"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Saturday, January 30, 2010

ထွေလီကာလီ (၁)


ငါးအကြိုက်ရေလိုက်တာလား
ရေအလိုက်မှာငါးကြိုက်သွားတာလား
အဲ့ဒါတွေက သိပ်တော့မကောင်းဘူးဗျ...
ကျွန်တော့်အတွက်တော့ သိပ်ဒုက္ခရောက်ဖူးတယ်...။
ကြာတော့လူက ရေလိုက်ငါးလိုက်လုပ်တာ ဘ၀ကိုပါ ဖော့လိုက်လာဖြစ်မိဖူးတယ်။
နောင်တတွေကို မလိုချင်ပါဘူး
သက်ပြင်းတွေချတာများလို့ အခန်းဖော်လည်း ဖျားနေတယ်။
မတတ်နိုင်ဘူးဆိုတာက သိပ်များတစ်ကိုယ်ကောင်းဆန်သွားသလား
ခု ... အဲ့ဒါ ကို တွေးနေတာ။
အမေက ပြောတယ်...
တစ်ဘို့ထဲသမားတဲ့ (နွားပေါ့ဗျာ..)
ထားပါ ဘယ်လိုမှသဘောမထားပါဘူး။
ကုန်သွားတဲ့အရာတွေက ဒဏ်ရာသာမပေါ်တာပါ..
ထိတယ်...ပြန်တွေးတိုင်း ငိုင်နေတတ်ပြီ...
တောင်းပန်ချင်ပေမယ့် ပြီးသွားပြီဆိုတော့ အားနာတယ်
စကားတစ်လုံးကိုတော့ ပြန်အမှန်ခံရမှာကြောက်တာလည်းပါတယ်...
ကျွန်တော်အကြောက်ဆုံးကလည်း လူတွေရဲ့ စကားတွေပဲ
အသက်က ကြီးပြီ ဦးနှောက်ကသေးတယ်...

အာခေါင်တွင်းက ၀င်းဝင်းတောက်မှ နဂါးလားဗျ
မျက်စောင်းထိုးကောင်းလို့ ပြာကျနိုင်မှ နဂါးသာဆို..
အကြောင်းသုံးပါးမရွေး ထွက်တတ်တဲ့ ဒီသောက ဒေါသ တွေနဲ့ တော်တော်လောင်နေပြီ
နဂါးလား ဘာလားတော့သိဘူးဗျာ...

မသိမသာလား သိသာလာသလား
မတွေးချင်တော့ဘူး
မှားတယ် မှားတယ်
ကိုယ့်လိပ်ပြာက ကိုယ့်ကို ပြန်ပျက်ရယ်ပြုတယ်ဆိုတော့
ကျွန်တော် တော်တော်လေးမှားသွားတာ..
ကိုယ့်ကိုကိုယ်ပြန် ပြီးချော့ပြီး လိမ်မာတော့မယ်
စကားတွေ ခနအိပ်ပါ..
ဖတ်ခနဲ..ဖျတ်ခနဲစင်တဲ့ တံတွေးတိုင်းမှာ
ငါက ဟုန်းခနဲ ဟုန်းခနဲ ထ, ထတောက်တတ်လွန်းလို့..
ကိုယ့်တွင်းနဲ့ကိုယ်သာနေကြပါတော့

ထပ်ပြောရဦးမယ်
အခန်းဖော်လည်း ဖျားနေတယ်
ဒီတော့ သက်ပြင်းတွေ မချ ချင်တော့ဘူး။....းp
(ရနံ့ချို)

