"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Showing posts with label ခံစားမိနေတာက..... Show all posts
Showing posts with label ခံစားမိနေတာက..... Show all posts

Monday, January 2, 2012

မျက်နှာဖုံးစွပ်နဲ့ ချိန်ခွင်လျှာ

လောကမှာ လူတွေအလွယ်တကူ သတ်မှတ်တတ်တဲ့ လူတန်းစား နှစ်ရပ်ရှိတယ်။ ယေဘူယျအနေနဲ့ လူကောင်းနဲ့ လူဆိုးဆိုပြီး နှစ်စားရှိတယ်။ ကျွန်တော်သိသလောက်ကတော့ လူတွေက အထိုက်အလျောက်ဆိုပြီး သင့်တော်သလို အများအတွက်ဖြစ်ဖြစ်။ ကိုယ့်အတွက်ပဲဖြစ်ဖြစ် ဟန်ဆောင်လိုက်ကြရတာတွေရှိတယ်။ ကောင်းတာဖြစ်ချင်ဖြစ်မယ်။ ဆိုးတာဖြစ်ချင်လည်း ဖြစ်မယ်။ မျက်နှာဖုံးလေးတွေတော့ ခနခနလဲတပ်ကြတယ်။ လောကကြီးက လူတွေ သတ်မှတ်ခြင်းခံထားရတဲ့ လူဆိုးဆိုသူတွေက မျက်နှာဖုံးလဲတပ်ခွင့်မရှိဘူး။ သူတို့ လဲတပ်ချင်လို့ရှိရင် နံမည်တူ အဓိပ္ပာယ်တူတဲ့ မျက်နှာဖုံးလေးတွေပဲ တပ်ကြရတယ်။ လူဆိုးဆိုပြီး လူတောထဲတိုးရတဲ့အတွက် သူတို့တွေက ကောက်ကျစ်နိုင်တယ်။ လူကို ဒုက္ခပေးနိုင်တယ်ဆိုပြီး လူတွေက သူတို့နဲ့ကင်းကင်းနေနိုင်ကြတယ်နော်။ ကျွန်တော်သိသလောက်ကတော့ လူကောင်းဆိုပြီး နံမည်ခံထားကြသူတွေ လဲတပ်ကြတဲ့မျက်နှာဖုံးတွေ မှတ်မိဖို့မလွယ်ဘူး။ သူတို့က မျက်နှာဖုံးခနတိုင်းလဲတတ်ကြတယ်။ ကောင်းပေ့ လှပေ့ ဆိုတဲ့ မျက်နှာဖုံးလေးတွေကို စွပ်ပြီး၊ ချိန်ခွင်လျှာနဲ့တူတဲ့ မူရာ မာယာလေးတွေကို သုံးပြီး ပုလဲလည်း ခတတ်တယ်။ (ချစ်မျက်ရည် ပုလဲနု ဥတတ်ကြတယ် :P )သူတို့က ရှက်စရာမလိုဘူးလေ။ မျက်နှာဖုံးတပ်ပြီး ငိုတာပဲ ဘာမှမဖြစ်ဘူး။ :) ပြီးမှ လူတွေနောက်ကျောကို မလိုရင် မလိုသလို။ ခပ်တည်တည်နဲ့ အကြိမ်ကြိမ် နောက်ကျောကို ဓားနဲ့ထိုးသတ်တတ်ကြတယ်။ ပြီးရင် မျက်နှာဖုံးလေး တစ်ခုလဲ ချိန်ခွင်လျှာလေးကို တပ်ပြီး လူကောင်းပြန်လုပ်ကြတယ်။ အဲလိုလူကောင်းဆိုသူတွေ သတ်တဲ့ဓားချက်နဲ့ အကြိမ်ကြိမ်အမှတ်မရှိ သေနေတဲ့သူတွေရှိတယ်။ သူတို့ အမှတ်မရှိတာကို ခင်ဗျားတို့တွေ အပြစ်မပြောကြနဲ့နော်။ သူတို့က မျက်နှာဖုံးလေးတွေကို ကြည့်ပြီးပဲ ဆက်ဆံရေးရှိကြတာကိုးဗျ။ ဒီတော့ မျက်နှာဖုံးစွပ်ပြီး အကြိမ်ကြိမ်လူသတ်တတ်ကြတဲ့ လူတွေရန်က ကင်းဝေးပြီး မိတ်ဆွေစစ် မိတ်ဆွေမှန်၊ ချစ်သူစစ် ချစ်သူမှန်၊ ရန်သူစစ် ရန်သူမှန် ခွဲခြားနားလည်နိုင်စွမ်းရှိကြပြီး သောကကင်း ဝေးကြပါစေနော်။ အားလုံး ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေ။
ချစ်တဲ့
✎❑уaйaит cно❒ ヅ

Thursday, December 15, 2011

ဖေဖေနဲ့ ဖုန်းပြောခြင်း

ဟလို ဟလို ဖေဖေလား
ကြားရလား သမီးအသံကိုကြားရလား ဖေဖေ
မေမေ အနားမှာရှိလား
ဟင် မေမေလည်း နေမကောင်းဘူး ဟုတ်လား
သမီးလည်း ဖျားနေတယ်
ဟုတ်တယ် ဟုတ်တယ် ၀က်ကလေးဖျားနေတယ်။

ဒီနှစ်ပိုင်းမှာ အပြောင်းအလဲတွေများတယ် ဖေဖေ
လူတွေကိုမပြောင်းလဲပေမယ့်လို့ စိတ်တွေ။
သူတို့ကို ခန့်မှန်းနိုင်တဲ့ ရာသီဥတုအခြေအနေ

အားလုံးက ပြောင်းလဲကုန်တယ် ဖေဖေ။
သမီးကိုရှာတွေ့ဖို့ကျတော့ လူတိုင်းမှာ
မြေပုံအညွှန်းကိုယ်စီ ရှိကြတယ်ဖေဖေရဲ့။

ဒီမှာက ဒီလိုပါပဲ ပျော်စရာဆိုတာ ဘာလဲလို့
ဖေဖေ့ကို ခုပဲ မေးမလို့။
ဘ၀ကတူ ဖြစ်ဖို့ဝေးလို့ ပေ အဖြစ်ထုခံနေရတာကြာတော့
လူတစ်ချို့နဲ့ ဆက်ဆံရေးမှာ ဟိုး....ရိုးတွင်းခြင်ဆီထဲကပါ
စိမ့်နေအောင် လန့်နေတတ်ပြီ ဖေဖေ။

ဟုတ်..ဖေဖေပြောသလိုပါပဲ
သူများပြောတိုင်း မကျေနပ်ချက်တွေရှိရင်
ချက်ချင်းပြန်မပြောမိအောင် ရေအိုးနဲ့တူတဲ့ ခေါင်းထဲကို အသာထည့်ထားပြီး၊
ရွက်ထားတာတွေများများလာတာပဲ အဖတ်တင်တယ်
သမီး အဲ့ဒီရေအိုး ချခွဲပြပြီး တစ်ခုချင်းကို ပြန်ထုတ်ပြီး ဖြေရှင်းဖို့ကျ
အခွင့်အရေး မရခဲ့တာကြာပြီ ဖေဖေရဲ့

