iPod ဖွင့်ပြီး နားကြပ်ဖြင့် သီချင်း နားထောင်တဲ့အခါ အသံအကျယ်ကြီး မဖွင့်ပါနဲ့ ။ iPod နားထောင်တဲ့ ဆယ်ကျော်သက် ၅ဦးလျှင် ၁ဦးသည် နားလေးဝေဒနာ ခံစားရလာကြောင်း၊ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂စုကထက် နားလေးသည့် ဝေဒနာ ခံစားရသည့်နှုန်း ၃၀ ရာခိုင်နှုန်း ခုန်တက် များပြားလာကြောင်း သိရပါတယ်။ လုံးဝ နားပင်းသွားသည့် ရာခိုင်နှုန်းကတော့ အနည်းငယ်မျှသာ ဖြစ်ပါ တယ်။ ဆယ်ကျော်သက် အများစုကတော့ အသက် ၄၀-၆၀ကြား လူကြီးတွေရဲ့ အကြားအာရုံ ရရှိမှုမျိုးကိုသာ ရရှိပိုင်ဆိုင်ထား တယ်လို့ ဆိုပါတယ်။တူရိယာပစ္စည်းများ ကျယ်လောင်စွာ တီးခတ်ခြင်းသည် အပြစ်တင်ရမဲ့ ကိစ္စ တစ်ခု ဖြစ်ကြောင်း ကျွမ်းကျင်တဲ့ သူများက ယုံကြည်ပါတယ်။ သင့်ရဲ့ အကြားအာရုံကို မထိခိုက်စေချင်ရင် အောက်ပါတို့ ကို မှတ်သားထားပါ။
(၁) အသံ၏ ကျယ်လောင်မှု (Volume) ကို အမြင့်ဆုံး ၆၀ရာခိုင်နှုန်းသာ ထားပြီး နားထောင်လျှင် တနေကုန် နားထောင်နိုင် ပါတယ်။
(၂) အမြင့်ဆုံး ကျယ်လောင်မှု၏ ၈၀ရာခိုင်နှုန်း ဖွင့်၍ နားထောင်လျှင် တနေ့ တာအတွင်း မိနစ် ၉၀ခန့်  နားထောင်နိုင်ပါတယ်။
(၃) အသံအကျယ်ဆုံး (Maximum Volume) ဖွင့်၍ နားထောင်လျှင် တနေ့ တာအတွင်း ၅မိနစ်ခန့် မျှသာ နားထောင်သင့်ပါတယ်။
Health Digest Journal ကနေ ပြန်လည်မျှဝေလိုက်ပါတယ်။
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းစွာနဲ့ ပျော်ရွှင်သော ကိုယ်စီဘ၀တွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေ...။
ချစ်တဲ့
✎❑уaйaит cно❒ ヅ