Thursday, January 28, 2010

ကျမလက်လှမ်းမီ ဉာဏ်မီသမျှ ဘာသာရေးအယူအဆ (ခွာညို) ခုတလော ကိုလူထွေးဘလော့မှာ အရည်မရ အဖတ်မရတွေပဲ ဖတ်နေရတော့ ဒီတခါ အကျိုးရှိတာလေး တခု တင်လိုက်ပါတယ်... မူရင်းရေးသူက မခွာညိုပါ...ပြည်တွင်းကနေ ပို့ပေးလိုက်တဲ့လင့်ခ်မှာ ဗုဒ္ဓဘာသာဝင်များအတွက် စေတမန်ဆိုတဲ့ဘလော့ကို အခုပဲ ကျမ၀င်ဖတ် လိုက်ပါတယ်။ ပထမဆုံးဖြစ်လာတဲ့ ခံစားချက်နဲ့ အမှတ်ထင်ထင် ကျန်ခဲ့မှုက ၀င်ဆဲကြတယ် ဆိုတဲ့ ဘလော့ပိုင်ရှင်ရဲ့ စကားပါ။ ဒီတော့ ကျမအနေနဲ့ ဗုဒ္ဓဘာသာကို ယုံကြည်သော်လည်း ဘယ်လို ကာကွယ်စောင့်ရှောက်ရမှန်း မသိသေးတဲ့ ဗုဒ္ဓတရားရဲ့ အနှစ်သာရအမှန်ကို တကယ်နားလည်နိုင်ဖို့ အားနည်းနေသေးတဲ့ ကျမတို့ ဗုဒ္ဓဘာသာဝင် ညီအကို မောင်နှမ၊ တူ တူမများကိုသာ ကျမ လေ့လာထားသမျှ ဗုဒ္ဓတရားရဲ့အနှစ်သာရကို မျှဝေပေးလိုပါတယ်။ ဆဲတယ်ဆိုတဲ့ကိစ္စ ဘုရားမကြိုက်ပါဘူး။ ရှစ်ပါးသီလယူတဲ့အခါမှာ ဖရုဿဝါစာ၊ သဖ္ဖပလာပ၀ါစာ ဆိုတာတွေကို ကျမတို့ ရွတ်ကြရပါတယ်။ အဲဒီ အဓိပ္ပာယ်တွေကို သိဖို့နဲ့ လတ်တလော ဒေါသထွက်နေစဉ်မှာ အဲဒီစကားလုံးတွေရဲ့အဓိပ္ပာယ်ကို သတိရမိဖို့ လိုပါလိမ့်မယ်။ ရုန့်ရင်းကြမ်းတမ်းသောစကားကို တပည့်တော် မပြောပါဘူးဘုရား။ သိမ်ဖျင်း သေးနုပ်သည့် စကားကို တပည့်တော် မပြောပါဘူးဘုရား…လို့ ဘုရားသခင်ကို သက်ရှိထင်ရှားအဖြစ် မြင်ယောင်ပြီး ဘုရားက ဒီလိုမလုပ်နဲ့လို့ မပြောနေသည့် တိုင်အောင် ကိုယ့်လေးမြတ်ကိုးကွယ်ရာ ဘုရားက မကောင်းဘူးလို့ ပြောထားတဲ့စကားမို့ ဘုရားကမတောင်းဘဲ ကိုယ့် ဖာသာကိုယ် လှိုက်လှိုက်လှဲလှဲ ကတိပေးနေကြတာသာ ဖြစ်ပါတယ်။ ဒါကြောင့် ဆဲရေးတိုင်းထွာခြင်းနဲ့ မိမိယုံကြည်ရာ ဘာသာကို ကာကွယ်လို့မရသလို ခိုင်ခံ့အောင် တည်ဆောက်လို့လည်း မရနိုင်ပါဘူး။ နောက်တခုက နိဗ္ဗာန်ရောက်ကြောင်း တရား ရှစ်ပါးမှာ သမ္မာဝါစာ ဆိုတာ ပါပါတယ်။ နိဗ္ဗာန်ရောက်ကြောင်းတရားကို ကျင့်ကြံကြမယ်ဆိုရင် နိဗ္ဗာန်မဂ်ဖို ရက်တိုတိုနဲ့ ရောက်ပါရစေလို့ ဆုတောင်းနေရုံနဲ့ မရပါဘူး။ ကိုယ်တိုင် နိဗ္ဗာန်ရောက် ကြောင်းတရားကို အားထုတ်ရပါတယ်။ အဲဒီမှာ သမ္မာဝါစာဆိုတဲ့ ကောင်းသောစကားကိုသာဆိုခြင်းဆိုတဲ့ သီလတပါးပါ ပါတယ်။ ကောင်းသောစကားကို ဆိုရမယ်၊ မကောင်းတဲ့စကားမှန်ရင် ဘာမှ မပြောရဘူးဆိုတဲ့အတွက် ဆဲဆိုခြင်းဖြင့် ကိုယ်ယုံကြည်ရာဘာသာတရားကို မကာကွယ်နိုင်တဲ့အပြင် ကိုယ့်ဘာသာရဲ့အနှစ်သာရကို ကိုယ်ကိုယ်တိုင်က ဖျက်ဆီးရာကျတဲ့အတွက် ဆဲဆိုခြင်းမလုပ်သင့်ပါဘူး။ အဲဒီမှာ ဘယ်ဟာက သမ္မာဝါစာတွေလည်းဆိုတော့-သူတပါးလည်း အကျိုးမရှိ၊ မိမိလည်းအကျိုးမရှိသောစကားကို မပြောသင့်။ မိမိအကျိုးရှိပြီး သူတပါးအကျိုးမဲ့သော စကားကို မပြောသင့်။ ဆိုတာတွေပါပါတယ်။ ဒါ့အပြင် ညီတော်အာနန္ဒာရဲ့ တသက်တာမှတ်တမ်း အမှတ်(၂) မှာလို့ ကျမထင်ပါတယ်။ အခုလိုပါပဲ။ ဘာသာခြား ပုဏ္ဍားတွေက ဘုရားဆွမ်းခံကြွမယ့်လမ်းမှာ ပိတ်ပြီး ရှင်ကြီးဂေါတမ ဘာ..ညာ…ဆိုပြီး မကြားဝံ့ မနာသာတွေ ဆဲရေး တိုင်းထွာကြပါတယ်။ဘုရားရဲ့တရားတော်တွေကို ထဲထဲဝင်ဝင်မလေ့လာဘဲ ပုတ်ခတ်ပြော ဆိုကြ ပါတယ်။ အဲဒါကို နောက်လိုက် သံဃာတော်တွေက ဒေါသထွက်ပြီး တုန့်ပြန်လိုကြသူတွေ ရှိသလို စကားနည်း ရန်စဲသဘောနဲ့ \တခြားလမ်းက ရှောင်သွားချင်တဲ့ သူလည်းရှိပါတယ်။ (ပုထုဇဉ်လိုတွေးတာကိုး) မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကတော့ ရန်လည်းမတုန့်ပြန်၊ တခြားလမ်းကလည်း မရှောင်သွေဘဲ အဲဒီလမ်းကိုသာ သုံးပြီး ဆွမ်းခံကြွမြဲ ကြွခဲ့ပါတယ်။ အဲဒီလိုမျိုး သုံလေးရက်ကြာလာတဲ့အခါ ညီတော် အရှင်အာနန္ဒာက အကိုတော်ဘုရားကို လျှောက်ထားပါတယ်။ အခုလို နေ့တိုင်း အဆဲခံနေရမှန်း သိသိကြီးနဲ့ တခြားလမ်းကို ဘာကြောင့်ရွေးပြီး မကြွသလဲ ဆိုတဲ့ အကြောင်း။ သည်တော့ ဘုရားက ပြန်ပြီး မိန့်ကြားပါတယ်။ ဘုရား။ ။ ချစ်သောအာနန္ဒာ။ တကယ်လို့ လူတယောက်က မင်းကို ပစ္စည်းတခုပေးမယ်။ မင်းက မယူဘူးဆိုရင် အဲဒီပစ္စည်း ဘယ်သူ့ဆီမှာ ရှိနေမလဲ။အာနန္ဒာ။ ။ ပေးနေတဲ့သူဆီမှာပဲ ရှိနေအုံးမှာပါ။ ဘုရား။ ။ ဒါဖြင့် အဲဒီပစ္စည်းပိုင်ရှင်က ဘယ်သူဖြစ်မလဲ။ အာနန္ဒာ။ ။ ပေးနေတဲ့ ပစ္စည်းကိုလက်ဝယ်ကိုင်ထားသူသာ ပိုင်ရှင်ပါဘုရား။ဘုရား။ ။ အဲဒီလိုပဲ အာနန္ဒာ၊ သူတို့ဆဲရေးတိုင်းထွာမှုကို ငါတို့က မခံယူဘူးဆိုရင် အဲဒီ ရုန့်ရင်းကြမ်းတမ်းမှု အားလုံး သူတို့သာပိုင်တယ်။ ငါတို့မခံယူသရွေ့ ဒီစကားတွေ ငါတို့ဆီရောက်မလာဘူး။…..