"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Showing posts with label The Best Images... Show all posts
Showing posts with label The Best Images... Show all posts

Tuesday, June 26, 2012

ညီမလေးအတွက်


အခုရေးနေတဲ့ စာသားတွေအကြောင်းတွေကို သိပြီးသားလည်းဖြစ်မယ်။
ပြောဖို့လွယ်သလို၊ နားထောင်ဖို့လွယ်ပါတယ် ညီမလေး။
ဒါပေမယ့် ကိုယ်တိုင်လက်ခံ နားလည်ဖို့ အချိန်နည်းနည်းယူရမယ်ဆိုတာ ကိုယ်သိပါတယ်။
ဒီအရွယ်ရောက်မှတော့ နာကျင်မှုပျောက်အောင် ဆေးရှိပါရက် ။ သိနေပါရက် ညီမလေး
ကိုယ်တိုင် ယူသောက်မှတော့ ပြေလိမ့်မယ်ကွယ်။
ပူပန်စိုးထိတ်အားငယ်တဲ့ အတွေးတွေကို ရပ်တန့်ဖို့ ကိုယ်တိုင်စီမှာပဲ အခွင့်ရှိပါတယ်..
ဒီတော့ ကိုယ်အကြံပေးကြည့်မယ်။ အသိတရားကို လက်တို့စေနိုင်တယ်ဆိုရင်ပဲ ကျေနပ်ပါတယ်.. :)

မနက်ဖြန်တိုင်းအတွက် ပူပန်စိုးထိတ်ပြီးနေမယ့်အစား

ကိုယ်တတ်နိုင်တာလေးတွေကို အကောင်းဆုံး စေတနာအသန့်ဆုံးလေးတွေနဲ့
ကြိုးစားပြီး ကျော်ဖြတ်လိုက်ကြရအောင်..
အတိတ်တွေကို လွမ်းဆွေးပြီး နှမြောတမ်းတမှုတွေ ခနရပ်လိုက်ပါ
မနက်ဖြန်တွေကို တွေးပြီး ပူပန်မနေပါနှင့်
အခုလို လက်ရှိကိုယ်ပိုင်ဆိုင်နေချိန်လေးမှာ
ဘယ်သူ့ကိုမှ မပူပန်စေဘဲ၊ မနာကျင်စေဘဲ၊
ကိုယ့်ကိုကိုယ်လည်း စေတနာထားပြီး အရာတိုင်းကို
သက်တောင့်သက်သာနဲ့ မြင်လိုက်ပါ။
အရှိကို အရှိအတိုင်းလက်ခံလိုက်ပါ။
အရာတိုင်းကသာ တည်မြဲနေမယ်။ လှပနေမယ်။
ကိုယ်ထင်ထားတာတွေ ဖြစ်နေမယ်ဆိုရင်
ကိုယ်တို့ မြတ်စွာဘုရားရှင်က ဒုက္ခသစ္စာ အတွက်
အထူးတလည် ဟောကြားခဲ့မှာမှ မဟုတ်တာပဲနော်။
နာကျင်မှုတွေကို ဆက်ပြီးဆုတ်ကိုင်မထားဘဲ
ကိုယ်တိုင်လွှတ်ချထားနိုင်ဖို့ပဲလိုတာပါ။
ကိုယ့်ကိုကိုယ် နာကျင်အောင်မနေပါနှင့်။
ကိုယ်အနားတစ်သက်လုံး ကိုယ့်အတွက် နာကျင်ပင်ပန်းနေတဲ့
ကိုယ့်နှလုံးသားလေးကိုမှ မသနားဘူး
ကိုယ့်အချိန်တွေကိုမှ မနှမြောဘူးဆိုရင်..
ဘယ်လိုလူကများ ကိုယ့်ကိုသနားနေမယ်ထင်နေလို့လဲ ညီမလေးရယ် :)
တကယ်တော့.. ညီမလေး သိတဲ့အတိုင်းပါပဲ။
ကိုယ်တို့က လောကကြီးကို ဖြစ်ချင်တာတွေပုံဖော်ပြီး ဖြစ်နိုင်တယ်လို့ ထင်မှတ်မှားနေကြပေမယ့်..
လောကကြီးရဲ့ ချမှတ်ထားပြီးသား ပုံစံခွက်အတွင်းမှာ
ကိုယ်တို့အားလုံးက လည်ပတ်ကျင်လည်နေကြရတာပဲမဟုတ်လား။
ဖြစ်ချင်တိုင်း မဖြစ်တာ သဘာဝပဲ။
လုပ်တိုင်း မဖြစ်တာ သဘာဝပဲ။ ကိုယ်တစ်ယောက်တည်းပဲ ဒီလိုအဖြစ်တွေကြုံရတယ်။ ခံစားရတယ်တော့မထင်ပါနဲ့ ညီမလေး။ လူတွေတိုင်းမှာ ကိုယ်စီ ဒုက္ခတွေနဲ့ပါ။ ဒီလိုပဲ အားလုံးကနေ ကျော်လွန်ပြီးဆုံးသွားလိုက် အသစ်တဖန်ပြန်လာတွေရှိလိုက်နဲ့ လောကကြီးကတော့ အပေးနဲ့အယူ အားလုံးဆီကနေ ...အားလုံးဆီကို သူ့ဘာသာ တရားမျှတစွာ လည်ပတ်နေမြဲပါပဲဆိုတာ.. ညီမလေး မြင်အောင်ကြည့်ပါနော်။ အဆင်ပြေပါစေ ညီမလေး။ ပျော်အောင်နေပါ။ အနီးနားမှာ ပတ်ဝန်းကျင်မှာ စိတ်ချမ်းသာစရာတွေ အများကြီးပါ။ ပျော်ရွှင်ပါစေ..ညီမငယ်

