး ရှစ်နှစ်စိတ်ချလက်ချနေလိုက်ပါ။ ရှိနေပြီဆိုရင် ဘယ်အဆင့်ထိရောက်နေပြီလဲမေးပါ။ လုံးဝပျောက်ကင်းသည် အထိကုသလိုက်ပါ။
ဆေးဝါးများမှာသောက်ဆေးများဖြစ်သော်လည်း ဘေးထွက်ဆိုးကျိုး အလွန်များသောဆေးများ ဖြစ်သဖြင့် ဆရာဝန်၏ ညွန်ကြားချက်ဖြင့်သာသောက်သုံးရန်။

(ရေးသူအမည်မပါတော့ ဖော်ပြပေးလို့မရဘူးဖြစ်နေပါတယ်။ facebook က သူငယ်ချင်းတစ်ယောက်ဆီကနေ ပြန်လည်မျှဝေလိုက်ပါတယ်။ မိန်းကလေးတိုင်းလည်း သိထားသင့်တယ်လို့ထင်လို့။ ကိုယ်တိုင်လည်း အခုမှ သေချာဖတ်ဖူးလို့ မသိသေးသူတွေအတွက် ပြန်လည်မျှဝေလိုက်ပါတယ်နော်။ မူရင်းပုံနဲ့ စာတစ်ချို့ကိုတော့ ဖျက်ထားမိတာကိုလည်း မူရင်းရေးသားသူကို ဒီကနေပဲ တောင်းပန်လိုက်ပါတယ်။ စာဖတ်သူအပေါင်းလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ)
ချစ်တဲ့
✎❑уaйaит cно❒ ヅ

ရွက်ကြွေတော (မောင်လှမျိုး - ချင်းချောင်းခြံ)

ဆုတောင်း

ရေးသူ အမည်မသိပါ။