Every second,Every day work at art taking from every breath...
ညတွေ အိပ်ပျော်ဖို့ခက်နေခဲ့မနက်တွေကိုလည်း ကြောက်နေမိတယ်အလုပ်သွားဖို့ ကိုယ့်ဘာသာကိုယ်ပဲ ချော့ပြီးသွားခိုင်းနေရတယ်..ဒီသီချင်းလေး ကို မူဗွီ အဖြစ်လုပ်ပြီးတဲ့ အခါ ကိုယ့်နားမှာ အဖော်ရှိသွားသလို နည်းနည်း နေသာသွားတယ်တစ်ခါတစ်ခါ...ဘ၀က တစ်ယောက်တည်း အထီးကျန်နေတတ်တယ်(ဒီမူဗွီလေးထဲမှာ ဆရာညိမ်းညိုနဲ့ ဆရာမ မနော်ဟရီတို့ရဲ့ စာသားတစ်ချို့ ငှားသုံးထားတယ်... ရင်ဘတ်ချင်းတူသွားလို့ပါ.. :) )
တကယ်တော့ ဒီမူဗွီဖိုင်လေးက တင်ပြီးသားပါ။ ဒါပေမယ့် တင်ချင်သေးလို့ ဆားပြန်ချက်ပေးလိုက်တဲ့ သဘောပေါ့နော်။ ရွှင်လန်းချမ်းမြေ့ ကြပါစေ...။
ချစ်တဲ့
(ရနံ့ချို)
"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"
Tuesday, September 14, 2010
Friday, September 10, 2010
ချစ်သူ သို့....

တကယ်ဆိုတော့
နင်က
ငါ့ရင်ခွင်ကို
ပူစေ၊ အေးစေ စွမ်းနိုင်စေတဲ့သူ....။
နင်က
စေလိုရာကို နှင်ပြီး
ငါ့ရင်ခွင်မှာ ခနလာနားတဲ့
လိပ်ပြာလေးနဲ့တူတဲ့ သူ...။
နင်က
ဝေချင်သလောက်ဝေပြီးရင်
ကြွေချင်သလောက် ခြွေနိုင်စွမ်းတဲ့သူ...။
ငါက...
နင့်ကို အပြစ်တွေမတင်ချင်တော့သလို
အချစ်တွေပဲ ထပ်ထပ် ငင်နေမိတဲ့သူ...။
ဝေချင်ရင် ဝေ
ကြွေချင်ရင်လည်း ကြွေပါစေတော့...
ပန်းခြောက်ကလေးပဲ
ဖွဖွကောက်ကာ (ခါ)
မောင်စိန်ဝင်း ရဲ့ အချစ်ဦး ကဗျာလေးရွတ်ပြီး
နင့်ကို ထာဝရမြတ်နိုးနေမယ့်သူ...။
ချစ်တဲ့
(ရနံ့ချို)
ဒီကဗျာလေးက တကယ်တော့ ကျွန်တော် ဒုတိယနှစ်ကျောင်းသူဘ၀ က ရေးမိတဲ့ထဲက အမှတ်ရတာလေးကို ခုပို့စ်အဖြစ်နဲ့တင်လိုက်တာပါ..အားလုံးကို ကျေးဇူးတင်ပါတယ်။ဆရာမောင်စိန်ဝင်းကဗျာလေးတွေ ကို ဘလော့မှာ ပို့စ်အဖြစ်တင်ထားတာရှိပါတယ်။ကျွန်တော် ပျော်ချင်ပါတယ်..အခု စိတ်တွေအရမ်းညစ်နေတယ်....။လောကကြီးကလည်း အဆင်ပြေအောင် တမင်တွေးပြီး ပျော်အောင်နေမှပျော်ရတော့မှာလား။ ကျွန်တော့အတွက် အဆင်ပြေအောင် လုပ်ပေးတဲ့ ကံကြမ္မာရယ်လို့ သီးသန့် သူ့ဘာသူ မလာတော့ဘူးလား။ အခု မနက်မိုးလင်းတော့မယ်။ ရေဒီယိုက သီချင်းတွေကို တိုးတိုးလေးဖွင့်ပြီး ကျွန်တော် အိပ်လို့မရလို့ သတိရတဲ့ အထဲကနေ ဒီပို့စ်လေးကို မှတ်မိသလောက် နဲ့ အခုပြန်ပြီး remix သဘောပေါ့ :P အဲ့ဒါ ပြန်တင်လိုက်တာ... ။ကျွန်တော် က ဒီဘလော့လေးမှာ လာလာရင်ဖွင့်တယ်။ ဖတ်မိတဲ့သူတိုင်းပေးတဲ့ နံမည်ဆင်တူရှိတယ် အရူးမ တဲ့။ :D ရှက်ရမှာတောင်မေ့တယ်....အလွမ်းတွေက ပိုပိုပဲများလာတယ်။ချက်တော့ဝူးးးးးးးးးးးးးးးနော်
Sunday, September 5, 2010
စိတ်ကူးလေး
တကယ်ဆိုနင်ဟာ ငါ့ရဲ့ မျှော်လင့်ချက်အလင်းရောင်
နင်ဆိုတဲ့ တစ်ယောက်အကြောင်း တွေးရုံနဲ့
ပျော်ရွှင်မှုတွေ...၊ ခွန်အားတွေ...