(တရားဟောတယ် မထင်ကြပါနဲ့။ သူငယ်ချင်းညီမလေးအတွက် အားပေးရင်း ဒီပို့စ်လေးကို တင်လိုက်ပါတယ်။ တခါတလေမှာ ဒီပုံလေးထဲကလို ပေါ့ အပြင်မှာရွာနေတဲ့မိုးနဲ့အတူလိုက်ပြီး ဆွေးနေမယ့်အစား။ မိုးသံလေးကို နားထောင်ပြီး ကော်ဖီတစ်ခွက်နဲ့ ကိုယ်နှစ်သက်ရာ စာအုပ်တစ်ခုနဲ့ပဲ လောကကြီးကို အပူပင်ကင်းစွာနဲ့ ကျော်ဖြတ်ကြည့်ကြရအောင်နော်။ သဘောတူမယ်လို့ ထင်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။)

ချစ်တဲ့
✎❑уaйaит cно❒ ヅ

Saturday, April 16, 2011

ကြယ်လေးအတွက်

Reach For The Stars
ညတွေမှာ ကျွန်တော် ကြယ်တွေကို ထိုင်ငေးရင်း စိတ်ကူးနဲ့ လိုက်ကောက်ကြည့်ဖူးတယ်။ တစ်ပွင့်၊ နှစ်ပွင့်... သုံးလေးပွင့် တဖြည်းဖြည်းနဲ့ သိလိုက်တာ ပါးပြင်ပေါ်က မျက်ရည်တွေ..။
သူ့နေရာမှာသူ အတည်တကျ ရှိနေပြီးသော အရာလေးများကို ဖျက်ဆီးသလိုများဖြစ်နေပြီလား။ ပြန်ထားဖို့ ကြိုးစားကြည့်တော့ မအောင်မြင်တော့ဘူး။ ဒီအတိုင်း ကိုယ့်လက်ထဲမှာ သူတို့ကိုယ်ပိုင် အဆင်းတွေမှေးမှိန်ကုန်တော့မယ်။ ကြယ်ဆိုတာမျိုးကလည်း ကောင်းကင်မှာ အဝေးကနေ ကြည့်နေရတာပဲ တင့်တယ်ပြီး သူ့အလင်းကို ခံစားလို့ ရတာမျိုးပဲမလား။ ခွင့်လွတ်ပါ ကြယ်လေးရယ်..။ ငါ့ကို ခွင့်လွတ်ပါ..။
Pink Stars
ဟူး... တော်သေးတယ်နော်.. စိတ်ကူးနဲ့ပဲ လိုက်ကောက်ကြည့်မိလို့။ ကျွန်တော်ပြုံးပြီး ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ အိုး...........ဟိုးမှာ ကျွန်တော်ချစ်ရတဲ့ ကြယ်လေးတွေ..။ ပြုံးပြီး ကောင်းကင်ကို မော့ကြည့်လိုက်တော့ မျက်ရည်တွေစီးကျလာတာကို ကြယ်လေး မမြင်ပါစေနဲ့။ ကြယ်လေးကို ကျွန်တော် လက်လှမ်းပြလိုက်တယ်။ စိတ်ကောက်နေတဲ့ ကြယ်လေးက မျက်နှာကို ဟိုဘက်လွှဲသွားတယ်။ ကလေးဆန်တာက ကျွန်တော်နဲ့တူနေပြန်တယ်....။ မြတ်နိုးပါတယ်ကွယ်..။ ပိုင်ဆိုင်ချင်စိတ်နဲ့ ပူလောင်ဖူးတယ်။ ကြယ်လေး မပျော်ဘူးလား..။ ဒီလိုနဲ့ တစ်ရက်ပြီး တစ်ရက် စိုးရိမ်စိတ်နဲ့ ကျွန်တော် စောင့်ကြည့်တယ်..