(ရနံ့ချို)
"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"
Sunday, May 30, 2010
Sandwish ပြိုင်ပွဲလေးတစ်ခု.....
ကျွန်တော်တို့ ရုံးရဲ့ Sandwish မုန့်ံလုပ်တဲ့ ပြိုင်ပွဲလေးတစ်ခုကို Teamwork ပုံစံလေးနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ က ကျင်းပခဲ့ပါတယ်။အသင်းတစ်ခုစီကနေ အကောင်းဆုံး၊ အသန့်ရှင်းဆုံး မုန့်ကို စုစုပေါင်းကြာချိန် မိနစ် သုံးဆယ်နဲ့ လုပ်ပြီး ပြိုင်ခိုင်းတာပါ။အဲ့ဒီမှာ ကျွန်တော်တို့အသင်းက Sushi ပုံစံလေးတွေကို အမျိုးအစား လေးမျိုးနဲ့ ၅ပွဲစာ ပြုလုပ်ပြီးပြိုင်ခဲ့ပါတယ်။အမဲသား၊ တူနာ၊ ကြက်ဥ နဲ့ အသီးအရွက် ဆိုပြီး ခေါင်းစဉ်ခွဲလိုက်ပါတယ်။Fruit Salad နဲ့ Orange Juice ကတော့ အပိုလုပ်ပေးခဲ့တာပါ။Meal ပေါ့လေ :P
ပထမ ပေါင်မုန့် အညိုကို ဒီလိုပါးပါးပြားပြားလေးတွေဖြစ်အောင် roller နဲ့ လှိမ့်လိုက်ပါတယ်။
အဲ့ဒီပြားပြားလေးတွေထဲမှာမှ-သူ့လေယာ အလိုက် အမဲသား ၊ချိစ်အပြား နဲ့ အရွက်ကိုပါးပါးရှည်ရှည်လေးတွေ လှီးထားတာကို ထည့်ပြီး အလိပ်လေးလုပ်တာပါ။စိမ်းနေတဲ့ အရွက်လေးတွေ နဲ့ ပါဝင်တဲ့ပစ္စည်းလေးတွေကို မျက်စိပဒါသဖြစ်အောင် ထားပြီးလိပ်ရတာပါ။
ပြီးရင်တော့ အနည်းငယ်ခပ်စောင်းစောင်းလေးတွေကို တစ်လုပ်စာ အရွယ်( ဆူရှီ ) အရွယ်လေးတွေနဲ့တူအောင် ဖြတ်ပါတယ်။ဖြတ်တဲ့အခါ ပြီမသွားအောင် တုတ်တဲ့သေးသေးလေးတွေ (သွားကြားထိုးတံ) လေးတွေ သုံးပြီး လုပ်ရပါတယ်။
စားတဲ့အခါမှာလည်း အဲ့ဒီ တုတ်တံလေးကနေကိုင်ပြီး စားလိုက်ရုံပဲ။
တစ်ကိုက်ဆို ဆိုသလောက် အရသာရှိစေတဲ့ ဆန်းဒွစ်ရှ်လေးတွေပါ။ကြက်ဥနဲ့ ချိစ်ပြားနဲ့ အရွက်က တစ်မျိုး၊ တူနာနဲ့မယိုးနိစ် ၊ အရွက်ကတစ်မျိုး ၊ ကီဝွီ (kiwi) သီးနဲ့ ခရမ်းချဉ်သီးနဲ့က တစ်ဖုံကို ပေါင်မုန့်ပြားညိုလေးတွနဲ့အလှဆင်ပြီးပြုလုပ်ခဲ့ပါတယ်။
လုပ်ပြီးသားတွေကို စုပြီးပြိုင်ရတာပါ။ကိုယ်ဘာတွေသုံးပြီး ဘယ်လိုလုပ်ထားတယ်။ကျန်းမာရေးနဲ့ညီညွတ်အောင် ဘာတွေကို သုံးပေးထားတယ် ဘာညာပြောပြီး အမှတ်ယူကြပါတယ်။
ပြိုင်ပွဲလေးမှာ လူကြီးတွေက အမှတ်ပေးပါတယ်။သူတို့က အရသာ၊ အပြင်အဆင် ရယ် အသင်း စည်းလုံးမှု၊ သန့်ရှင်းမှုကို အမှတ်ပေးတာပါ။နောက်ဆုံးမှာ မြင်ရတဲ့အတိုင်း အားလုံးထဲမှ ကျွန်တော်တို့ရဲ့ ချစ်စရာ ဆန်းဒွစ်ရှ် လေးတွေက ပထမရသွားပါတယ်။
ဆုကြေးငွေ ပေးပါတယ်။ကျွန်တော်တို့ ၆ယောက် ပေါင်း စိုက်ပြီးဝယ်ထားတာနဲ့ဆိုတော့ သိပ်တော့မမြတ်ပါဘူး။:Pဒါပေမယ့် ပျော်ပါတယ်။အဲ့ဒါပြီးတော့ ရုံးကကျွေးတဲ့ နေ့လည်စာစားပြီး ပျော်ကြရတာပေါ့လေ။ဘ၀ ကတစ်ခါတလကျ စိတ်ကျေနပ်စရာလေးတွေ ရှိနေတော့လည်း နေပျော်ပါတယ်။ရောက်နေတဲ့နေရာလေးမှာ ပထမဆုံး စိတ်ကျေနပ်မှုရတဲ့နေ့မို့ အမှတ်တရရှိနေစေဖို့ ဒီပို့စ်လေး တင်ပါတယ်။အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။