ငါရဖူးပါတယ်...။
နင့်ဆီက အကြင်နာ တစ်စွန်းတစ်စ လွင့်ပါလာတိုင်းလည်း
ငါဟာ ပျော်ရွှင်မှုတွေနဲ့ မျောလွင့်ခဲ့ဖူးတယ်..
အဲ့ဒီလို စွမ်းဆောင်နိုင်တဲ့ အစွမ်းတွေ နင့်မှာ ရှိတယ်။
စိတ်ကူးတွေနဲ့
သိမ့်သိမ့် ရစ်မူးစွာလည်း ငါ တမ်းတဖူးပါတယ်...။
တကယ်ဆို...
ချစ်သူရယ်... စိတ်ချင်းနီးဖို့ပဲလိုတာပါ။
နီးနီးလေးရှိလည်း စကားတွေ
အော်ဟစ်ပြောမှ ကြားရလောက်အောင်
စိတ်တွေ ဝေးနေတော့လည်း
ငါ... ရင်နာတယ်...။
တကယ်ဆိုတော့
ငါလိုချင်တာ...ဒီအချိန်မှာ
နင့်ဆီက ကိုယ်ချင်းစာတဲ့ အကြည့်တစ်ချက်
စာနာစိတ်လေး ငါ့အပေါ်ထားစေ့ချင်တယ်။
ဝေဖန်တာတွေ ခနရပ်ကြစမ်းပါ
တော်ကြာ
ငါ ရူးသွားလိမ့်မယ်။
နင်... ခနလေး စိတ်ချင်းနီးကြည့်ပေးပါ...။
စကားတိုးတိုးပဲ ပြောကြရုံနဲ့ ကြားနိုင်ပါစေ..ချစ်သူရယ်
အရိပ် နဲ့ အကဲ ထပ်တူကျတဲ့ ငါတို့ ချစ်သူနှစ်ယောက်အကြောင်း
ငါ စိတ်ကူးကြည့်တယ်...
သိပ်ပျော်ဖို့ကောင်းတယ်...။
နင် လိုက်မျောကြည့်လေ..အဲ့ဒီမှာ
စမ်းရေစီးသံ ချိုလွင်လွင်လည်း နင်ကြားလိမ့်မယ်...
လေပြေညင်းရဲ့ မွှေးပျံ့မှုလည်း နင်ရလိမ့်မယ်...
နင်နဲ့ဆို စိတ်ကူးတွေနဲ့လည်း ငါပျော်နေတာပါပဲ
နင်နားလည်စေချင်တယ်...။
ချစ်တဲ့
(ရနံ့ချို)
သတိရနေလို့
ပျော်ရွှင်မယ်ဆိုတဲ့ အတွေးနဲ့ ငါ ပျော်ဖူးတယ်။ အတွေးသက်သက်နဲ့ပဲ ငါပျော်ခဲ့ဖူးတယ်...။
လက်တွေ့မှာ ကျင်လည်နေတဲ့ ငါ...
လက်ရှိမှာ ဖြစ်နေတဲ့ အရာတွေရဲ့
သက်ရောက်မှုအားတွေဟာ
ငါ လိုချင်တဲ့ အတွေးနဲ့ ထပ်တူ မကျတာကို သိနေတဲ့ အခါတွေမှာ
ထိန်းချုပ်မှုကင်းမဲ့စွာ ငါတစ်ယောက်တည်း နာကျင်နေတတ်တယ်...။
ဘာကိုမှလည်း မမျှော်လင့်ချင်တော့ဘူး
ဘာကိုမှလည်း မလိုချင်တော့ပါဘူး
မလိုချင်တော့ဘူး ဆိုရင်တော့
ငါ... ဘာဆက်လုပ်နေမှာလဲ...။
တည်ငြိမ်အောင် နေသင့်တယ်..ဆိုပြီး
ပေါက်တတ်ကရ အတွေးတွေနဲ့
ကယောင်ကတမ်းနိုင်စွာ
ငါ နင့်ကို သတိရနေတတ်တာ သိပ်ဆိုးတယ်......။
ချစ်တဲ့
(ရနံ့ချို)
Subscribe to:
Posts (Atom)