"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Thursday, August 19, 2010

မုန်းနေတဲ့ အကြောင်း


မုန်းတယ်..
ဒီသီတင်းပတ် တစ်ပတ်လုံးကို ငါမုန်းတယ်..။
မုန်းတယ်..
တနလာင်္နေ့မနက်ခင်းတွေကို မုန်းတယ်..။
ငါမျက်နှာစူပုတ်ပြီး ရုံးသွားရတဲ့ နေ့တိုင်းမှာ
အိမ်နားကပန်းခြံဘေးမှာ မနက်တိုင်းခွေးတစ်ကောင်နဲ့
ဖုန်းကို အေးအေးလူလူပြောပြီးထိုင်နေတဲ့ ကောင်မလေးကို
အားကျတဲ့ ငါ့ကိုယ်ငါလည်း မုန်းတယ်..။
မုန်းတယ်..
မနက်ဖြန်တွေကို ငါမုန်းတယ်..။
အားလုံးကို မုန်းတယ်..။
MRT ပေါ်မှာ ထ တော့မလိုလုပ်ပြီး
ထိုင်နေတဲ့ လူတွေကို မုန်းတယ်..။
ဖုန်းကို miss call ပေးရုံပေးပြီး
ပြန်ဆက်အောင် လုပ်တဲ့ သူတွေကို ငါမုန်းတယ်..။
အခန်းဖော်ရဲ့ ညစဉ်၁၁နာရီမှာ
Alarm ပေးထားတဲ့ နာရီဝက်ကြာကြာမြည်နေတဲ့
အသံလေးကိုလည်း မုန်းတယ်..။
ငါ့အတွက် ဈေးကြီးလို့ မကိုင်ရက်ဘဲကိုင်မိတဲ့
ဖုန်းလေးကို ပျက်အောင်လုပ်တဲ့ အရာတွေကိုလည်း
မုန်းတယ်..။(အ၀တ်လျှော်စက်ထဲ ထည့်လျှော်မိလို့ ပျက်သွားတဲ့သူက ရှိသေးတယ်)
စိတ်ရှုပ်နေတဲ့ ငါ့ရှေ့မှာ
လမ်းကို ရှောင်ရခက်အောင် သွားတဲ့ သူတွေကို မုန်းတယ်..။
လစာတိုးမယ့် အချိန်ရောက်ပြီဆိုရင်
မသိချင်ယောင်ဆောင်၊ အလုပ်ရှုပ်ချင်ယောင်ဆောင်တဲ့
ငါ့ရဲ့ Boss ကို မုန်းတယ်..။
Project တွေ တစ်ခုပြီးတစ်ခုပြီးလည်း
ဘယ်တော့မှ Appreciation မလုပ်တဲ့ သူတွေကို ငါမုန်းတယ်..။
လမ်းတွေလျှောက်တာများသွားရင်
ခြေထောက်ကို ကိုင်ချုပ်ထားသလို နာတတ်စေတဲ့ ငါ့ဖိနပ် ကို မုန်းတယ်..။
အိပ်ပျော်အောင်ကြိုးစားနေတဲ့အချိန်
အိပ်လို့မကောင်းတဲ့ ငါ့အိပ်ရာကို ငါမုန်းတယ်..။