ဖတ်ခဲ့ဖူးတာ ဆယ်စုနှစ်တနှစ်စာမက ကြာနေခဲ့တာမို့ ကျမ အတိအကျတော့ မမှတ်မိတော့ပါ ဒါကြောင့် ဒီအပိုင်းကို ဆက်မရေးဝံ့ပါ။ ဘုရားဆိုလိုသည့်အဓိပ္ပာယ်ကို ကျမ လက်ခံ သဘောပေါက် မိတာကတော့ မကောင်းတာမှန်သမျှကို ဘာမှ ကိုယ်က မခံယူဖို့ (မတုန့်ပြန်ဖို့ လို့ နားလည်မိပါတယ်) ဆိုတဲ့ သည်းခံခြင်းတရားကလည်း ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတွေထဲက တခုဖြစ်ပါလိမ့်မယ်။ နောက်ပြီး ဘာသာတရားနဲ့ သီလစင်ကြယ်တဲ့ ဘုရားကို စော်ကားမော်ကား လုပ်တဲ့ ဘုရားရဲ့ဆွေမျိုးရင်းခြာပင်လျှင် ချွတ် မရအောင် အကုသိုလ်အစွဲကြီးလွန်းလို့ မြေမျိုမှာသိသိကြီးနဲ့ ဘုရားကိုယ်တော်တိုင်ပင်လျှင် ဥပက္ခေမေတ္တာနဲ့ လွှတ်ပေး လိုက်ရတဲ့ အဖြစ်တွေကိုလည်း ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးသားဖြစ်ပါလိမ့်မယ်။ သုဗ္ဗဗုဒ္ဓ၏ နောက်ဆုံးနေ့များဆိုတာ အလွန်သိသာထင်ရှားတဲ့ သာဓကတခုပါ။ တကယ်လို့ အဲဒီဘလော့ကို ဗုဒ္ဓဘာသာဝင်များဝင်ရောက်လေ့လာကြမယ်ဆိုပါတော့။ ဖတ်ပြီးတဲ့အခါ ဒေါသနဲ့ ဆဲစာရေးခဲ့ ကြမယ့်အစား မေးထားတဲ့မေးခွန်းတွေကို ကိုယ်တကယ် ဖြေရှင်းတတ်ပြီလားလို့ အရင်ဆုံး ကိုယ့်ဖာသာကိုယ် မေးကြည့် စေချင်ပါတယ်။ မဖြေတတ်သေးရင် ကိုယ်ဟာ ကိုယ်ကိုးကွယ်နေတဲ့ ဘာသာတရားကို မိရိုးဖလာယုံကြည်မှုနဲ့ လက်ခံ ထားတဲ့အဆင့်မှာသာ ရှိသေးတယ်။ ငါ့ဘာသာတရားကို ငါကာကွယ် စောင့်ရှောက်ဖို့ ငါ့မှာ အရည်အချင်းနဲ့ အချက် အလက် တွေလိုနေသေးပါလားလို့ ဆင်ခြင်ပြီး ကိုယ့်ဘာသာတရားရဲ့ အနှစ်သာရကို ရှာဖွေလိုက်ပါ။ ကိုယ်က ဘာသာရေး အသိပိုကြွယ်ဝလာပါလိမ့်မယ်။ အဲဒီအခါမှာ အဲဒီဘလော့ပိုင်ရှင်ကို ကျေးဇူးတင်လိုက်ပါ။ သူ့ကြောင့် ငါ ဟာ မေ့လျော့ထား ခဲ့တဲ့ ဘာသာတရားရဲ့ အနှစ်သာရတွေကို ရှာဖွေဖြစ်ခဲ့တာ ပါလားဆိုပြီး….ဒီစကားကို ကျမ ရွဲ့ပြောနေတာမဟုတ်ပါ။ ကျမကိုယ်တိုင် အဲဒီလို ကျင့်သုံးခဲ့ဖူးတာပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကျမ ကျောင်းဆရာမဘ၀မှာပဲ ခရစ်ယာန်ဘာသာဝင် ဆရာမတယောက်ဟာ ကျမကို အဲလိုဆန်ဆန်မေးခွန်းတွေနဲ့ ကျောင်းမှာ အားလပ်ချိန်တိုင်း မေးခွန်းထုတ်လေ့ရှိပါတယ်။ အဲဒီနောက်ကွယ်မှာ ဗုဒ္ဓဘာသာကနေ ဘာသာပြောင်းသွားတဲ့ သူတယောက်ရှိပါတယ်။ သူ ကျမကို မေးတဲ့ မေးခွန်းတွေထဲက တခုကို ပြန်ပြောရရင်ဘုရားက အတ္တကြီးပြီး တကိုယ်ကောင်း ဆန်တဲ့သူတဲ့။ မိန်းမယူပြီးမှ ပစ်ထားခဲ့တယ်။ တာဝန်ယူလိုစိတ်မရှိဘူးတဲ့။ အဲဒါ ဘုရားကလုပ်ယူတာမဟုတ်ဘူး။ ဘုရားက သူဘုရားဆုပန်တဲ့အချိန်မှာ ယသော်ဓယာဒေဝီ လောင်းလျာ သမီးပျိုက ဘုရားအဖြစ် ကျင့်ကြံတဲ့ ကာလတလျှောက်လုံး ပါရမီဖြည့်ဘက် ဖြစ်ပါရစေလို့ သူကိုယ်တိုင်က ဆုပန်ခဲ့တဲ့ ပါရမီအရ သူ့ ဖာသာသူ ဖြစ်လာရတဲ့ ကိစ္စလေးတရပ်ပါပဲလို့ ကျမ ချက်ခြင်းတုန့်ပြန်လိုက်ပါတယ်။ ကျမဖြေတာ လိုအပ်မှုရှိကောင်း ရှိမှာဖြစ်ပေမယ့် မှားယွင်းတဲ့ အဖြေမဟုတ်ဘူးလို့တော့ ဒီနေ့အထိ ယုံကြည်နေတုံးပါပဲ။ နောက်ထပ် သူမေးလာတဲ့မေးခွန်းတွေကို ဖြေဖို့ကိုတော့ ကျမ ဘာသာရေးစာပေတွေကို ဖတ်ခဲ့ရပါတယ်။ ဒါတင်မက ကျမ ခရစ်ယာန်ဓမ္မသစ်ကျမ်းကိုပါဖတ်ပြီး နှိုင်းယှဉ်ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ကျမကိုနံမည်ခေါ်ပီး တိုက်ရိုက်မေးမြန်းတဲ့ နည်းနဲ့ ကျမယုံကြည်ရာ ဘာသာတရားကို တိုက်ခိုက်လို့ ကိုယ်တတ်နိုင်သမျှနဲ့ ကိုယ်ယုံကြည် ကိုးကွယ်ရာဘာသာကို စောင့်ရှောက်ခဲ့တာ ဖြစ်ပါတယ်။ ကျမကို တိုက်ရိုက်မမေးတဲ့ မေးခွန်းတွေကိုတော့ ကျမမခံယူခဲ့ဘူးပါ။ (အဲဒီတုံးက သူနဲ့ငြင်းခုန်ကြရာမှာ ကျမဟာ ဆရာများ နားနေခန်းထဲမှာ ဒေါသတကြီး စားပွဲခုံကို လက်သီးနဲ့ထုပြီးတော့တောင် အော်ခဲ့မိဖူးတယ်ဆိုတာနဲ့ အဲလိုအော်ဟစ်ခဲ့မိတာကို အခု ပြန်တွေးမိတဲ့အခါ ရှက်တက်တက်နဲ့ ပြုံးမိတာပါပဲ။) နောက်ထပ်သေချာတာတခုက သူ အဲဒီလိုမျိုး ကျမစိတ်ကို ဆွပေးတဲ့အတွက် သူ့ကို ခိုင်ခိုင်မာမာ ငြင်းနိုင်ဖို့ ကျမဟာ ဗုဒ္ဓ တရားတော်တွေရဲ့ အနှစ်သာရတွေကို ပိုပြီး လေ့လာဖြစ်သွားပါတယ်။ အပေါ်ယံအသိတရားလောက်နဲ့ ကျေနပ်နေမိတဲ့ မိရိုးဖလာ ကိုးကွယ်မှုအဆင့်ကနေ အဲဒီလို ကိုယ်တိုင်လေ့လာမှုကြောင့် မိမိကိုယ်တိုင် ယုံကြည်သက်ဝင်လာတဲ့ ဗုဒ္ဓဘာသာ စစ်စစ်တယောက်ဖြစ်လာတော့တာပါပဲ။ (မိဘကပြော၍လည်း မယုံသင့်၊ ဆရာသမားများက ပြော၍လည်း မယုံသင့်၊ ငါဘုရားကပြော၍လည်း မယုံသင့်။ မိမိကိုယ်တိုင် လေ့လာပြီး ကိုယ်တိုင် နားလည် သဘောပေါက်မှသာ ယုံသင့်ရာသည်။ လို့ ဘုရားက သူ့ရဲ့တရားကို လက်ခံရေးမခံရေးကို အဲဒီလို ပြောရဲခဲ့သူပါ။ ) ဒါကြောင့် ကျမကို ဗုဒ္ဓဘာသာဝင်အစစ်အမှန်ဖြစ်လာလောက်အောင် ယုံကြည်မှု သဒ္ဒါတရားတွေ တိုးပွားလာစေအောင် စာ များများဖတ်အောင် စေ့ဆော်ပေးခဲ့တဲ့ အဲဒီ ကျမရဲ့ လုပ်ဖော်ကိုင်ဘက် ဆရာမကို အခုတော့ ကျမ အလွန်ကို ကျေးဇူးတင် ပါတယ်။ သူ့မေးခွန်းတွေသာ ကျမ မကြားခဲ့ရရင် ကျမဟာ ဗုဒ္ဓတရားကို ကိုယ်တိုင်မလေ့လာဘဲ မိရိုးဖလာ ယုံကြည်မှုနဲ့ ရပ်တန့်နေကောင်း နေမှာပါ။ သူရဲ့ ပုတ်ခတ်မှု၊ စော်ကားမှုတွေ အတွက်ကတော့ သူ့တရားသူ စီရင်မှာပါပဲ။ ကျမက မခံယူ တဲ့အတွက် အကုသိုလ် အတုံးအခဲကတော့ ကျမဆီ ရောက်မလာဘူးလို့ ယုံကြည်မိပါတယ်။ ဗုဒ္ဓဘာသာဝင်ကောင်းများအဖြစ် ဘာသာတရားကို စောင့်ရှောက်နိုင်သူများဖြစ်ကြပါစေ။ ခွာညိုဇန်န၀ါရီလ (၂၁)။ ၂၀၁၀။