ပြောလို့စကား မဆုံးခင် ဖုန်းချတတ်တဲ့သူတွေ
သုံးစက္ကန့်နဲ့ Missed Call ပေးပြီး ပြန်ခေါ်ခိုင်းတဲ့သူတွေ
စကားကို ရှေ့မှာတစ်မျိုး ၊ ကျောပေးတော့ တစ်မျိုးပြောတတ်သူတွေ
ပြုလွယ် ပြင်လွယ်စိတ်ထားနဲ့ အနားနားမှာ ခနနေတတ်သူတွေ
ကတိမတည်တတ်တဲ့ အပေါ်ယံရွှေမှုန်ကျဲဆက်ဆံရေးတွေ
အနေအစားချောင်အောင် ပေါင်းသင်းတတ်တဲ့ သူတွေ
တမင်ကိုယ့်အတွက် ပြင်ထားတဲ့ ထမင်းဝိုင်းတွေနဲ့
ဇွတ်အတင်းကျွေးကြပြီး ကွယ်ရာမှာ အတင်းပြောတတ်သူတွေ
အို....ဖေဖေရယ်....အများကြီးပဲ သိလား
သမီးကြောက်တယ် ဖေဖေ..
သမီး မခန့်မှန်းတတ်တော့ဘူး။

ဟလို ...ဖေဖေ ကြားရလား
ဟုတ်ကဲ့ သမီးပြန်လာမှ သေချာပြောပြဦးမယ်နော်။

ဟလို ဟလို ....
ဖေဖေနဲ့ မေမေ့ကို သမီးအရမ်းချစ်တယ်။

ချစ်တဲ့
✎❑уaйaит cно❒ ヅ


Sunday, October 23, 2011

ငယ်ဘ၀ ရနံ့လေးအတွက်


ငယ်ငယ်က မောင်နှမလေးယောက်အလှည့်ကျ မျက်စဉ်းခတ်ပးရတာလေးကို သတိရလို့ပါ။ ပြောရရင်တော့ သိကြတဲ့အတိုင်း ကျွန်တော်တို့ အညာဒေသ ပူတော့ မျက်စိနာတာ ၊ မျက်စိစွံတာတွေ ဖြစ်တတ်ကြတယ်။ နွေဦးရောက်တာနဲ့ ကျွန်တော့်တို့ ဖေဖေက မောင်နှမတတွေ ကို မျက်စဉ်းခတ်တာအကျင့်လုပ်ပေးပါတယ်။ တကယ်ကို တစ်နှစ်မှာမှ တစ်ခါတည်းရယ်။ တစ်ခါခပ်ရင်လည်း သုံးစက်ပဲ။ ဘယ်လိုခတ်သလဲဆိုတာလေး ပြောပြမယ်နော်။ မောင်နှမလေးယောက်လုံး ပက်လက်လန်ပြီး လှဲနေရတယ်။ ကြီးစဉ်ငယ်လိုက် တစ်ယောက်လက်တစ်ယောက် တင်းနေအောင် ဆုပ်ကိုင်ထားကြတယ် (ခုမှသိတယ် မသိစိတ်ထဲမှာလည်း ကျွန်တော်တို့တတွေ အချင်းချင်း သိပ်ကို အားကိုးပြီး ချစ်တတ်ကြတယ်ဆိုတာကို) ။ ခြေထောက်တွေကတော့ အပေါ်ကို ၆၀ဒီဂရီနီးပါးထောင်ထားပြီး နံရံကို အားပြုကန်ထားကြတယ်။ ဖေဖေခပ်ပေးမယ့်မျက်စဉ်းဒဏ်ကို ကျွန်တော်က ဦးအောင်ခံထားရတော့ သူတို့ကို ပြောပြထားတာ။ အသေကြောက်နေကြတာ။ မျက်စဉ်းက အိမ်ခြံဝင်းထဲက ဒန့်သလွန် (ဒါမှမဟုတ်) ဇွန်ညွန့်နုနုလေးတွေကို ဆား၅ပွင့်နီးပါးလောက်ပဲထည့်ပြီး ခြေထားရာကရတဲ့ အရည်စိမ်းစိမ်းလေးတွေရယ်ပါ။ အသေစပ်တာ စဉ်းစားသာကြည့်ကြပါ။ တစ်ယောက်ကိုခပ်လိုက်တာနဲ့ အခပ်ခံရသူအော်လိုက်တာနဲ့ အကုန်လိုက်အော်တယ်။ လက်တွေလည်း တင်းနေအောင်ပိုဆုပ်ကိုင်ကြပြီး နံရံကိုအသေကန်ပြီး အားပြုအော်ကြတာပါ။ အိမ်နီးချင်းတွေဆို ရယ်စရာကိုဖြစ်လို့ ကျွန်တော်တို့မောင်နှမမျက်စဉ်းခပ်ချိန်တွေဆိုရင်ပေါ့။ အထင်မသေးနဲ့နော်။ အဲ့ဒီဆေးစွမ်းတာက ကျွန်တော်တို့ တစ်ယောက်ကို ၅နှစ်ပဲ အခပ်ခံရတာ။ သေချာတာကတော့ ကျွန်တော်တို့မောင်နှမတတွေ ဘယ်တုန်းကမှ မျက်စိနာတာ။ မျက်စိစွံတာတွေမဖြစ်ခဲ့ကြဘူး။ ပြီး နယ်ဘက်မှာ အဖြစ်များတဲ့ ကြည့်တာနဲ့ တန်းပြီးကူးတတ်တဲ့ ဒစ်စကိုမျက်စိနာလည်း ကျွန်တော်တို့တွေ ဘယ်တော့မှမဖြစ်ခဲ့ကြဘူး။
ဆေးနည်းလေးလည်း လွယ်ပါတယ်။ ပြီးတော့ တစ်ခုပြောချင်တာက အရမ်းသွေးတက် သွေးတိုးဖြစ်နေရင်လည်း ဒန့်သလွန်ဟင်းချိုချက်သောက် သက်သာပါတယ်။ အချိန်မရလို့ရှိရင် ဒန့်သလွန်ရွက်လေးတွေသာ ၀ါးလိုက်ပါ။ ပြီး မျက်စိထဲကို ညှစ်ထည့်လိုက်။ တန်းပြီး သက်သာပါတယ်ဆိုတာလေးလည်း လက်ဆင့်ကမ်းလိုက်ပါတယ်။ (:
ပြောလက်စနဲ့ စာရှည်လိုက်ဦးမယ်။ အမြဲတမ်းနီးပါး ကတုံးဘ၀နဲ့ နေခဲ့ရတာလေးကို သတိရလို့ပါ။ ကျွန်တော်တို့ နွေရာသီကျောင်းပိတ်ပြီဆိုတာနဲ့ မိတ်မပေါက်အောင် ခေါင်းကိုတုံးရတယ်။ နည်းနည်း အရွယ်ရလာတော့ ဖေဖေက ကာယကံရှင်ကို သေချာမေးပါတယ်။ တုံးချင်လားဆိုတာ။ ကျွန်တော်က အစဆို မတုံးချင်ဘူး။ ဒါပေမယ့် ရေကန်နားမှာ မောင်လေးကို တုံးပေးနေတာကို ကြည့်ပြီး ကိုယ်ပါလိုက်တုံးချင်လာရော။ မရေရာတဲ့စိတ်နဲ့ တုံးမယ်ပြောလိုက်ရင် လက်မြန်တဲ့ ဖေဖေကလည်း ရိတ်လိုက်ရော။ အဲ တစ်ဝက်လောက်ရောက်ရင်တော့ နောင်တရနေပြီ။ တုံးပြီးကာစ ရေလောင်းလိုက်မှ စပ်တာကြီးကို အသေမုန်းတာ။ အိမ်ပေါ်မှာကတော့ မေမေက သနပ်ခါးနဲ့ ကုလားမက်တွေကို ကျောက်ပြင်ကြီးနဲ့ အပြည့် သွေးပြီးစောင့်နေပါပြီ။ ဖေဖေက ကျွန်တော်တို့ကို ရေချိုးပေးပြီးရင် မေမေက သနပ်ခါးကို လူးပေးပါတယ်။ ကတုံးလေးတွေကို လည်း ကုလားမက်တွေလူးပေးထားပါတယ်။ အဲဒီရနံ့လေးကို အခု ဒီပို့စ်ကိုရေးနေရင်းကို ရမိတယ်။ ကျေးဇူးကြီးလှ မိနှင့်ဖပါပဲ။ ဒီပို့စ်လေးနဲ့ ကန်တော့ဦးညွှတ်လိုက်ပါတယ် ဖေဖေနဲ့ မေမေ။ အတူတူနေချင်ပါပြီ။