။ အိပ်မက်တွေထဲမှာလည်း ကြယ်လေးတွေ ငိုနေတယ်။ ကိုယ်တိုင်လည်း မျက်ရည်တွေနဲ့ မိုးလင်းမြဲ..။ ဒီလိုနဲ့.... တစ်ရက်.. ကောင်းကင်က ပိုလင်းနေသလိုပဲ..။ အလုပ်က အပြန် လွယ်အိတ်ကို အသာချ ကောင်းကင်ကို ကျွန်တော် ထိုင်ကြည့်မိတယ်..။ ဘယ်မှာလဲ ကြယ်လေးရေ...။
Shooting Star
အိုး... ကျွန်တော့်ကြယ်လေးတွေက အရောင်ပိုတောက်နေပြီး ပျော်ရွှင်စွာ ကခုန်နေကြတယ်.. ။ ပျော်နေပြီပေါ့ ကြယ်လေး..။ အရာအားလုံး ပြည့်စုံသလို အားအင်တွေ ရရှိပါတယ်.။ ကြယ်လေးက ကျွန်တော့်ကို တစ်ချက် သတိရပြီး ငုံ့ကြည့်တယ်..။ ပြီး သူ့ကိုယ်လေး ကို တစ်ချက်ခုန်လိုက်တယ်..။
ငိုနေတာလား ကျွန်တော် သေချာကြည့်မိတယ်။ ရင်ထဲမှာလည်း ဗြောင်းဆန်ကုန်တယ်။ အော် ... ကျွန်တော့်ကို သူက ရယ်ပြနေတာပဲ... သူ့ကိုယ်လေးကို တစ်ချက်ခုန်တယ်.. အလင်းတစ်ချက် ထွက်တယ်။
Good Friends
ကျွန်တော် ဒီလောကနဲ့အဆင်မပြေဖြစ်တိုင်း၊ ၀မ်းနည်းအားငယ်ချိန်တိုင်း ကျွန်တော် တစ်ယောက်တည်း ကြယ်လေးတွေကို လာထိုင်ကြည့်တယ်။ သူတို့ ခုဆို ကောင်းကင်ပေါ်မှာ နေသားတကျ တည်ရှိနေမြဲ..။ ခုဆို ပျော်ရွှင်စွာနဲ့ သူ့ကိုယ်လေးကို တစ်ချက်ခုန်တိုင်း အလင်းတစ်ချက် ထွက်တယ်။ ကြယ်လေးရေ... ဒါပဲလေ.. ခု သိပြီမလား..။ အမြဲတမ်း မင်းဆီက အလင်းတွေနဲ့ ကိုယ့်ကို ရယ်ပြပါကွယ်.. ။

မင်းပျော်ရွှင်မှုတိုင်းဟာ ဟောဒီလူအတွက် ကြည်နူးစေလို့ပါပဲ..။မှိတ်တုတ် မှိတ်တုတ် အလင်းနဲ့ ကြယ်လေးတွေ.. ကျွန်တော့်ဘ၀မှာ အမြဲ ရှိနေပြီ။ ကျွန်တော့်အတွက် မဟုတ်ပေမယ့် သူတို့ နဲ့ ကျွန်တော် ဒီလောကမှာ အတူ ရှင်သန်တည်ရှိနေပြီ..။ ကြယ်လေးတွေ ကျွန်တော့်ကို သတိမရလည်း သူတို့ကခုန်နေတာကို မြင်ရတိုင်း ကျွန်တော်အနား ရှိနေတာထက် ပိုပြည့်စုံစေပါတယ်..။ဆုတောင်းပေးမိတယ်.. ဟောဒီလောကကြီးက အရာတိုင်း သူ့နေရာနဲ့ သူ အံဂွင်ကျ ပျော်ရွှင် ပြီး နေသားတကျနဲ့ အောင်မြင်မှုတွေ ရကြပါစေလို့..။
Colorful Stars
ချစ်တဲ့
ရနံ့ချို