Saturday, January 23, 2010

ဗုဒ္ဓဖြစ်စဉ်(with english subtitle)



ဒီမူဗွီထဲမှာ ကျွန်တော်တို့ ဗုဒ္ဓရဲ့ဖြစ်စဉ်ကို အသေးစိပ်ရိုက်ပြထားပါတယ်..ကြည့်ရှုကြည်ငြိုနိုင်ပါတယ်..
ဒါကို ယုံတမ်းပုံပြင်လို့ ဘယ်သူပြောချင်ပါသလဲ။လုပ်ဇာတ်၊ ပါးစပ်ရာဇ၀င် မဟုတ်တာကို ကျွန်တော်တို့ ဘာသာဝင်တွေ အားလုံးသိနေပါတယ်..အမြဲတမ်းသက်ဝင်ယုံကြည်နေပါတယ်...။
ဗုဒ္ဓသာသနာ နေလို ၊ လလို ထွန်းလင်းနိုင်ပါစေ...။

ဗိုလ်ချုပ်ပြောခဲ့တဲ့စကား

Friday, January 22, 2010

ဒို့သာသနာ ဒို့ဘာသာ

ရေးသားသူ အောင်ဦး from http://www.dhammaratha.com/

ဒို့သာသနာ ဒို့ဘာသာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့ …
ယနေ့ အချိန်မှာ ထေရ၀ါဒ သာသနာကို စော်ကားတိုက်ခိုက်တဲ့ ၀က်ဆိုဒ်တစ်ခု ပေါ်ထွက်လာတာနဲ့ ပတ်သတ်ပြီး ဗုဒ္ဓဘာသာဝင် အားလုံး စိတ်နှလုံး မအေးချမ်းနိုင်ပဲ ရင်နင့်ကြရတဲ့ အဖြစ်တွေကို သိမြင်မိပါတယ်။
တစ်ဦးနဲ့ တစ်ဦး ဘာသာ အယူဝါဒချင်း မတူညီတဲ့ အတွက် ဘာသာတရား အရ ငြင်းခုန်နေမယ်ဆိုရင် ဘယ်တော့မှ အမှန်တရားကို ရရှိကြမှာ မဟုတ်ပါဘူး။ ထို့ကြောင့် သူတပါး ပြောဆို စော်ကားနေတာတွေနဲ့ ပတ်သတ်ပြီးတော့လည်း ဒေါသတွေ၊ မာန်မာနတွေ မဖြစ်ကြဖို့ ရှေးဦးစွာ သတိပေးပါရစေ…။
အခုလို ဆဲရေးတိုင်းထွာ စော်ကားတာတွေဟာ အခုမှ ပေါ်ပေါက်လာတာလည်း မဟုတ်ပါဘူး။
ဘုရားရှင် လက်ထက်ကတည်းက စိဉ္စမာနဆိုတဲ့ မိန်းမယုတ်က ကိုယ်ဝန်ရှိဟန်ဆောင်ပြီး စွပ်စွဲတယ်။
ဒေ၀ဒတ်က ဆင်ကို အရက်မူးအောင် တိုက်ပြီး ဘုရားရှင်ကို ဆင်နဲ့ တိုက်တယ်။
ကျောက်မောင်းဆင်ပြီး အသက်သေအောင် ကြံစည်လုပ် ဆောင်တယ်။ လေးသမားတွေလွှတ်ပြီး လေးမြှားနဲ့ ပစ်သတ်ခိုင်းတယ်။ ဘယ်လောက် ယုတ်မာလိုက်တဲ့ လုပ်ဆောင်ချက် တွေ ဆိုတာ တွေးကြည့်ယုံနဲ့ မြင်သာပါတယ်။
ဘုရားရှိစဉ်မှာပဲ ဘုရားနဲ့ အနီးကပ်နေတဲ့ ပုဂ္ဂိုလ်တွေထဲကတောင် ဘုရားကို သတ်ဖို့ ကြံစည်တဲ့ သူတွေ ပေါ်ပေါက်ခဲ့သေးတယ်ဆိုရင် ဘုရားမရှိတော့တဲ့ နောက်ပိုင်း ဘုရားသာသနာကို အခြား ဘာသာဝင်တွေက စော်ကား ပျက်ရယ်ပြုတာသည် မထူးဆန်းဘူးလို့ ဆိုရမှာပါပဲ။
ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ထားရမှာက အခြားဘာသာက ဖျက်လို့ သာသနာ ပျက်မသွားဘူးဆိုတာပါပဲ။
သူတို့ နှစ်သက်သလို ပြောကြပါစေ… စော်ကားကြပါစေ… သူတို့အတွက် ထိုက်တန်တဲ့ အကျိုးပေးဆိုတာ ရှိနှင့်ပြီးသားပါ။
ငရဲရှိလား မရှိဘူးလား ဆိုတာ မယုံကြည်သူကို ဖြေရှင်းနေလို့ အပိုဖြစ်နေမှာပါပဲ။ သူတို့ကိုယ်တိုင် ရောက်တဲ့ နေ့ကျရင်တော့ အဖြေသိမှာပေါ့။ဗုဒ္ဓမြတ်စွာသည် အခြားဘာသာဝင်တို့က ဘုရား၊ တရား၊ သံဃာတို့ကို စော်ကား ပြောဆိုတာတွေနဲ့ ပတ်သတ်ပြီး တပည့်သာဝကတွေ နှလုံးသွင်း နာယူလိုက်နာဖို့ အတွက်ဒိဃနိကာယ် ဗြဟ္မဇာလသုတ်တော်မှာ အောက်ပါအတိုင်း မိန့်မှာတော်မူခဲ့ပါတယ်။
“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြလျှင် ထို(ပြောကြရာ)၌ သင်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်စေသင့်”