လည်လည်လာသူတွေကိုလည်း ကျေးဇူး ပါ။
d(-_^)
✎❑уaйaит cно❒ ヅ

Thursday, July 28, 2011

သီးသန့်ဖြစ်တည်မှု

နောက်ဆုံးအချစ်အတွက် သီးသန့်ဖြစ်တည်မှုတဲ့။ သီချင်းလေးကို ကြိုက်မိလို့ မူဗွီလေးလုပ်ထားတာ။အားပေးကြပါဦး။မူဗွီလေးက ကော်နက်ရှင် အခြေအနေပေါ်မှာ မူတည်ပြီး loading လုပ်တာ ကြာတာ၊ မြန်တာတော့ရှိတယ်.. ။ ခနလေးတော့ သည်းခံလိုက်ပြီး ကြည့်နိုင်ပါတယ်.. ကျေးဇူးတင်ပါတယ်... :)
(ရနံ့ချို)



Friday, April 15, 2011

မင်းရက်စက်တယ်.



ဝင်လိုဝင် ထွက်လိုထွက်
သူစိမ်းဆန်တဲ့ မင်းအတွက်
စကားလုံးတွေလည်း
ရွှေအ, လေးတစ်ယောက်
အိပ်မက်မက်သလိုပါပဲ
သိနေတာတွေ ရှိပေမယ့်
ပြောလို့မှ မထွက်တာ။
မင်း ပျော်ရွှင်ပါစေ..။
အိပ်မက်တို့ကင်းစွာ ကိုယ်လည်း
ကောင်းမွန်စွာ
ရှင်သန်ခွင့် ရပါစေ..

ချစ်တဲ့
ရနံ့ချို

Sunday, March 27, 2011

တောင်းပန်ခြင်း

ဘ၀ဆိုတာ ခနတာရတဲ့ ဂိမ်းကစားပွဲတစ်ခုလေလား။ ပြန်ပြီး ကိုယ့်ကိုကိုယ် အချိန်ယူပြီး သုံးသပ်ကြည့်မိတယ်။ ကျွန်တော်က အချိန်တွေ ဖြုန်းနေတဲ့ အသိဥာဏ်မရှိတဲ့ အပျင်းကြီးတဲ့ ကြောင်တစ်ကောင်ပဲ။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာ ကြောင်တွေဆို မချစ်တတ်တာပါ။ မုန်းတာမျိုးမဟုတ်သေးပေမယ့် ကြည့်လို့မရပါ..။ သူတို့ဆီက ထွက်တတ်တဲ့ အဲ့ဒီ တဂူးဂူးသံကြီးကိုလည်း မကြိုက်ပါ။ ပြီး လူနားကို ပွတ်သီးပွတ်သပ်နဲ့ အလိုက်ကန်းဆိုးမသိတဲ့ သတ္တ၀ါတစ်ကောင်လို့ ယူဆပြီးတော့ကို သိပ်ကြည့်မရတတ်ပါ။ ဒါအသာထား အခုတော့။ ပြောချင်တာက လောကမှာ ကျွန်တော်ဟာ ဘာဆိုဘာမှ ဘယ်သူ့အတွက်မှ တန်ဖိုးမရှိတဲ့ သူ ( ထမင်းသိုး ဟင်းသိုး) ပါ့လားလို့ တွေးနေမိတယ်။ ဘာတွေ ပေးဆပ်ရမလဲ။ ပေးဆပ်ချင်ပါတယ်။ တခါတခါကျ ကိုယ့်ရင်ထဲက ခံစားချက်တွေကို ဒီစာမျက်နှာလေးမှာ လာရင်ဖွင့်မိရင်လည်း ကျွန်တော်က အပြစ်တွေပဲ ဖြစ်ဖြစ်နေတတ်တယ်။ ကိုယ့်အပေါ်စာနာနိုင်မလား ဆိုတဲ့ စိတ် စိုးစိမျှမပါဝင်ပါ။ ဒီစာမျက်နှာဟာ အသနားခံစာတင်ပြီး အလိုက်ကန်းဆိုးမသိတတ်တဲ့ ကြောင်တစ်ကောင်လိုမျိုး စိတ်နဲ့ ကျွန်တော် အပိုတွေ လုပ်နေခြင်းမဟုတ်ပါ။ မှန်ပါတယ် ကျွန်တော်က လိုင်းကြောင်နေတဲ့သူ ၊ စိတ်ကူးတွေနဲ့ မျောနေတတ်တဲ့သူ။ အချိန်တွေဖြုန်းနေတတ်သူ။ ဒါပေမယ့် သေချာတာတစ်ခုက ကျွန်တော်က လူများတွေသနားအောင် ပို့စ်တွေတစ်ခုပြီး တစ်ခု တင်နေခြင်းမဟုတ်ပါဘူးဆိုတာ လိုက်ပြီးလည်း ရှင်းမပြချင်တော့။ ဒီတော့လည်း ထားလိုက်ပါတယ်။ ဟုတ်ပါတယ် ခင်ဗျားတို့ပြောတာ မှန်ပါတယ်။ လက်တွေ့မဆန်တဲ့သူတဲ့လား။ ရင်ထဲမှာ ခံစားရတာတွေ သွန်ချမိတာ သူတို့တွေအတွက် အပေါစား ဟာသတွေဖြစ်ကုန်ပြီလားမသိ။ ဘာပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ ကျွန်တော် ဒီနေရာလေးကို ဆက်လက်ပြီး ရင်ဖွင့်နေဦးမယ်ဆိုတာပါပဲ။ တချိန်ချိန်တော့ လူသားတွေအတွက် တစ်ဦးတစ်ယောက်အတွက် မရည်ရွယ်ဘဲ ရောက်ရောက်၊ အတင်းလင့်ချပေးလို့ ဘာမှန်းမသိဘဲ ရောက်လာလာ၊ အကျိုးရှိသွားမယ့် စာမျိုးတွေ ရေးတင်နိုင်အောင် ကြိုးစားခွင့် ရအောင် နေပါ့မယ်။ ခုတော့ ဆက်လက်သည်းခံလိုက်ပါဦး ။ အားလုံးကို အနူးအညွတ်တောင်းပန်ပါတယ်။ လည်လည်လာသူတွေအားလုံးလည်း ကိုယ်၊ စိတ်နှစ်ဖြာ ချမ်းသာ ကျန်းမာ ကြပါစေ။
ချစ်သော
ရနံ့ချို

