တစ်နှစ်မှာ တစ်ခါ ဆိုပေမယ့် ကျွန်တော် ၁နှစ်ခွဲမှာ တစ်ကြိမ်မြောက် ပြန်ပြီနော်..
ဒီပို့စ်ကို ဖတ်နေချိန်မှာတော့ ကျွန်တော်က အားလုံးနဲ့
ဟိုးးးးးးးးးးးးးးး
အဝေးကြီးမှာ ရောက်နေပါပြီ(အဟဲ ကိုငှက်ကြီးသီချင်းအတိုင်းပြောကြည့်တာ..လွမ်းအောင်လို့။
အလကားစ တာပါ..မလွမ်းပါနဲ့ သတိရတယ်ဆို တော်ပြီပေါ့ နော်...အလွမ်းက မကောင်းပါဘူး ။
ဘယ်သူ့ကိုမှ လည်း မလွမ်းချင်သလို ၊ ဘယ်သူမှလည်း မလွမ်းစေချင်ဘူး။ပြန်မယ်ဆိုတာနဲ့
တော်တော် အလုပ်ရှုပ်သွားတယ်။
သက်တမ်းကအကုန်တိုးနေရတယ်။ခွင့်ရဖို့ လုပ်ရတာကတစ်မျိုး။အများကြီးပဲ။
ကျန်တာအကုန်ရတယ်။အဲ့ဒီစာရွက်စာတမ်းတွေကို သိမ်းရတာ တော်တော် မုန်းမိတယ်။
စိတ်ရှုပ်လို့။ကဲ ဒါတွေထားပါ...အောက်မှာပုံတွေက ဘာရယ်ဟုတ်ပါဘူး။
မှတ်တမ်းပေါ့ ကျွန်တော့အတွက်။
မထူးတာနဲ့ ဘလော့လာ သူတွေကိုလည်း ကြည့်ရတာပေါ့။နော်။
မှတ်တမ်းပါပဲနော်။အဲ့ဒါတွေက တစ်မျိုးနှစ်ခါကြည့်၊ သုံးခါနီးပါး သွားဝယ်ထားရတာတွေလေ။


ဒါကချစ်တုံးတွေအတွက် နာရီလေးတွေ..ကိုယ့်မျက်လုံးထဲတော့ လှနေတာပဲ။
သူတို့အရွယ်တွေ ကြိုက်မလားတော့မသိဘူး။ကျွန်တော်ကတော့ ကြိုက်တယ် အဟဲ...။



ဒါက မောင်ချောကြီးတွေအတွက် ဒါလည်း သူတို့ကြိုက်ပါ့မလား
မသိဘူး။ကျွန်တော်ကတော့ ခြေတိုအောင် လျှောက်ဝယ်ထားရတာတွေ...အကုန်ကြိုက်တယ်

ဒါက ကျောင်းသူကြီးအတွက်ပါ...

ဒါက ယောင်းယောင်းအတွက် ခုတော့ ၀တ်လို့ရသေးလောက်ဘူး ထင်တယ် သူက ဗိုက် ဗိုက်နဲ့ ။

ဒါက မေမေနဲ့ အဒေါ် တွေအတွက် ။ ပါတိတ် ဆိုဘာမှမသိဘူး။
တကယ် နောက်ဆို အဆင်ပြေသွားမှာပါ။ဒါက ပထမဆုံးအခေါက်မို့ ပါ..နော် ကြိုက်ကြပါစေ။

ဒါက ကြီးကြီးတွေအတွက်ပါ...သုံးနေကျမို့ စိတ်ချတယ် ကြိုက်မှကြိုက်တဲ့။

ဖေဖေ့အတွက် မွေးနေ့လက်ဆောင်ပါ...ကြိုက်မှာပါ...ဖေဖေ့သူငယ်ချင်း ဦးလေးကိုယ်တိုင် လိုက်ဝယ်ပေးတာပဲနော့်။

ဒီပို့်စ်ကို ဖတ်နေကျချိန်မှာ ကျွန်တော်ကတော့ မေမေတို့ လူကြီးတွေ ပြောသမျှ နားထောင်လိုက်၊ ကလေးတွေကြားထဲမှာ သူတို့ပြောသမျှ အတွေ့အကြုံတွေ ကို ပါးစပ်ဟောင်းလောင်းလုပ်ပြီးနားထောင်လိုက်၊ ခေါင်းညိတ်ပြလိုက်။ ရယ်လိုက်နဲ့ မောနေလောက်ပြီဆိုတာ သိနေပေးနော်။အဟဲ...ပြန်ပြီးသားလူတွေက ပြန်ချင်နေကြပြီထင်တယ်..အော် ...နန်းစုက ခေါင်းတွေညိတ်နေတယ်...ပြောရဦးမယ် အပေါ်က နာရီတွေ ကိုင်ထားတဲ့လက်က သူ့လက်ပါဗျိုး...တစ်ယောက်သောသူ ကြည့်ဖို့ရိုက်ပေးပါဆိုလို့...ဟဟ..စိတ်မဆိုးနဲ့နော် စ တာပါ..။ပြောသာပြောတာပါ...ကျွန်တော်ပဲနားငြီးမလား ၊ ညီမလေးတွေပဲ ကျွန်တော် ရဲ့ စကားတွေကြားမှာ အူတက်အောင်ရယ်နေကြမလား။ကြုံလို့ပြောရဦးမယ်..ကျောင်းကနေပြန်လာတာတောင် စာသင်ခန်းထဲကအကြောင်းတွေကို အဖွားကိုပြောတာလေ...
အဖွားကနားငြီးလို့ထင်တာပဲ။အိမ်သာထသွားတာတောင် အိမ်သာရှေ့ကနေ အော်ပြောတာ။အဖွားဆို တော်ပါတော့ပြောယူရတယ်...သူကတစ်ခါတလေ စကားထောက်တတ်တယ်..
သူငယ်ချင်းတွေနံမည်တွေပါသိနေတယ်...ဆရာမတွေနံမည်လည်းသိတယ်။
ကျွန်တော်ပြောဖို့ကျန်ရင်လည်း သူက ထောက်ပေးတယ်...သတိတရမေးတယ်...။ခုတော့ သူမရှိတော့ပါဘူး။
ဒီနေ့တွေမှာပို့စ်အသစ်မတင်နိုင်သေးတာကိုနားလည်ပေးကြပါနော်....
ပြန်လာရင်လက်ဆောင်ဓာတ်ပုံတွေများ..............ကြီးယူရိုက်ခဲ့မယ်..နော်..သတိရနေပါ့မယ်...
လည်လည်လာသူတွေအားလုံး ရွှင်လန်းကြပါစေ...။(ရနံ့ချို)