“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင်၊ နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏”


“ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ ဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်” (ဒီ၊ မြန်၊ ၁၊ ၁၁)။


ယခုအခါမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ အထက်ပါ အဆုံးအမ အတိုင်း ခံယူလိုက်နာကြပါ။ဘုရား၊ တရား သံဃာ ရတနာမြတ်သုံးပါး၏ အပြစ်ကို ပြောဆိုကြသည်ကို ကြားသိကြလျှင် ရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း၊ စိတ်မကျေချမ်းခြင်း မဖြစ်ကြရန် မြတ်ဗုဒ္ဓသည် သတိပေးတော်မူပါတယ်။အဘယ့်ကြောင့် သတိပေးတော်မူရသနည်းမူ- ထိုရန်ငြိုးထားခြင်း၊ နှလုံးမသာယာခြင်း ဟူသော ဒေါသ၊ ဒေါမနဿများသည် မိမိတို့၏ စိတ်ဓာတ်ငြိမ်းချမ်းရေး တရားရရေးကို အနှောင့်အယှက် ပေးနိုင်သောကြောင့် ဖြစ်ပါတယ်။မဟုတ်တာကို မဟုတ်ကြောင်း၊ မမှန်တာကို မမှန်ကြောင်း ရှင်းလင်းပြောပြသော်လည်း ကောင်းစွာ ခံယူခြင်း မရှိသူများကို ဥပေက္ခာပြု ခြင်းဖြင့် ဆက်ဆံကြပါလို့ အလေးအနက် အသိပေးပါရစေ…။လူတယောက်က ခွေးကို ခဲနဲ့ ပစ်ရင် အဲဒီခွေးက ခဲကို လိုက်ကိုက်တယ်။ ခြင်္သေ့ကို ပစ်ရင် ခြင်္သေ့က ပစ်တဲ့သူကို ကိုက်တယ်။ ဒီတော့ ခွေးလို အဖြစ်ခံမလား၊ ခြင်္သေ့လို ကျင့်မလားဆိုတာက စဉ်းစားကြပါ။ ဘုရားရှင်ဟောခဲ့တာက ခြင်္သေ့လို ကျင့်ဖို့ပါ။ အဓိက အကျိုးတရားတခုရဲ့ အကြောင်းရင်းကို သတ်ဖို့ပါပဲ။ဘယ်လို ပုဂ္ဂိုလ်တွေက စော်ကားတိုက်ခိုက်နေပါစေ… မိမိတို့ကိုယ်တိုင် သီလ၊ သမာဓိ၊ ပညာသိက္ခာတွေ အပျက်ဆီး မခံဘဲ ပိုမို ကောင်းမွန်လာအောင် ဖြည့်ဆည်း ဆောင်ရွက်ဖို့ အဓိကပဲ ဖြစ်ပါတယ်။ခလုတ်တိုက်တဲ့ ကျောက်တုံးကို ခြေနင်းတုံး အဖြစ် အသုံးချတတ်ရမှာ ဖြစ်သလို ယနေ့တွေ့ကြုံလာရတဲ့ လောကဓံတရားတွေကိုလည်း ကိုယ့်ရဲ့ အသိတရားတွေ ကောင်းမွန် လာအောင် အသုံးချတတ်ကြရမယ်။ အားလုံး ကိုယ်စီ သတိရှိကြပါ။ဘေး ပယောဂ အတွက်ကြောင့် ဒို့သာသနာ ဒို့ဘာသာ ပျက်ဆီးမသွားဘူး။ ဖျက်ဆီးလို့လည်း မရဘူး။ သာသနာရဲ့ အကျင့်တွေကို လိုက်ပါကျင့်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေ ရှိနေသမျှ ကာလပတ်လုံး၊ သာသနာ အကျိုးကို စွမ်းဆောင်နေ ကြတဲ့ သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ရှိနေသ၍ မိမိတို့ ဘာသာ ဘယ်တော့မှ နိမ့်ကျမသွားဘူးဆိုတာ ယုံကြည်ထားကြပါ။ အခုလို အဖျက်တွေ များလာတာနဲ့ အတူ မိမိတို့ လုပ်ဆောင်ရမှာက အပြု သဘောဆောင်တဲ့ လုပ်ဆောင်မှုတွေပဲ အဓိက ထားပြီး လုပ်ဆောင်ကြဖို့ပါ။ သာသနာတော် စည်ပင်ထွန်းကားရေး အတွက် ကိုယ်စီ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်နဲ့ သာသနာ အကျိုးကို တတ်နိုင်တဲ့ ဘက်ကနေ စွမ်းနိုင်သမျှ ဆောင်ရွက်ပေးနိုင်တဲ့ သူတွေ ဖြစ်အောင် ကြိုးစားကြပါလို့… အချင်းချင်း မေတ္တာရှေ့ရှု၍ သတိပေးပါရစေ…။သာသနာအကျိုး မိမိအကျိုး အတွက် သူတော်ကောင်းတရားများ လက်ခံကျင့်သုံး အားထုတ်နိုင်ကြသဖြင့် သူတော် ကောင်းတို့ ရောက်ရာ ပန်းတိုင်ကို ရောက်ရှိ ခံစား၊ စံစားနိုင်ကြပါစေ…

သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာ တည်စေသော်…
-*-*-*
-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