Thursday, January 20, 2011

Smelling Flowers
ဒီနေ့ ရုံးမသွားဖြစ်ဘူး။ အိမ်မှာ အတူနေတဲ့ ကလေးလေးစာကျက်တာကို အမေလုပ်သူ အန်တီက အနားမှာနေပြီး ပြောဆိုနေတယ်။ ကလေးက စိတ်မပါတော့ဘူး စာကြည့်ရတာကို။ အဲ့မှာ မအေလုပ်သူက စိတ်တိုပြီးပြောနေတာကို ကြည့်ပြီး ငယ်ဘ၀ကိုသတိရမိတယ်။
ကျွန်တော်က အဖိုးအဖွားနဲ့ နေပေမယ့် သောကြာညဆို စာအုပ်တွေထည့်ပြီး စနေ တနင်္ဂနွေ နေ့ခင်းထိ အဖေအမေတို့အိမ်ကို ပြန်ခွင့်ရှိတယ်။ အဲ့ဒီမှာ အငယ်တွေ ရှိတော့ ကျွန်တော်ပျော်တယ်။ ပြီးတော့ ညဘက်ဆို အဖေနဲ့ အမေတို့နဲ့ ပျော်ဖို့ကောင်းတယ်။ ညဘက် အဖေက ကျွန်တော်တို့ မောင်နှမတွေကို ဆင်လုပ်ပြီး စီးစေတယ်။ နှာမောင်းလုပ်ဖို့က အဖေ့ ရဲ့ ပုဆိုးဟောင်းတစ်ထည်ပေါ့။ ကျွန်တော်က ဒီဘက်က အစတစ်ဖက်ကို ကိုင်ပေးထားရင် အဖေနှာမောင်းလုပ်တာ ပိုအဆင်ပြေတယ်ဆိုတော့ ကျွန်တော်ပဲ ကူတယ်။ ပြီးရင် မောင်နှမတွေ အလှည့်ကျ အဖေပေါ်ကနေ တက်ပြီး ဆင်စီးကြတယ်။ အမေက အစတော့ ကြည်တယ်။ ဒါပေမယ့် မပြီးမစီး ပျော်နေကြရင် စိတ်တိုလာရော။ အဖေ့ကို ထမင်းစားဖို့ချည်း အော်ခေါ်တော့တာပဲ။ အမေက အဖေ့ကို ချစ်တယ်။ သူကချစ်ပေမယ့် ချစ်တာကို မသိအောင် ဖိန့်တာလား မသိဘူး။ အော်အော်ပြောတယ် အဖေက စ နောက် ပြီ ဆို..။အဖေ က ရေချိုးခါနီး ဒိုက်အမြဲထိုးတယ် အဲ့လိုအချိန် အမေအနားမှာမရှိရင် မောင်နှမနှစ်ယောက်သား အဖေပေါ်တက်စီးပြီး စကြတယ်။ အမေသိရင် အော်ရော..။ ဒါပေမယ့် အမေဘုန်းကြီးကျောင်းသွားရင် အိမ်မှာ အဖေချည်း ကျွန်တော်တို့နဲ့ ကျန်ခဲ့ရင်တော့ အဖေ့ကို ကြောက်တယ်။ သူက ကျွန်တော်တို့ကို စာအရမ်းကျက်ခိုင်းတယ်။ စာဆိုလို့ရှိရင် သူက အိမ်ပတ်ချာလည် အလုပ်တစ်ခုခုလုပ်နေတတ်တယ်။ ၀န်းထရံတွေ ကို ချခါတာမျိုး ၊ အိမ်မိုးက ကြက်ခိုးတွေ ရှင်းတာမျိုး ။ ကျွန်တော်တို့တွေထိုင်ဖို့ ခုံလေးတွေ လုပ်ရင်း သူကြားလောက်အောင် အော်ဆိုခိုင်းတယ်။ သူမကြားလိုက်ရင် ၃ခါပြန်အော်ဆိုရတယ်။ အလီတွေကို အားတိုင်းကျက်ရတယ်။ အမေကကျ စာစီစာကုံးတွေ ရေးရင် သူပါ လိုက်ကူလေ့ရှိတယ်။ ကျွန်တော်မှတ်မှတ်ရရ သုံးတန်းနှစ်မှာ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် စာစီကုံးရတော့ အမေကိုယ်တိုင် ကျွန်တော်နဲ့အတူ လိုက်မှတ်ပေးတာ။ ကျွန်တော်စာပြန်လို့မေ့နေရင် အမေက ပုံစံလေးတွေလုပ်ပြတယ်။
အမေ့ကို စာပြန်တဲ့ နေ့တွေထဲက မှတ်မိနေတဲ့ နေ့လေးက အိမ်ရှေ့မှာ အဲ့နေ့က နေသာတယ်။ အမေက အင်္ကျီအ၀ါလေးဝတ်ထားတယ်။ အဖေနဲ့ ပတ်သတ်ပြီး ရင်ထဲမှာ ရှိနေဖူးတဲ့ ပုံပြင်လေး ။ အဲ့နေ့က အဖွားတို့အိမ် (ကျွန်တော်နေတဲ့ အိမ်)လေးက စာအုပ်ဘီရိုရှင်းရင်း အဖေပြောပြတဲ့ ဆင်အဖေကြီးနဲ့ သမီးဖြစ်သူ မင်းသမီးလေးတို့အကြောင်းလေး ။ အဖေပြောတာကို အဖေ့ပေါင်ကိုခေါင်းအုံးပြီး ကျွန်တော်နားထောင်ခဲ့တယ်။ အဖေကတော့ စာအုပ်တွေပြန်စီနေတယ်။ ပုံပြင်လည်းဆုံးရော ကျွန်တော်ငိုလိုက်တာ။ အဖေဆို မနည်းချော့ယူရတယ်။ အဖေက သူ့ကို သိပ်ချစ်စေချင်တာ။ ကျွန်တော် အဖေနဲ့ အမေ့ကို အရမ်းချစ်ပါတယ်။ အဖေ အမေ မောင်နှမတွေ အမြဲတစ်သက်လုံး အတူတူ အနားမှာပဲ နေချင်ပါတယ်။ နေခွင့်ရပါရစေလို့ လည်း ဘုရားမှာဆုတောင်းရင်း .... ကျွန်တော် မိဘအတွက်ပဲ ရည်ရွယ်ပါတယ်..ဆိုတာ အဝေးတစ်နေရာကနေ အဖေနဲ့ အမေ့ကိုလွမ်းနေတဲ့ သူတစ်ယောက် ဒီပို့စ်လေးနဲ့ မှတ်တမ်းတင်ရင်း...
အိမ်အပြန်လမ်းဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကောက်တော့နေတယ်....အဖေ...ကျွန်တော် အိတ်ပေါက်နဲ့ ဖားကောက်သလိုတော့ မဖြစ်တန်ကောင်းပါဘူးနော်။
ဝေးနေရကျိုးနပ်အောင် ကျွန်တော် ကြိုးစားပြီး အဖေ့ဆီ ပြန်ခဲ့မှာပါ...။ ဆင်ကြီးကို မင်းသမီးလေးက ဘ၀မေ့ပြီး ခွဲသွားသလို၊ အဖေဆင်ကြီးက ဒါးတောင်၊ မီးတောင်၊ ဆူးတောင်တွေလည်း ဖြတ်ပြီးလိုက်မလာရပါဘူး။ ကျွန်တော် အဖေတို့ဆီ ပြန်လာမှာပါ.. ဘ၀ရဲ့ သင်ယူစရာတွေကို သင်ယူပြီးပြီလို့ ရောင့်ရဲနိုင်တဲ့တစ်နေ့မှာ...