အရသာစပ်တဲ့ ငါကြိုက်တဲ့ Sliced Fish Soup သောက်တိုင်း
သီးတဲ့ ငါ့အကျင့်ကို မုန်းတယ်..။
အရေးကြီးတဲ့ အချိန်တွေဆို ပျာတတ်တဲ့ ငါ့ကိုယ်ငါမုန်းတယ်..။
တစ်ခုခုကို လုပ်တော့မယ်ဆိုတိုင်း သူများတွေရဲ့အတွေး၊ အမြင်ကို
ထည့်ထည့်တွေးတတ်တဲ့ ငါ့ကိုယ်ငါ အရမ်းမုန်းတယ်..။
ဝေဖန်ခံရမှာကြောက်တတ်တဲ့ ငါ့ကိုယ်ငါ သောက်ရမ်း မုန်းတယ်..။
Fire Sprinkler လေးတွေ ချတာများသွားရင်
အလယ်ကို စု စုသွားတတ်တဲ့ ငါ့မျက်လုံးကို ငါမုန်းတယ်..။
တစ်ခုခုဆို ခံစားချက်အတိုင်း ပြောင်းလဲတဲ့ ငါ့မျက်နှာပေးကိုလည်း မုန်းတယ်..။
ပူလောင်လွန်းတဲ့ ညတွေမှာ
ငါသိပ်ချစ်တဲ့
ငါ့အိပ်ရာပေါ်က အရုပ်တွေကို
စိတ်ပျက်တဲ့ ငါ့ကိုယ်ငါ မုန်းတယ်..။
ဝယ်ထားတာ မကြာသေးဘဲ အခိုးခံရတဲ့
ငါ့ဖိနပ်လေးကို စီးနေမယ့် သူကိုလည်း မုန်းတယ်..။(ခြေထောက်မှာ ၀ဲပေါက်ပါစေ..)
ချစ်သူကို ချစ်တယ်ပြောဖို့ ၀န်လေးတတ်တဲ့ ငါ့ကိုယ်ငါမုန်းတယ်..။
ပြောရမယ့်စကားတွေ မပြောတတ်တဲ့ ငါ့ကိုယ်ငါ မုန်းတယ်..။
ပိုက်ဆံစုချင်ပေမယ့် ကုန်စရာတွေချည်း ဖြစ်နေတဲ့ အခုအချိန်ကို ငါမုန်းတယ်..။
ရုံးက သူများတွေအကြောင်းကို ပဲ ဟိုသည်သွားပြောတတ်တဲ့
ဟို CCTV ဘွဲ့ရထားတဲ့ လူကြီးကိုလည်း မုန်းတယ်..။
အထူးသဖြင့်...
တွေဝေတတ်တဲ့ ငါ့ကိုငါ အမုန်းဆုံးပဲ။
(ရနံ့ချို)
အခုမှပဲ အိပ်လို့ရတော့မှာ...တစ်ပတ်လုံး အဆင်မပြေဖြစ်နေတာတွေကို ဒီနေရာလေးမှာ ရင်ဖွင့်ခွင့်ရအောင် လုပ်ပေးတဲ့ အခြေအနေ အကြောင်းကြောင်းတွေ အားလုံးနဲ့အတူ ဒီစာမျက်နှာလေးကို ဖတ်ပြီး ခံစားချက်ဝေမျှယူသူတွေကိုလည်း ကျေးဇူးတင်ပါတယ်...အားလုံး အဆင်ပြေတဲ့ ဘ၀တွေ ပိုင်ဆိုင်ကြပါစေ...