မြန်မာလူမျိုးနှင့်ဗုဒ္ဓဘာသာကို စော်ကားနေသောဝက်ဆိုက်အားဝိုင်းဝန်းအရေးယူသင့်

http://messengerforbuddhist.blogspot.com/ တွင်မြန်မာလူမျိုး
တို့ကိုသာမက မြန်မာတို့၏ အထွတ်အမြတ် ဗုဒ္ဓဘာသာကိုပါ
အလွန်တရာ ယုတ်မာ ရိုင်းစိုင်းစွာ ဖြင့် ဆဲရေးပုတ်ခတ် ရေးသားနေ သည်မှာ
မည်သည့်နည်းနှင့်မျှ လက်ခံနိုင်ဖွယ်ရာမရှိပါ ။
အင်တာနက် ခေက် ဖြစ်၍ လူတိုင်းတွင် လွတ်လပ်စွာ ရေးသားပိုင်ခွင့် ရှိသော်လဲ
အမျိုး ဘာသာ သာသနာကို တစ်ဖက်သတ် ပုတ်ခတ် စော်ကား ၍မရပါ ။
အဆိုပါဆိုက် သည် Google (Blogger.com) မှချမှတ်ထား သော " Terms &
Conditons " များကို ချိုးဖောက် နေသည်မှာ ထင်ရှားလှပါသည် ။
Blogger.com ၏စည်းကမ်း များအရ ဤ ကဲ့သို့သောဆိုက်များ အားခွင့်မပြုပါ ။
သို့ဖြစ်ပါ၍ ဘာသာဝင် မြန်မာ အမျိုးကောင်းသား ၊ အမျိုးကောင်းသမီး
များအနေဖြင့် အဆိုပါ http://messengerforbuddhist.blogspot.com/ အား
Here ဤနေရာတွင်
တိုင်ကြားခြင်းဖြင့် အမျိုးဘာသာ သာသနာ ကို ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်း
စောင့်ရှောက် နိုင်ကြစေရန် ဤ နေရာမှ အသိပေးနှိုးဆော် လိုက်ရပါသည် ။

( Blogger's policy )
Is hateful material permitted on Blogger?
- Blogger strongly believes in freedom of speech.
While Blogger values and safeguards political and social commentary,
material that promotes hatred toward groups based on
race or ethnic origin, religion, disability, gender, age, veteran
status, or sexual orientation/gender identity is not allowed on
Blogger.

If you believe you've discovered a violation of Blogger's policy on
hate speech, please submit the blog's URL below.
Please submit each blog only once. We will review every submission as
soon as possible and take action as necessary.
address - http://www.google.com/support/blogger/bin/request.py?contact_type=hate_speech&blog_URL=&blog_ID=

တိုင်ကြားရမည့်နေရာ -
http://www.google.com/support/blogger/bin/request.py?contact_type=hate_speech&blog_URL=&blog_ID=
တိုင်ကြားရမည့်လိပ်စာ - http://messengerforbuddhist.blogspot.com/

ခုတလောမှာတော်တော်လေးဂယက်ထနေတဲ့ အဖြစ်ပါ...ကိုယ်တိုင်လည်း သွားကြည့်ဖြစ်ပါတယ်..တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။သူတို့ကို ကော်မန့်ဖို့ကို ဘာပြန်ပြောရမှန်းမသိအောင်ကို အံ့သြမိတယ်..တော်တော် တုန်လှုပ်မိပါတယ်...။ရှေ့မှာ ကိုအောင်ဦး ရေးသွားတာ တော်တော်ကို ကောင်းပါတယ်။ဒါနဲ့ မြန်မာလူမျိုး ကျွန်တော်တို့ ဘာသာဝင်တွေအနေနဲ့ သတိထားပြီး နေကြရတော့မှာပါ။ကိုယ့်ဘာသာ ကိုယ့်သာသနာကို ထိပါးအပုတ်ချပြီးပြောနေတိုင်း တုန့်ပြန်နေရရင် ဒေါသတွေပါလာတော့မှာ မို့ သတိကို လက်ကိုင်ထားပြီး သက်ဝင်ယုံကြည်ဖို့ပဲ ရှိပါတယ်။ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ဘယ်သူ့ကို မှ မဲဆွယ်ဟောတာ စည်းရုံးတာမျိုး မရှိခဲ့ပါဘူး။ကောင်းပါတယ် ကောင်းပါတယ်လို့ အလကားမကြွေးကြော်ခဲ့ပါဘူး။ကိုယ်လုပ်မှ ကိုယ်ရတာပါ... သူတို့ကပြောထားတယ်...ကမ္ဘာပေါ်မှာ လူအကိုးကွယ်အနည်းဆုံး ဘာသာအဖြစ်... လူဦးရေဘယ်လောက်ဆိုတာ ပြပြီး ဘယ်တုန်းကမှ မပြိုင်ခဲ့တဲ့ဘာသာကို သူတို့လာပြောနေကြတာ သူ့တရားသူစီရင်ပါလိမ့်မယ်...။ကျွန်တော်က လူတတ်လုပ်ပြောတာမဟုတ်ပါဘူး။ကိုယ့်ဘာသာ သာသနာကို ကာကွယ်ချင်စိတ်တစ်ခုနဲ့ ပြီးတော့
.dhammaratha.com မှာ ပြောထားတာလေးတွေက တော်တော်ကောင်းလို့ ပြန်ပြီးမျှဝေရင်း တစ်ထောင့်တစ်နေရာကနေ ကျွန်တော်လည်း ပါဝင်နေချင်လို့ ဒီပို့စ်ကို တင်ပါတယ်။

Tuesday, January 19, 2010

ကိုယ့်လိပ်ပြာ မှတ်တမ်း

အာရုံတွေေ၀၀ါးနေတယ်...မြူတွေစိုင်းနေတဲ့
ကမ်းပါးကျောက်စွန်းနားမှာ ခနအမောဖြေရင်း
ရှာပုံတော်လမ်းမှာ စမ်းတ၀ါးဝါးပါပဲ ချစ်သူရယ်...။
လေပြည်လေးတွေ ၀ဲနေပါတယ်...
တကယ့်ကို သဲသဲ လွင့်လွင့်လေးဝဲနေတဲ့
လေ၀ဲဂယက်ထဲမှာ အားယူရင်းအတောင်တွေ ဖြန့်လို့ ရှာနေဆဲပါပဲ ချစ်သူရယ်...။

တောင်စင်တွေ အထပ်ထပ်ခြားသွားပြီလား...
ဝေးကွာခဲ့တာသိပေမယ့် ချစ်သူ့အနားမှာ

ကိုယ်ခနလေး နေချင်သေးတဲ့စိတ်တစ်ခုနဲ့ ရှာနေဆဲပါပဲ ချစ်သူရယ်...။
ချစ်သူရယ်....
ဟိုး....မိုးဝစက်ခုံးမှာ နေလုံးမေးတင် အိပ်စက်တော့မယ်
ရှာပုံတော်လမ်းမှာ နွမ်းလျလို့ အတောင်တွေလည်း ညောင်းနေပြီ...
ဝေေ၀၀ါးဝါး မြူတွေကြားမှာ
ဝိုးဝါး မင်းကိုမြင်လေမလား
ကိုယ် ရှာနေဆဲပါပဲ ချစ်သူရယ်...။ပုံလေးတွေက ကျွန်တော့်အခန်းနံရံမှာကပ်ထားမိတဲ့ ပုံလေးတွေကို သုံးထားတာပါ။ဘာရယ်မဟုတ်ပါဘူး....လိပ်ပြာလေးတွေကို ကြည့်ပြီး လိပ်ပြာရင်ခုန်သံကို ခနသုံးကြည့်ထားတာ။လာလည်တာကို ကျေးဇူးတင်ပါတယ်။
ရနံ့ချို

Saturday, January 16, 2010

သူငယ်ချင်းတွေနဲ့ အတူချက်တဲ့ အခြေကျတဲ့ ထမင်းဝိုင်း

အားလုံးစားဖို့ တည်ခင်းလိုက်ပါတယ်။ထမင်းစားပြီးရင် အချိုတည်းဖို့က ပန်းသစ်တော်နဲ့ လိမ္မော်သီး ပါ ပါတယ်နော်။သုံးဆောင်ကြပါနော်။တကယ်ဗိုက်ဆာနေရင် ဘာနဲ့ဖြစ်ဖြစ်စားလို့ကောင်းပါတယ်....:D
ဒါကတော့ တူနာ ငါးကြော်၊ ကြက်ဥမွှေကြော်။









ဒါက အစု လက်ရာ လက်ဖက်သုတ်... (ချဉ်ငန်လေး) :D

ပြင်ရင် ပြင်ရင်းနဲ့ ဒီလောက်များသွားတာလေ....