ရနံ့ချို

Sunday, December 26, 2010

သုံးသပ်မှု


zwani.com myspace graphic comments

အတွေးတွေခါးသီးလွန်းလို့
မျက်လုံးစုံ ခနမှိတ်ထားလည်း
မြင်ယောင်ခါ တမ်းတ
ညတွေခါးသီးလွန်းလို့
အိပ်မက်တို့ ကင်းစွာ
ခန အိပ်ပါရစေ...။

အလွမ်းတွေဟာ တကယ်ဆို
စကားလုံးတွေဖြစ်စေရုံထက်မပိုခဲ့ဘူး။
အချစ်ဆိုတာက တော့
သက်တမ်းတိုတဲ့ ပရုပ်လုံးလေးလို
တဖြည်းဖြည်းနဲ့ ပါးပါးလိုက်လာတယ်။


ရိုးရိုးလေးတွေးတော့လည်း
အချစ် အချစ်နဲ့
အော် နေခဲ့သမျှ
နောက်ဆုံး....
ကိုယ့်ကိုကိုယ်ပဲ ပြန်တွေ့တယ်။

ရနံ့ချို


Thursday, July 29, 2010

မပြောဖြစ်တဲ့စကားတွေ (၅)


ဝေးကွာခြင်းကြိုးကို တစ်စပြီးတစ်စ နင်ဆွဲထုတ်ခဲ့
နင်နဲ့ပတ်သတ်ပြီး သည်းခြေမပါခဲ့တဲ့ ငါ့ရင်ထဲက ဒဏ်ရာတွေက နာကျင်နေတာလည်း တစ်စစ်စစ်နဲ့...

အဲ့ဒီခံစားချက်တွေက နင့်လိုမျိုး ဧည့်သည်မဆန်ကြတာခက်တယ်...
တစ်ခုတော့ သိစေချင်သေးတယ်...

ငါ ပြောခွင့်ရှိချင်သေးတယ်
နင်နဲ့ ပတ်သတ်ပြီး မက်ခဲ့တဲ့ ငါ့ရဲ့ အိပ်မက်စိတ်ကူးတွေ အကြောင်း....

ချစ်တဲ့
(ရနံ့ချို)

Sunday, July 18, 2010

မပြောဖြစ်တဲ့စကားတွေ (၄)

လှိုင်းလေတစ်ချက်ပြင်းရုံနဲ့ သောင်ဖြစ်တဲ့ဒီကမ်းမှာ နေရစ်တော့ ခရုရေ.....ပြောသံ ကိုယ်ကြားတယ်.။သက်ပြင်းတစ်ချက် မွှေတဲ့အခါ ဇောက်ထိုးမိုးမျှော်များဖြစ်ဖူးကြပါသလား မေးချင်ပါတယ်...။သတင်းတွေ မကြားတဲ့ အရပ် ၊ အရိပ်တွေ မမြင်တဲ့ အရပ်...များရှိကြသလား။ခက်တာက လေရဲ့ရနံ့၊ မိုးရဲ့ အငွေ့၊ နေရောင်ခြည်ရဲ့ အနွေးဓာတ် ဆင်တူရင်တောင် ရင်မှာ တနင့်တပိုးခံစားရင်း မျက်ဝန်းမှာ ငွေ့ရည်ဖွဲ့မိုးတွေ စွေတာ သိပ်ကိုခက်တယ်..။သန်းခေါင်ယံအချိန်တွေ အိပ်မပျော်တာ အတွေးတွေကြောင်လို့လား။ခံစားဖူးသူတိုင်းသိပါတယ်...။ကြိုက်သလို ဝေးလွင့်ခွင့်တွေ ရှိတယ်လို့ပြောဖူးမယ်ထင်တယ်....။သိပ်ချစ်တာ သိစေချင်တယ်...။လိပ်ပြာလေး အတောင်ညောင်းရင် နားခိုရာအေးရိပ်တော့ ရှိတတ်တယ်...ကိုယ့်အသက်လိပ်ပြာ ကိုယ်နဲ့ ကွဲတဲ့အခါ...မင်းအနားမှာပဲ ဖြစ်ချင်တယ်..အသက်မြဲချိန်လေး တစ်ချက်ပဲ နေချင်တာပါ မင်းရဲ့လက်ထဲ...သီချင်းစာသား ကိုယ်တိုးတိုးညည်းရင်း မင်းအရိပ်တွေ မြင်တဲ့အခါ...ကိုယ်မျက်ဝန်းတံခါး အသာပိတ်ထားနေတတ်တယ်..။သိပ်ချစ်တာတော့ မင်းကို သိစေချင်ပါတယ်...

ချစ်တဲ့
(ရနံ့ချို)

မပြောဖြစ်တဲ့ စကားတွေ....(၃)


လမ်းတွေကတော့ အများကြီးပါပဲ ချစ်သူရယ်...
ဒီလမ်းတွေ ရှိပေမယ့် ကိုယ်တို့ လျှောက်ချင်မှ လျှောက်ရလိမ့်မပေါ့။
ပန်းတွေအများကြီး ပွင့်နေမှာပါပဲ...ချစ်သူရယ်...
ဒါပေမယ့် ကိုယ်တို့တွေ နမ်းရှိုက်ခွင့် ရှိချင်မှ ရှိပေမပေါ့။
ဒါတွေ..ဒါတွေ...
နီးခွင့်ရှိရက် ဝေးနေတဲ့သူတွေ သိထားကြတဲ့ သက်သေတွေပေါ့..
လျှောက်ခွင့်မရှိတဲ့ ဒီလမ်းတွေ...
နမ်းခွင့်မရှိတဲ့ ဒီပန်းတွေ...
များတဲ့ ဒီလောကထဲ ကိုယ်တို့ ဝေးကြရင်..အစမ်းသိပ်မလုပ်နေနဲ့တော့ ချစ်သူ..ရေ....။
ပန်းတွေ မရှိ ၊ လမ်းတွေမရှိ ၊ ဘ၀တွေမရှိတာထက်စာရင်
လမ်းတွေလျှောက်နေကြတဲ့ သူတွေ၊ ပန်းတွေကို နမ်းရှုက်ခွင့်ရတဲ့ သူတွေကို မြင်ရတာက နေပျော်ပါတယ်လို့ဖြစ်နေအောင်တော့ ကိုယ်တို့ ကြိုးစားရလိမ့်မယ်...။ပျော်ရွှင်စေချင်တာက ကိုယ့်ဆန္ဒ ပါ..
ချစ်တဲ့..
(ရနံ့ချို)