Friday, February 25, 2011

“ ကမ္ဘာမြေကို ချော့သိပ်မဲ့သီချင်း ”


ချစ်သော ကမ္ဘာမြေ ...ကောင်းမွန်စွာ အိပ်စက်ပါလေတော့ ...အလွမ်းကိုသယ်ပိုးလျက်ဆက်သသော တေးသီချင်းများနှင်အတူငါသည်လည်း ... အိပ်စက်ပါရစေတော့ ......နှလုံးသားများလည်း ... အိပ်စက်ပါစေတော့ ...

Monday, February 21, 2011

လိပ်ပြာလမ်းခွဲ

Butterfly
လေပြေ၀ဲဝဲ ၊ သည်းသည်းလွင့်လွင့်
ခင်ခင့်လိပ်ပြာ ၊ စေရာနှင်ရာ
မြင်မြင်ရာရာ ၊ ဟိုမှာဒီမှာ
ရှိနေမှာလား။

မြူဝန်းအခို ၊ နှင်းမှုန်တွေကြား
တောတန်းတလျှောက် ၊ စမ်းချောင်းလေးအနား
ခင်လေ ပျံသန်းနေဆဲ.....
မောင့်ကိုရှာနေခဲ့။


Butterflies
တောင်ကုန်းပေါ်အရောက် ၊ အသွေးစုံတဲ့ပန်းတွေကြားထဲ
မပျော်အားခဲ့ ၊ မောင့်ခေါ်သံတွေ
အာရုံေ၀၀ါးကာ ၊ ကြားနေဆဲ....

Butterfly
စမ်းချောင်းလေးနား ၊ တစ်ထောက်နားတယ်
ရင်ခုန်သံတွေ မြန်လာလွန်းလို့...မောလိုက်တာ...
မောင့် ခေါ်သံတွေလား... ၀ိုးတ၀ါးကြားပြန်တယ်
ခင် တစ်ကိုယ်တော် မောင့် ရှာပုံတော်ခရီးဆက်ခဲ့ပြန်တယ်..။
Hugs
မြူဝန်းအခို၊ တောင်ကုန်းပေါ်မှာ
နေလုံးမေးတင် နှုတ်ဆက်နှင်ပြီ...
နွမ်းလျပန်းပြီ ခင်လေ နှုတ်ဆက်ချင်ခဲ့တယ်.....
Red Butterfly
အာခေါင်တွေခြောက် ကြောက်စိတ်တစ်ခု ပြေးဝင်လာခိုက်
မောင့်ကို တွေ့ချင်မိတယ်၊ဟစ်အော်ခေါ်လည်း
မောင်မကြားခဲ့၊ ဘယ်မှာလဲကွယ်...
သွားရတော့မယ်......
Flying Butterflies
တောင်ကုန်းပေါ်အရောက် အမြင်တွေက
ဝါးလာတယ်...နားထဲမှာလည်းလေတိုးသံတွေထဲမှာ
မောင်ရဲ.ခေါ်သံကို ကြားပြန်တယ်

ဟော......
ဟိုးးးးးးးးးးးးးးးးးးးး အဝေးကြီးမှာ..............
ပျပျလေးပါပဲ...........

ခင်လေ..
ဝိုးဝါး မောင့်ကို မြင်တယ်မောင်...
ဝိုးဝါး မောင့်ကို မြင်ခဲ့တယ် မောင်...................။Butterfly

(နှုတ်ဆက်ခဲ့ပါတယ်... မောင်)...