တစ်နေကုန် ပျင်းနေတာ ဘာမှကို မလုပ်ချင်လို့ အ၀တ်တွေလျှော်ပြီးတာနဲ့ အိပ်လိုက်၊ ဇာတ်လမ်းကြည့်လိုက် လုပ်နေတာ။သူငယ်ချင်းတွေက ညကျမှ လာလည်ကြတယ်။
သုံးယောက်သား ဈေးထဲသွားပြီး ဆန်သွားဝယ်တယ်။
ဈေးဝယ်ခါနီး အထုတ်သယ်ပေးမယ့်သူက အသင့်လို့ ပြောလို့ စိတ်ဆိုးချင်ယောင်ဆောင် ကြသေးတယ်။
အဟဲ...လက်ဖက်သုတ်တဲ့ နန်းစုက သူ့လက်ဖက်နယ်နေတဲ့ပုံကို ရိုက်ခိုင်းနေသေးတယ်။
ပြင်လိုက် ဖြည့်လိုက်လုပ်နေတာ သူ့သဘောနဲ့သူ ..
နောက်တော့ လက်ဖက်က နဲနဲ.......လေးတော့ ကောင်းသွားတယ်။

ဒါနဲ့ အလုအယက်ချက်ကြပါတယ်.. အထူးစပါယ်ရှယ်ဟင်းလျာတွေကို ....။
အဲ့ဒီမှာ အိမ်ရှင်ကျွန်တော်က ဆရာကြီးလုပ်ခွင့်ရပါတယ်။စားပြီးတော့ လမ်းလျောက်ပြီးအိမ်အောက်က ခုံတန်းလေးတွေမှာ ထိုင်ကြပြီးစကားပြောကြပါတယ်။အညာမှာလိုတော့ လမ, သာဘူးပေါ့လေ...။
လေတွေကတိုက်ပါတယ်။ဒါပေမယ့် မအေးဘူးဗျနော်။


ဒါနဲ့ အခန်းမှာ စတစ်ကာလေးတွေ လိုက်ကပ်ပါတယ်။အဲ့ဒါ ကျွန်တော့ ၀ါသနာတစ်ခုပါပဲ..

ရောက်လေရာ အခန်းမှာ အဲ့ဒီလို လုပ်တတ်ပါတယ်။ပျော်လို့ အဲဒါလေးတွေမြင်ရရင်...ကြည့်ကြည့်နော် ပုံလေးတွေ....
အသက်ကမငယ်တော့လည်း ငယ်လို့ရသမျှ လိုက်ငယ်နေတတ်တယ်။
သည်းခံနော်... ကြိုက်မှာပါ...ကြိုက်တယ်ဟုတ်။
ကျွန်တော်ချစ်တဲ့ လိပ်ပြာတွေနဲ့ ကျွန်တော့အကြိုက်ကာတွန်းဇာတ်ကောင်လေးတွေ နဲ့ အတူ...ကျွန်တော့်အခန်းလေးကို ဒီလိုလေး :D

ရယ်ချင်သေးတယ်

ခက်တယ် ခက်တယ်
အလိုက်ကန်းဆိုးမသိ
နေရာဒေသမရှောင်ဘဲ ရယ်ချင်နေတော့ ခက်တယ်

ရယ်တာက အကြောင်းမဟုတ်ဘူး
ရယ်ပြီးတိုင်း နှလုံးသွေးတွေက နှာခေါင်းသွေးဖြစ်ဖြစ်လာတာက ခက်တယ်
ညဘက်တွေဆို မျက်ရည်တွေကျတဲ့အထိ ငါ ရယ်တယ်
အူလှိုက်သဲလှိုက် ကို ငါ ရယ်တယ်
ရင်ထဲမှာနာလာတိုင်း ငါရယ်တယ်
စကားလုံးတွေကို မကြားချင်ရင် ငါရယ်တယ်
စကားလုံးနဲ့ပြန်မရှင်းနေချင်တော့ရင် ငါရယ်တယ်

ငါ့အနားမှာရှိနေတဲ့ အရာတွေက
ငါ့ကို မရယ်စေချင်ကြဘူး
သူတို့တွေက ငါရယ်လွန်းလို့ ငါ့ကို ခလုတ်တိုက်အောင် လုပ်ကြတယ်
ဘ၀ပါ ခလုတ်တိုက်မိမတတ် ငါ့ကို လုပ်ကြတယ်..
ကြာတော့ ငါက ပို ရယ်လာတာပဲရှိတယ်
ခလုတ်တိုက်လေ ငါက ရယ်လေ...

အဖွားက ငါ့ကိုနှလုံးသား နဲ့ ရန်မဖြစ်အောင်နေတဲ့
မှာခဲ့တယ်...
အဖွားကပြောတယ်
လောကကြီးမှာ ကြွေတဲ့ကြယ်တွေအများကြီးထဲမှာ လူမသိဘဲ ကြွေတဲ့ ကြယ်တွေက ပိုသနားဖို့ကောင်းတယ်တဲ့
ဆရာဝန်က ငါ့ကို ဆေးပေးတယ်
ငါ
က ညတိုင်း ရယ်ပြီးသောက်တယ်
ကြာတော့ လူတွေက ငါ့ကိုပြောတယ်
သူက အရူးဆေး သောက်နေရတာတဲ့
ရယ်ချင်တယ်
ရယ်ချင်တယ်

နှလုံးသွေးတွေ ပေါက်ထွက်သွားအောင်ကို
ငါရယ်ချင်မိသေးတယ်....
အချစ်ဆိုတာ..
အစမပြုခင်က အဆုံးသတ်သင့်တဲ့အရာတဲ့လား
အလွဲတွေချည်းပါပဲ
ပိုင်ဆိုင်ပြီး ဆုံရှုံးရတာမြန်လာတော့
ငါ ဘာကို မှ မပိုင်ချင်တော့ဘူး
ရယ်ပဲရယ်ချင်နေတော့တယ်..

တကယ်ဆို....
ငါ အဲ့ဒီလောက်ရယ်နေဖို့ မကောင်းဘူး။
(ရနံ့ချို)

ထားခဲ့ရက်သူ - POOH



အရမ်းကြိုက်ခဲ့ဖူးတဲ့ သီချင်းလေးပါ...ပြန်နားထောင်ကြည့်ကြပါဦး...