Sunday, July 11, 2010

မပြောဖြစ်တဲ့စကားတွေ(၂)

ဒီလမ်း ဒီခရီး
မုန်တိုင်းကြမ်းမှန်း ကိုယ်သိတယ်
ခရီးမသာမှန်း ကိုယ်သိတယ်

လက်တွဲမဖြုတ်တမ်း စကားတွေက
အခု လမ်းခွဲသီချင်းကို ညည်းစေရုံပဲလား
ဆန္ဒ နဲ့ ဘ၀ တစ်ထပ်တည်းမကျတတ်တာ ကိုယ်သိပါတယ်..
စကားတွေပဲပြောပြောပြီး
ကိုယ့်အနားက ထွက်သွားတဲ့မင်းကို
ယုံကြည်ချင်ပေမယ့်ခက်နေလို့...တဲ့။
တတ်လို့ ကိုယ်စာရေးတာမဟုတ်ဘူး။
ပရော်ဖက်ရှင်နယ် စာရေးသူမဟုတ်လို့ ကိုယ်ပိုင်စာမျက်နှာဖွင့်ပြီး
စာရေးတာ..ဘယ်သူ့ကိုမှ မထိခိုက်ဘူးဆိုရင် ကိုယ့်ရင်ထဲခံစားမိတာလေးတွေကို ဖွင့်ချခွင့်ရတဲ့ နားခိုရာ ဒီနေရာလေးကို တန်ဖိုးထားနေပါရစေ....။လာလည်သူတွေကို ကျေးဇူးတင်ပါတယ်...လူတွေတစ်ယောက်တစ်မျိုးဆိုရင် ရိုးသားစွာကျွန်တော့ကို ရူးသွပ်ခွင့်ပြုပါ...ဒီနေရာလေးမှာ..
ကျင်လည်ရာ ခရီးလမ်းမှာ ဘယ်မျက်နှာက အစစ်မှန်းမသိရတော့အောင် ဟန်ဆောင်မျက်နှာဖုံးတွေ များလွန်းလို့...ကိုယ်တိုင်တောင် မျက်နှာအစစ်ဟုတ်ရဲ့လားလို့ စမ်းစစ်မိတာ အခါခါ...ဘာပဲဖြစ်ဖြစ် ကျွန်တော်ရင်ဖွင့်နေကျ ဒီနေရာလေးကို လာလည်တဲ့သူတွေကို ကျေးဇူးတင်ပါတယ်..။
ချစ်တဲ့
(ရနံ့ချို)

Monday, April 26, 2010

မိုးတွေရွာရင်...