မှတ်မှတ်ရရ ရှိစေမယ့်ကဗျာများထဲမှ...ကျွန်တော်ချစ်သော လိပ်ပြာလေးတွေနဲ့ ပြန်လည် ဖော်ပြလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျန်းမာစွာ ပျော်ရွှင်နိုင်ကြပါစေ..။
ရနံ့ချို

Friday, February 11, 2011

အိပ်မက်အလွမ်း


Heart
တီးခတ်ကြည့်တိုင်း ဘာသံမှမမြည်တော့တဲ့
တုရိယာတစ်ခုလို ....
ထွန်ကြောင်းတွေသာ အထပ်ထပ်..
ခံစားချက်တွေချရေးမိတိုင်း ပြန်ကြားရတဲ့
တစ်ခုတည်းက အက်သံတွေပဲ..။

အိပ်မက်တွေ အဆုံးသတ်တိုင်း
ရယ်သံတွေပြန်ကြားယောင်..
အမှောင်ညထဲ ကိုယ်..အထီးကျန်စွာ
ငိုကြွေးမိတယ်။

ကဗျာရေးသူတွေ
ရင်ကွဲနာကျတဲ့ အသံတွေ
လူတွေအတွက်တော့
ဟာသတွေပဲ ဖြစ်နေပြီလား..။

လက်ပြခွင့်မရခဲ့သလို
လက်ပြနှုတ်ဆက်ခြင်းလည်း မရလိုက်ပါဘူး
တကယ်တော့ ကိုယ်ဆိုတဲ့
အတ္တလူသားက
အလွမ်းတွေသာထမ်းပိုးပြီး နေရဲပေမယ့်
အမြစ်ကျန်တဲ့ ..
တမ်းတခြင်း က ဖောရောင်လာတိုင်း
အသည်းက တစ်စစ်စစ်နာသတဲ့..။

တကယ်ဆို...
အလွမ်းတွေ အိပ်မက်အဖြစ်သာ
ကုန်ဆုံးစေချင်ပြီ။


ရနံ့ချို

Friday, February 5, 2010

မင်းအနားမှာ နေပါရစေ...

လေပြည်လေးလို နေပါရစေ...
မင်းရဲ့အနားမှာ...
ခြေရာလေးလို နေပါရစေ...
မင်းရဲ့အနားမှာ...
မငိုချင်ဘူး
မင်းအဝေးမှာ...
အချစ်ဆုံးမင်းအနားမှာ နေပါရစေ....။
(ဖုန်းထဲမှာ လက်ဆော့ထားတဲ့ ပုံလေးတွေနဲ့ Auto CAD နဲ့ အပျင်းပြေဆွဲထားတဲ့ ပုံပြန်တင်ချင်လို့ပါ..)

Thursday, January 14, 2010

﹌ ချော့ကလက်လေးတွေ တန်းစီ﹌






ချော့ကလက်လေးတွေ တန်းစီ........
အရသာအရှိဆုံး ချော့ကလက် ဆိုတာ ဘယ်သူလဲကွ... ကျွန်တော်တို့ပါပဲ...






ကြိုက်လွန်းလို့ အားလုံးစားဖို့တည်ခင်းလိုက်ပါရစေ...နော်။

Tuesday, January 12, 2010

အနေနီးပြီး စိတ်ချင်းလည်းပဲနီးချင်တယ်..

ဘ၀ ဘ၀တွေက ခက်ထန်လာလိမ့်မယ်...အချိုးအကွေ့တွေကလည်း များသထက်များလာတယ်... အသက်တွေတစ်နေ့ထက်တစ်နေ့ ကြီးလာတယ်...မျက်နှာထားတွေတစ်နေ့ထက်တစ်နေ့ မာကျောလာဦးမယ်...။ အခက်အခဲတွေကလည်း တစ်ပုံကြီးကိုးကွယ်....တိုင်ပင်စရာမင်းအနားရှိနေလို့သာတော်တော့တယ်...။ နောင်ဆယ်စုနှစ်လေးခုကြာတဲ့အခါ....ကိုယ်တို့ နှစ်ယောက်ရဲ့ အခါ...အခါတွေပေါင်းများစွာတွေကြုံလာတဲ့အခါမှာ... မင်း မျက်နှာထား ၊ စကားသံတွေက မာလာမလား။ မင်းအတွေးတွေ ကိုယ့်နဲ့ဝေးသွားနိုင်မလား။ အနီးဆုံးမှာနေပြီး စိတ်တွေဝေးမနေချင်ဘူး။ချစ်သူရယ်....
ကိုယ့်လက်တွေ ဘာကိုမှ မမြဲတော့တဲ့အခါ..ကိုယ့်ကို မင်းက ဖေးမပါ။ကိုယ့်စိတ်တွေ ဘာမှအဖြစ်မရှိတဲ့ အဖြစ်အတွက် စိတ်တိုနေတဲ့ အခါ...ကိုယ့်နားမှာနေပေးပြီး ဖျောင်းဖြပေးပါနော်။
စိတ်ချင်းနီးသူတွေကစကားအကျယ်ကြီး ပြောဖို့မလိုဘူးတဲ့။
ကိုယ်တို့နားတွေလေးတဲ့ အခါစိတ်မရှည်ဖြစ်ပြီးစကားကို အော်မပြောနဲ့နော်။
ကိုယ့်မျက်လုံးကိုသာ မင်းကြည့်ပါ ကိုယ်တို့စိတ်တွေနီးနေရင် ရင်ခုန်သံလည်း ထပ်တူဖြစ်နေလိမ့်မယ်...တိုးတိုးပြောလည်း ကိုယ်ကြားနိုင်လိမ့်မယ်။