Tuesday, August 17, 2010

ချစ်ခြင်းဆိုတဲ့ နွယ်...


အချစ် အချစ်နဲ့ ရစ်လို့မတွယ်မိချင်ခဲ့
တစ်ပင်တည်းနဲ့ တင်းတင်းရစ်တတ်တဲ့နွယ်လို
ရုန်းဖို့ ခက်လွန်းသမို့...။

ဘယ်လမ်း ဘယ်စနစ်မှာမှလည်း
ထာဝရအဖော်မွန် ဆိုတာ တကယ်မရှိခဲ့ပေဟု
အားတင်းကာ တစ်ကိုယ်တည်း လျှောက်မယ်လို့ကြံကာမှ
လိပ်ပြာလေးတစ်ကောင် ကိုယ့်နားလာဝဲတယ်...။

တစ်ရစ်ဝဲ၀ဲနဲ့
သူ့ရင်ခုန်သံတိုးတိုးကို ကိုယ်ကြားအောင်
စွမ်းဆောင်ကာရယ်ဖြင့် သံယောဇဉ်နဲ့ တည်ဆောက်တယ်...။

လိပ်ပြာလေးကာရန်တွေနဲ့ အစပြုတော့
သတိမပြုဘဲလည်း မနေနိုင်ခဲ့တယ်...
ဒီတော့လည်း ....
ကိုယ့်မှာ အချစ်.. အချစ်နဲ့
ရစ်လို့တွယ်မိပြန်တော့တယ်...။

တစ်ပင်တည်းတော့
တစ်ပင်တည်းပါပဲ....
ဒါပေမယ့်နင်က
တစ်ပင်တည်းပေမယ့် တင်းတင်းရစ်တတ်တဲ့
သံယောဇဉ်ဆိုတဲ့ ကိုယ့်ရဲ့ နွယ်....
ဟုတ်တယ်..နင်ဟာ
တကယ်တော့
ဖြတ်ဖို့မလွယ်တဲ့ ချစ်ခြင်းတွေနဲ့
ကိုယ့်ရင်ထဲက နွယ်..။
ချစ်တဲ့
(ရနံ့ချို)
(ကျွန်တော်က ပြန်လည်စမ်းစစ်တာကိုမလုပ်တတ်ခဲ့သူမို့ အမှားတွေအများကြီးကို လုပ်မိတတ်တဲ့လူဆိုတော့ ခနတိုင်းအမှားနဲ့မကင်းတဲ့လူပေါ့။အခုလတ်တလော ရင်မှာတင်းနေအောင် ခံရခက်တာက ဖုန်းပျက်သွားတယ်...ပလုံပါပဲ....။ပို့စ်တစ်ခုတင်မယ်ဆိုရင် အခုရေး ၊ အခုတင်တာပါပဲ။draft ထဲမှာသိမ်းထားတတ်တဲ့ စာတွေတော်တော်များများကလည်း ပို့စ်အဖြစ်နဲ့ ပြန်မလာတော့တာ ပြန်မစစ်ချင်တဲ့အကျင့်ကြောင့်ပါပဲ။အခုလည်း ဒီကဗျာလေးကို အခုညစာ စားရင်းရေးမိတာပါ..စာပေစိစစ်ရေးမရှိတဲ့အတွက် လွတ်လွတ်ကင်းကင်း ပို့စ်တစ်ခုအဖြစ် တင်လိုက်ပါတယ်နော်..ဖတ်ခဲ့ဖူးတဲ့ ကဗျာတွေရဲ့ ကာရန်တွေပူးကပ်နေတယ်ဆိုတာသိပေမယ့် ကျွန်တော် ခုချိန်မှာ အဲ့ဒါလေးခံစားဖြစ်လို့ရေးမိသွားတာပါ..အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...ရွှင်လန်းချမ်းမြေ့ပါစေနော်....)

Monday, August 9, 2010

N3v3r_ma_ya_lonely



ကြိုက်မယ်ထင်တယ်...YouTube ကရတာလေးပါ...ကျေးဇူးတင်ပါတယ်...လာလည်သူတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းမြေ့ပါစေ...
ချစ်တဲ့
ရနံ့ချို

Sunday, August 1, 2010

ချစ်သူမသိလိုက်သောအချစ် - NO Group


သီချင်းစာသားလေးတွေက ထပ်တူခံစားစေတယ်.။
ပြီးတော့ သူတို့ တင်ဆက်ထားတာလေးတွေ၊
အ၀တ်အစားပုံလေးတွေကိုလည်း သဘောကျလို့ ပို့စ်အဖြစ်တင်လိုက်ပါတယ်။
လာလည်သူတွေလည်း အပန်းပြေလိမ့်မယ်ထင်ပါတယ်.။
ကျွန်တော်က ခုမှ ဒီသီချင်းလေးကိုသိတာ။
ချစ်တဲ့
(ရနံ့ချို)