အခုတလော ရောက်နေတဲ့ နေရပ်မှာ မိုးတွေ တော်တော် သည်းနေတယ်။ဒီနေ့ဆို မိုးတွေမဲနေတာပဲ ။ရုံးပေါ်မှာ ထမင်းစားပြီး ထုံးစံအတိုင်း အစ်မတွေနဲ့အတူ အအေးသောက်ရင်း... လမ်းဆင်းလျောက်ရင်း... မိုးရနံ့နဲ့အတူ လေအေးလေးတွေ တိုက်နေတာကို ခံယူရင်း ၊ အညာက အိမ်ကိုလွမ်းလိုက်တာဗျာ။အသက်ကြီးလာတော့လည်း တမ်းတမှုတွေအများစုက ကလေးဘ၀နဲ့ မလွတ်ပါ့လားဆိုတာကို သတိတော့ထားမိသားပဲ။
:P
ငယ်တုန်းက မိုးရွာရင် ကျောင်မသွားချင်ပါဘူး။ကျွန်တော် ငယ်ငယ်က မွေးရပ်မြေက ဘုန်းကြီးကျောင်းဝန်းထဲက မူလတန်းကျောင်းလေးမှာ တက်ခဲ့ရတာပေါ့။ဘုန်းကြီးကျောင်းဝန်းဆိုတော့ သိတဲ့အတိုင်း ဖိနပ်ချွတ်ပြီးသွားကြရတယ်။မိုးရေစိုနေတဲ့ မြေကြီးမှာ ကျောင်းဝန်းတစ်လျောက်ရှိနေတဲ့ တမာပင် က တမာသီးကြွေတွေက ကျွန်တော့်ကို စိတ်ရှုပ်စေတဲ့ အရာတွေပေါ့။အင်း...ခုတော့ အဲ့ဒီတမာသီးတွေ ခင်းနေတဲ့ မြေကြီးကိုဖိနပ်မပါဘဲ နင်းပြီး ပြေးဆော့ချင်ပါသေးတယ်။ကျောင်းကဆင်းရင် အဖေနဲ့ အမေက အိမ်ကို မရောက်သေးတော့ ကျွန်တော်တို့မောင်နှမက အဖွားအိမ်ကိုပဲ ဦးတည်ရမြဲပဲ။အဲ့ဒီအိမ်အပြန်လမ်းမှာ ဘုန်းကြီးကျောင်းသားတွေ ဆွမ်းချိုင့်လှည့်ယူသလိုမျိုး၊ လွယ်အိတ်တွေကို လွယ်ပေးသူက သူငယ်ချင်းကိုစိုးပေါ့။သူယူပုံက ဒီလိုလေ...ပခုံးပေါ်မှာ သစ်သားချောင်းကို တင်ပြီး သစ်သားချောင်းရဲ့ ရှေ့နောက်မှာ လွယ်အိတ်တွေ ချိတ်ခိုင်းတာပါ။အဲ့ဒီလိုနဲ့ အိမ်ပြန်လမ်းတွေမှာ ကျွန်တော်တို့တွေ သီချင်းတွေ အော်ဆိုကြပါတယ်။ရယ်စရာတွေပြောရင်းနဲ့ပေါ့။အင်း...မိုးရွာတဲ့နေ့တွေက ပျော်ဖို့လည်းကောင်းသလို ၊ ကျွန်တော်တို့မောင်နှမအတွက် စိတ်ညစ်ရတဲ့နေ့တွေပါပဲ။
ဘာလို့လဲဆိုတော့....အဖွားတို့အိမ်ကနေအိမ်ကိုပြန်မယ့်လမ်းက အနိမ့်ပိုင်းမို့ မိန်းလမ်းတွေပေါ်ကရေတွေက စီးနေလေ့ရှိတယ် မိုးသည်းနေ့တွေဆိုရင်။အဲ့မှာ ပြသနာစတာပဲပေါ့။လွယ်အိတ်တွေတစ်ဖက်။ ရေဘူးတွေတစ်ဖက်၊ ဖိနပ်တွေနဲ့ ဆိုတော့ အဖွားတို့အိမ်က ပြန်လိုက်ပို့မယ့်သူမရှိရင် တော်တော်ဒုက္ခရောက်တာပါပဲ။အဖွားက ရေကျမှပြန် ရင်ပြန် ၊ အိပ်သွားပါ ပြောလည်း ကျွန်တော် တို့က အမေနဲ့တွေ့ချင်နေတော့ မိုးတိတ်တာနဲ့ပြန်တာပါပဲ။အဖေလာကြိုတာလည်း မစောင့်ဘူး။ခေါင်းဆောင်ကတော့ သိတဲ့အတိုင်း အကြီးဖြစ်သူ ကျွန်တော်ပေါ့ဗျာ...မောင်လေးကဘာသိမှာတုန်း။ကျွန်တော် လုပ်သမျှ သူက လိုက်လုပ်တဲ့ အရွယ်ကိုး။ခုများတော့..... သူက ကလေးအဖေပူပူနွေးနွေးဖြစ်နေပြီ ။အဲ့လိုတော်သွားတာ ကိုယ့်ထက်။ဘယ်ရောက်သွားပြီတုန်း အော် ... အင်း အဲ့ဒီလို ရေတွေကိုဖြတ်ပြီး မြေသားမာတဲ့ဘက်ရောက်ဖို့က အကောင်သေးသေးအရွယ်တွေအတွက်တော့ တွေးသာကြည့်ကြပါတော့။လွယ်အိတ်ကိုရေနဲ့မထိအောင် မ,ထားတော့ ဖိနပ်ကပြုတ်ကျတယ်။အဲ့ဒီဖိနပ်ကို မောင်နှမနှစ်ယောက် ရေစီးအတိုင်းမျောပါမသွားအောင် လိုက်ဆယ်တော့ စာအုပ်တွေ ရေစိုကုန်ပါတယ်။အဲ အိမ်လည်း ပြန်ရောက်ရော ဖိနပ်ကလည်းတစ်ဖက်တစ်ချက်နဲ့။ အဖွားခေါက်တင်ပေးလိုက်တဲ့ ဘောင်းဘီရှည်တွေကလည်း ပြီကျပြီးရေတွေရွှဲ၊ စာအုပ်နဲ့လွယ်အိတ်ကလည်း ရေတောက်တောက်ကျနေပြီ။မျက်နှာငယ်လေးတွေနဲ့ နှစ်ယောက်သား အိမ်ထဲဝင်လာကြတယ်။အမေကတော့ထုံးစံသိတယ်။ တန်းရေချိုးပေးတယ်။သနပ်ခါးတွေလိမ်းပေးပြီး နွေးနွေးအ၀တ်လေးတွေ ၀တ်ပေးတယ်။အမေလုပ်တာ မြန်လိုက်တာ ။ကျွန်တော်တို့နှစ်ယောက်ကို စွေ့ခနဲပဲ စွေ့ခနဲ့ပဲ။တစ်ခါတလေ အမေက ထမင်းခူးနယ်နေရင် အဖေပဲ ရေချိုးပေးပါတယ်။အဖေရေချိုးပေးရင် ကြောက်လို့ငြိမ်ငြိမ်လေးပဲနေတယ်။ရေစစ်တဲ့အခါ..အဖေက ကျွန်တော်တို့ကို ချိုင်းကြားကနေမြောက်ပြီး လွှဲပြီးရေခါလေ့ရှိတယ်။အပျော်ဆုံးပဲ အဲလိုလုပ်ရင် ။အဖေ့ ပုဆိုးဟောင်းလေးနဲ့ ထွေးပြီးခေါ်သွားတယ် ပြီးအဖေသွေးလိမ်းပေးတဲ့ သနပ်ခါးဘဲကြားကြီးတွေကို တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး ရယ်ကြတာလည်းမမေ့ဘူး။ကျောင်းသွားရင် ဒါကြောင့်မို့ အဖေလိမ်းတာမခံရအောင် ရှောင်တယ်။ပါးကွက်ကို အမြီးရှည်အောင်ကွက်လို့။သနပ်ခါးလိမ်းပြီး အမေကထမင်းပူပူကို နှမ်းဆီ နဲ့ ဆားနဲ့နယ်ပြီး အစုပ်လေးတွေလုပ်ပေးတယ်။တစ်ယောက်တစ်ပန်းကန်စီ ငါးကြော် မဟုတ်ရင် ကြက်ကြော်နဲ့ ထမင်းပူပူကို အဲ့လို အမေက ထမင်းစုပ်လေးတွေဖြစ်အောင်လုပ်ပေးတာ ကျွန်တော်သိပ်ကြိုက်ပေါ့။စားပြီးရင်တော့ စပါပြီ။ အမေက ရေစိုနေတဲ့ စာအုပ်လေးတွေကို မီးပူတိုက်ပေးတယ် မကျွမ်းအောင်။အဖေက ပက်လက်ကုလားထိုင်မှာ ကျွန်တော်တို့ကို ဘယ်လိုဖြစ်တာလဲမေးတယ်။အမြဲမေးတယ်။ဖိနပ်အသစ်ရမှာမို့ ပျော်ပေမယ့် အဲ့လို အိမ်ကတိတ်ဆိတ်နေပြီး အမေကစကားဝင်မပြောဘဲ အဖေနဲ့ပြောနေရတာ ကျွန်တော် အကြောက်ဆုံးပဲ။မောင်လေးကတော့ အေးဆေးပဲ ။ သူကပြောတတ်တယ် ပြီးတော့ သူက အပြစ်လွတ်လေ့ရှိတယ်။ဘာပဲဖြစ်ဖြစ် ကျွန်တော် သူ့ကို တော်တော်ချစ်တယ်။သူမိန်းမယူတော့လည်း အစက ဖာသိဖာသာပါပဲ။နောက်မှ တွေးတွေးပြီး ၀မ်းနည်းတာ။အင်း....ငယ်ငယ်က စိတ်ညစ်ခဲ့တာတွေက ခုတော့လွမ်းစရာကြီးပဲနော်။အဖေနဲ့ အမေနဲ့ ဒီမိုးတွေနဲ့ အိမ်လေးထဲမှာ ကျွန်တောထမင်းစုပ်ပူပူလေးတွေ စားချင်နေတယ်။ပြီးရင် စကားတွေပြောနေချင်တယ်။အိမ်ပြန်ချင်ပါတယ်ဗျိုး။
အမေနဲ့ ကျွန်တော် ရွှေစက်တော်မှာ ကျွန်တော် ၆လသားအရွယ်က။
(ရနံ့ချို)

Sunday, April 25, 2010

တစ်သက်မှာ တစ်ခါ


အသံသဲ့သဲ့လေးကြားလိုက်တယ်
ခေါ်သံတွေလို ၀ိုးတ၀ါးပါပဲ
မြင်ကွင်းတွေ မှုန်ဝါးသွားတယ်
ဘာကို မှ မသဲကွဲ တော့ဘူး
စိတ်ထဲမှာ ၀မ်းနည်းမှုတွေနဲ့
ဟန်ဆောင်အပြုံးတစ်ခုနဲ့
ငါ ပျော်နေတတ်ပါပြီ
တစ်ဘ၀လုံးအတွက်
တစ်သက်မှာ တစ်ခါပဲ ချစ်ချင်လို့
တစ်ခါတလေ
စကားလုံးတွေနဲ့ ငါ... အသက်ရှုကျပ်လွန်းပါတယ်
ချစ်ပါတယ်..ချစ်ပါတယ်
နင်နားလည်အောင် ငါဘယ်လိုပြောရမလဲ
ချစ်သူရယ်....
ငါနေချင်တာ အရိပ်တစ်ခုလို နင့်အနားမှ
တစ်ဖ၀ါးမခွာ...
တစ်ဘ၀လုံးအတွက်
တစ်သက်မှာ တစ်ခါပဲ ချစ်ချင်လို့
(ရနံ့ချို)