(ရနံ့ချို)
(ရနံ့ချို)
Saturday, May 8, 2010
ချစ်ခြင်းတိှု့ရှိရာ...
Ninja နဲ့အတူသီချင်းလေးတွေ နားထောင်ကြပါဦး...ဘယ်လမ်းဘယ်အထိပေါက်လဲမသိတဲ့အခါ
ရင်ကွဲမတတ်အော်ဟစ်မိတဲ့ ဒီအသံ
ကိုယ့်ရင်ကိုပဲ ပြန်ပြန်မှန်တယ်....။
အလွမ်းတွေနဲ့ ထောင်ပစ်တဲ့ ဒီမြှား
ကိုယ့်ရင်ကိုပဲ တည့်တည့်မှန်တယ်
အချစ်တွေရှိတဲ့အရပ်
မိုးလင်းကနေ မိုးချုပ် ကိုယ်မှန်းမျှော်မိပါရဲ့...။
ချစ်ခြင်းတို့တည်နေရာဆီသို့...........
မှန်းမျှော်ရင်း
တစ်နေ၀င်တယ်
တစ်နေထွက်မယ်
ပုံမှန် ဒီဘ၀ထဲ ကိုယ်တ၀ဲဝဲလည်လည်
လည်ပတ်နေရဦးမယ်....။
တစ်နေ့တော့....
...............................................
(ရနံ့ချို)
Monday, May 3, 2010
ခင်ပွန်းကြီး ၁၀ ပါး ကန်တော့နည်း
ကဲ ... ယနေ့ရောက်လာ ဘလော့စာရှုသူတွေကို ပေးချင်တာလေးတစ်ခုရှိပါတယ်။သိပြီးသား၊ ကြားဖူးပြီးသား ဖြစ်ချင်ဖြစ်နေလိမ့်မယ်။လက်တွေ့ကျင့်သုံးနေသူတွေ လည်းရှိနိုင်ပါတယ်။လုပ်ကြည့်ကြရအောင်။ပြောပြချင်တာကကြာပါပြီ။ တိတိကျကျလေး ပေးသိချင်လို့ပါ။ဖတ်ကြည့်ပြီး ကျင့်ကြံကြည့်ရအောင်။ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်-
၁။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
ီ၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာအရှင်မြတ်ကြီး
အပေါ်၌
၎။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌
၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင် တို့အပေါ်၌
၆။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင် တို့အပေါ်၌
၇။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌
၈။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ်၊ မိမိထက် သိက္ခာ အရွယ်ကြီးမားသူတို့၏ အပေါ်၌
၉။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မ တို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌
၁၀။ ထမင်းတစ်လုပ်၊ ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ် တို့၏အပေါ်၌
ကာယကံ၊ ၀စီကံ၊ မနောကံသုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ၊ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား....။
ဤသို့ ရှိခိုးပူဇော်ဖူးမြော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါ အန္တရာယ် အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာ သိမြင်၍ နိဗ္ဗာန်သို့ ၀င်ရောက်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား...။
လောကီ မင်္ဂလာ အဖြာဖြာ တို့သည်လည်း စိတ်ကြံတိုင်း တောင်းတတိုင်း လွယ်ကူလျင်မြန်စွာ ပြည့်စုံ၍ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား...။
ဒါကတော့....