ကိုယ်တို့ နားမှာဘယ်သူမှ မရှိတော့တဲ့တစ်နေ့ မင်းအနားမှာရှိနေပေးပါနော်။တစ်ခုခုနဲ့ အဆင်မပြေလို့ ၀မ်းနည်းနေချိန်၊ အခန့်မသင့်လို့ စိတ်တိုနေမိရင် ကိုယ့်ထက် သည်းခံနားလည်တတ်တဲ့မင်းက အခုလိုပဲ ကိုယ့်ကို ထွေးပွေ့ထားပေးပါ..ကိုယ့် စိတ်တွေ နွေးထွေးလုံခြုံသွားလိမ့်မယ်..။ကိုယ့်စကားတွေမပီလည်း ကြိုးစားပြီးတော့ နားထောင်ပေးပါနော်။ကိုယ်က တိုးတိုးလေးပဲပြောချင်တာ။
အကျီစားသန်တဲ့ကိုယ်က မင်းကိုနောက်တဲ့အခါ ခုအတိုင်းပဲ နားလည်ပေးပါနော်။ကိုယ်သိပ်ချစ်မှန်းလည်း သတိရနေပေးပါ..။မင်းအနားမှာ ကိုယ်အမြဲရှိနေပါ့မယ်။
နားတွေလေးနေပေမယ့် စိတ်ချင်းနီးသူတွေအဖြစ် စကားတိုးတိုးဆိုကြမယ်...
ကြင်နာတတ်သူတွေအဖြစ် တစ်ယောက်ကို တစ်ယောက်လည်း ဖေးမမယ်....
အရိုးအဆစ်တွေ နာ နေပေမယ့် လမ်းတွေကို လည်း အတူလျှောက်မယ်...
ဘ၀လမ်းတွေ ကြမ်းပေမယ့် အားပေးအပြုံးနဲ့ ရှေ့ဆက်မယ်...
ကိုယ့်စိတ်ကူးထဲကအိမ်ရှေ့မှာ လသာပင်နဲ့ စကားပင်တန်းတွေ ရှိနေမယ်။အဲ့ဒီအပင်လေးတွေ အောက်မှာ ကွပ်ပျစ်လေးတွေရှိနေတယ်။ကွပ်ပျစ်ပေါ်မှာ အတူထိုင်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ဆိုကြမယ်..လေညင်းခံရင်း ကြယ်တွေကိုလေ ငေးကြမယ်။

ဘ၀လမ်းတွေ ကြမ်းပါစေ..ကိုယ်တို့တွဲလက်တွေ မြဲကြမယ်..
အသက်တွေ ကြီးတဲ့အထိ အားပေးပြုံးနဲ့ ရှေ့ဆက်မယ်..
သေချာတာက
တစ်သက်လုံးအတွက် အမြဲတမ်းပဲ မခွဲတမ်းရည်ရွယ်...မင်းအနားပဲ နေချင်တော့တယ်....။


(ပုံလေးတွေက google မှ ရပါတယ်... အိမ်ပုံလေးက ကျွန်တော်ကစားထားတဲ့ farmville ထဲက အိမ်လေးပါ..အိမ်ရှေ့မှာ လမ်းအမြဲလျှောက်တတ်တဲ့..ကြင်ကြင်နာနာနဲ့ အပြန်အလှန် ဖေးမတတ်တဲ့
အဖိုးအဖွားစုံတွဲလေးအတွက်...။)

ရနံ့ချို

အန်တီစုရဲ့ စာ

Scientists have not published the picture (not Zhuantie Do not enter)