Sunday, April 18, 2010

Westlife - Home With Lyrics


Verse 1
Another summer day has come and gone away
In Paris and Rome, I wanna go home
Maybe surrounded by a million people I
Still feel all alone, I just wanna go home
Oh, I miss you, you know
And I've been keeping all the letters that I wrote to you
Each one a line or two, "'I'm fine baby how are you?"
Well, I would send them but I know that it's just not enough
My words were cold and flat and you deserve more than that
Another airplane, another sunny place I'm lucky I know
but I wanna go home, I've got to go home

Chorus
Let me go home
I'm just too far from where you are
I gotta come home
Let me go home
I've had my run, baby I'm done
I wanna come home

Verse 2
And I feel just like I'm living someone else's life
It's like I just stepped outside when everything was going right
And I know just why you could not come along with me
'Cause this was not your dream, but you always believed in me
Another winter day has come and gone away
In neither Paris nor Rome and I wanna go home
I miss you, you know

Chorus
Let me go home
I've had my run
Baby I'm done
I wanna go home
Let me go home
It'll all be alright
I'll be home tonight
I'm coming back home
......................................

တစ်နှစ်ကူးပြီးသွားပြီတဲ့လား။ကျွန်တော် အိမ်ပြန်ချင်နေတယ်။ဒီသီချင်းလေးကို တိုးတိုးလေးညည်းရင်း အခန်းထဲမှာ အိမ်ကို လွမ်းနေတဲ့ကျွန်တော် ရောက်နေတဲ့အရပ်မှာလည်း အသားမကျနိုင်လို့ ဒီသီချင်းလေးနဲ့ ပို့စ်တင်လိုက်ပါတယ်။အိမ်ရှေ့က ပိတောက်ပွင့်ကြွေတွေကို ကောက်ပြီး ပိတောက်ပင်အောက်မှာထိုင်ပြီး သီိနေချင်တယ်။ပိတောက်တွေကို မြင်နေရရုံနဲ့ သူ့ရနံ့ကို ရနေတတ်လို့ template မှာ သူ့ကို တင်ထားတယ်။လက်ဆောင်ရတာ အဲ့ဒီပိတောက်တွေက :)) (ကြုံကြွားပေါ့)
(ရနံ့ချို)

Saturday, April 3, 2010

အာရုံစားနေတဲ့နေ့တွေ (၂)

ဒီနေ့တွေ မိုးသည်းနေတယ်
အားလုံးလည်း အလဲလဲ အကွဲကွဲ
ထိရှမှုတွေများရင် ဖျားနာမှုတွေများသလား
လေတွေတိုက်တဲ့အခါ....
ငါ့ရင်ထဲက ခေါ်သံတွေပါ ပါသွားတယ်။

ညနေတွေက ကုန်လွယ်လွန်းတယ်
နွေနေ့ခင်းတွေမှာ ငါ... ယောင်ချာချာနဲ့
မနက်ကနေ ညနေထိ

အခန်းရှေ့က အပင်မှာ နားပြီးအော်တတ်တဲ့
ငှက်ကလေးလို ငါအော်ပစ်ချင်တယ်။

မိုးတွေရွာတဲ့အ
ခါ...
ငါ့ရင်မှာလည်း ထစ်ချုန်းမိုးတွေစွေနေတယ်
ဒါပေမယ့်.....
ဒီနေ့ နေသာပါသေးတယ်...။

(ရနံ့ချို)

Friday, April 2, 2010

အာရုံစားနေတဲ့နေ့တွေ (၁)

အိပ်မက်တွေထဲ ၀ိုးတ၀ါးမြင်တဲ့အခါ
တစ်ညလုံးအိပ်ပျက်၊ အိပ်မက်ဆိုးတွေလည်း ထပ်မမက်ချင်တော့ဘူး

တိမ်တွေရွက်လွင့်သလို၊
စိတ်တို့ ရွက်လွင့်သောအခါ...
အခြေမခိုင်တဲ့ ငါနဲ့ ဒီကမ္ဘာကြီး ပိုပိုစောင်းသွားသလိုပါပဲ....

ကော်ဖီတွေပိုခါးလာတယ်
ငါ့ပခုံးတွေ အောက်ကိုကိုင်းလာတယ်..
စောင့်ရတဲ့နေ့တို့ သက်တမ်းလွန်သောအခါ...
ငါနဲ့အတူ အရာအားလုံး တိတ်ဆိတ်ကုန်တယ်။

ကြာပြီ...ကြာပြီ...ကြာပါပြီဟာ....
တမ်းတမှုနဲ့ မျက်ဝန်းတံခါးမှိတ်လိုက်ရင်
ဖျတ်ခနဲထင်တဲ့ဒီပုံရိပ်မှာ ငါ့ရင်ဘတ်တွေ အောင့်နေတတ်တယ်။

နားတွေကိုပိတ်ကာထားလည်း
ကြားယောင်မိတဲ့ ဒီအသံက ရင်ဘတ်ထဲမှာ ပဲ့တင်ထပ်တယ်။

အလွမ်းတွေနဲ့ မင်းမြှားလိုက်တဲ့အခါ...
ဒီအခန်းထဲမှာ ငါ ခဏတိုင်းဖျားနေတတ်တယ်။
အိပ်မက်တွေရယ်...
ခဏနားပါ။
အတွေးတွေရယ်...
အသက်ရှုခွင့်ပေးပါ....
ခနလေးပဲ
ငါ ဘာသာပဲရှင်သန်နေပါရစေ.....။
နောက်ထပ် ငါ....
မ
လွမ်း
ချ င်
ေ တ ာ ႔
ဘ ူ းးးးးးးးးးးးးးးးးး
(ရနံ့ချို)
အလွမ်းတွေကို ကြိုက်လို့ လွမ်းတာမဟုတ်ဘူး။ကြိုက်မိလို့ လွမ်းတတ်လာတာ မင်းသိစေချင်တယ်။

Thursday, December 10, 2009

ကိုယ်နေချင်တာ....

ဘယ်တော့မှ မခွဲတော့ဘူး
ခနလေးလည်း မထားခဲ့နဲ့
အသည်းက နုတယ်....
နုနယ်တဲ့ ငါ့စိတ်က ဒဏ်ရာ ဖြစ်ရင် မေ့ဖို့ခက်လွန်းလို့ ခနလေးလည်း မထားခဲ့နဲ့
အရင်းစစ်ရင်တော့ ဘယ်လမ်းဘယ်စနစ်မှာမှ ခင်တွယ်စရာအဖော်မွန် ဆိုတာ မရှိမှန်းသိပါတယ်....ဒါပေမယ့်...နင့်အနားမှာ ပဲ ရှိနေချင်တော့တာ...မှားလား....