ခင်ပွန်းကြီး ၁၀ပါးအား ပြစ်မှားသူတို့ကြုံရမည့် ဒဏ် ၁၀ ပါးတဲ့။ ကျွန်တော်တို့တွေ သိလိုက်မိတာ ရှိမယ်။မရည်ရွယ်ဘဲ လုပ်မိလိုက်တာရှိမယ်။အဲ့ဒါလေးတွေ ကျေစေချင်လို့ပါ။
၁။ ပြင်းထန်သော ဦးခေါင်းနာ စသည့် ဝေဒနာများဖြစ်ခြင်း
၂။ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း
၃။ လက်ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါ ကြီးငယ်ချွတ်ယွင်းခြင်း
၎။ ကုသ၍ မရနိုင်သော ကြီးလေးသည့် ရောဂါများဖြစ်ခြင်း
၅။ ရူးသွပ်ခြင်း၊ စိတ်မတည်ငြိမ်ဖြစ်ခြင်း
၆။ မင်းပြစ် မင်းဒဏ် ခံရခြင်း
၇။ မတရားသဖြင့် စွပ်စွဲ ခံရခြင်း
၈။ ဆွေမျိုးကောင်း ၊ မိတ်ဆွေကောင်းမရရှိခြင်း
၉။ စည်းစိမ်ဥစ္စာ၊ အခြွေအရံများ ပျက်စီးခြင်း
၁၀။ နေရာ တိုက် အိမ် မီးလောင် ပျက်စီးခြင်း
ပစ္စုပ္ပါန် ဘ၀၌ ထိုဒဏ် ၁၀ပါး သင့်မည့်အပြင် သေလွန်သောအခါ၌လည်း အပါယ်ငရဲသို့ကျရောက်နိုင်ပါသည်။
ကိုယ်က ဘာမှမပြစ်မှားထားရင်တောင် ကျွန်တော်တို့တွေနဲ့ မကင်းနိုင်တဲ့ ဒီခင်ပွန်းကြီးဆယ်ပါးကို ပူဇော်ခြင်းအကျိုးကလည်း ၁၀ ပါး ရရှိနိုင်ပါတယ်။
၁။ အစားအစာ မရှားပါးခြင်း၊
၂။ ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း၊
၃။ ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း၊
၎။ လူချစ်လူခင် ပေါများခြင်း၊
၅။ ပရိသတ် အလယ်၌ တင့်တယ်စွာ နေနိုင်ခြင်း၊
၆။ ကောင်းသတင်းဂုဏ်ကျော်စောခြင်း၊
၇။ အခြွေအရံများခြင်း၊
၈။ စီးပွားဥစ္စာ ဖွံ့ဖြိုးတိုးတက်ခြင်း၊
၉။ ဘေးဒုက္ခ ကြုံသော် အကူအညီရရှိခြင်း၊
၁၀။ သားကောင်း သမီးကောင်းရရှိနိုင်ခြင်း တို့ပဲ ဖြစ်ပါတယ်။
လောကမှာ ကိုယ်တိုင်လုပ်ကြည့်မှ သိနိုင်တဲ့အရာထဲက မိတ်ဆွေတွေရသင့်တာလေးတွေပေးချင်လို့ ပြန်လည်မျှဝေလိုက်ပါတယ်။အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။
(ရနံ့ချို)
Subscribe to:
Posts (Atom)