အချစ်နဲ့ပတ်သတ်ရင် လူတွေရဲ့စိတ်ကို တအားကြောက်ခဲ့....
မှားမယ်ဆိုလည်း မှားလောက်ပါတယ်..မျှော်လင့်ချက်တွေ အထမမြောက်ခဲ့

ဒါလည်းမမှတ်ခဲ့..ဆက်ပြီးလက်တွဲချင်နေတာ..ပြန်ပြီးစဉ်းစားကြည့်ရင် ခက်ခဲ
အသက်မြဲချိန်လေးတစ်ချက်ပဲ နေချင်တာပါ မင်းရဲ့လက်ထဲ...
ပြောခဲ့တဲ့စကားတွေ ကြားယောင်မိတိုင်း ရင်ထဲကျပ်ခဲ့...။

Friday, January 15, 2010

ရေနွေးကြမ်းနဲ့ ကျန်းမာရေး

Heart Attacks And Drinking Warm Water
(ရေနွေးကြမ်း နှင့် နှလုံးခုန်ရုတ်တရက် ရပ်တန့်ခြင်း)

This is a very good article. Not only about the warm water after your meal, but about Heart Attacks . The Chinese and Japanese drink hot tea with their meals, not cold water, maybe it is time we adopt their drinking habit while eating.

( ဒီဆောင်းပါးလေး ဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေး နဲ့ ပတ်သက်တဲ့ဆောင်းပါးလေးပါ။)

ထမင်းစားပြီးတိုင်း ရေနွေး သောက်ဖို့  သတိပေးတာ တခုတည်းမဟုတဘဲ နှလုံးခုန် ရုတ်တရက် ရပ်တန့်စေတဲ့  ရောဂါကိုလဲ သတိပေးရာရောက်ပါတယ်။ တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေ ဟာ ထမင်းစားနေစဉ် မှာ ရေနွေး သောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ တော့ သူတို့ဆီက ထမင်းစား စဉ် ရေနွေးသောက်သုံး တဲ့  အလေ့ အထ ကို ပြောင်း လဲ ကျင့်သုံးသင့်ပါတယ်။

> For those who like to drink cold water, this article is applicable to you. It is nice to have a cup of cold drink after a meal. However, the cold water will solidify the oily stuff that you have just consumed. It will slow down the digestion. Once this 'sludge' reacts with the acid, it will break down and be absorbed by the intestine faster than the solid food. It will line the intestine.. Very soon, this will turn into fats and lead to cancer. It is best to drink hot soup or warm water after a meal.
( ခုဆောင်းပါးလေး က တော့ ထမင်းစား ပြီး တော့ ရေခဲရေသောက်သုံးသူတွေ အတွက် တော့ သက်ရောက်မှု ရှိပါတယ်။ (ကျွန်တော် ပေါ့ဗျာ။) တကယ်တော့ ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော် လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ ကနေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့  အစာတွေ ကို ဆီခဲ တွေလို အစိုင်အခဲ အဖြစ်ကို ရောက်စေပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်ဆစ် အဖြစ် တုန့်ပြန်ပြီးတော့ အဲဒါတွေကို ဖြိုခွဲ ပြီးတော့ အူနံရံ တွေ က နေပြီး အခဲအစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာ တွေ ဟာ အူထဲ မှာသွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲဒါ တွေ ဟာ အဆီခဲ အဖြစ် ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါ ကို ဖြစ်စေ ဖို့  ဦးတည်နိုင်ပါတယ်။အကောင်းဆုံး ကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ် ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။

Common Symptoms Of Heart Attack...A serious note about heart attacks - You should know that not every heart attack symptom is going to be the left arm hurting . Be aware of intense pain in the jaw line .
(အရေးကြီးတဲ့  နှလုံးခုန်ရုတ်တရက် ရပ်တာမျိုး - သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက် ရပ်တန့် တဲ့  လက္ခဏာတွေ အားလုံးမှာ ဘယ်ဖက်လက်မောင်းကိုက်ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက် နာကျင်လာခြင်းဟာလဲ သတိထားသင့်ပါတယ်။)

> You may never have the first chest pain during the course of a heart attack.Nausea and intense sweating are also common symptoms. 60% of people who have a heart attack while they are asleep do not wake up.> Pain in the jaw can wake you from a sound sleep. Let's be careful and be aware. The more we know, the better chance we could survive.
(နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာ တော့ သင်ဟာ ဘယ်တော့မှ ပထမ ရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ ဖျားနာခြင်း နဲ့ ချွေးထွက်လွန်ခြင်းတွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့  သူတွေ ဟာ အိပ်ပျော်နေရင်းကနေ ပြီး ပြန်လည် နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု က သင့် ကို နိုးထ အောင်လုပ်နိုင်ပါတယ်။ ကျွန်တော် တို့တစ်တွေ ဂရုပြုပြီး တော့ သတိထားရမှာပါ။ အဲဒါ က ကျွန်တော် တို့  ဆက်လက် အသက်ရှင်ရပ်တည်ဖို့  အခွင့်အရေးကောင်းဖြစ်ပါတယ်။
A cardiologist says if everyone who reads this message sends it to 10 people, you can be sure that we'll save at least one life. Read this & Send to a friend. It could save a life. So, please be a true friend and send this article to all your friends you care about.
( နှလုံးရောဂါအထူးကု တစ်ယောက်က ပြောတာက ဒီစာ ကိုဖတ်မိသူတစ်ယောက် ကနေ ပြီးတော့ နောက်ထပ် ၁၀ ယောက် ကို ဆက်ပေးပို့ မယ်ဆိုယင် သင် နဲ့  ကျွနုပ်တို့  ဟာ အနဲ ဆုံး အသက်တစ်ချောင်း ကို ကယ်ဆယ်နိုင်မယ်ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ကို ဖတ်ပါ။ပြီးတော့ မိတ်ဆွေတစ်ယောက်ဆီ ကို ပို့ ပေးလိုက်ပါ။ ဒီလုပ်လုပ်ခြင်းဟာ အသက်တစ်ချောင်း ကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေကောင်း အဖြစ် နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကို ဒီဆောင်းပါးလေး နဲ့ အတူ ဂရုတစိုက်ရှိဖို့  ပေးပို့ ဖြစ်အောင် ပို့ပေးလိုက်ပါဗျာ။

> (ဆီလျှော် အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။) မူရင်း အဓိပ္ပါယ် နဲ့ အနီးဆုံး ဖြစ်အောင်ပါ။
> မူရင်း ကို ကြိုက်ယင် လဲ ဘာသာပြန်ကို ဖြုတ်ထားပြီး ဆက်လက် ဖြန့်ဝေသွားစေချင်ပါတယ်။
ဘာသာပြန်ဆိုသူ-- Tshwe04

မေးထဲမှာတွေ့လို့ ဝေမျှပေးလိုက်တာပါ။ဗဟုသုတဖြစ်စရာလေးတွေပေါ့။လောကနီတိအဆို အရ ပြောရရင်တော့ အသိပညာ ဗဟုသုတကို ဘယ်သောအခါမှ နည်းတယ် လို့ မအောက်မေ့ပါနဲ့။ တစက်ချင်းကျနေတဲ့ ရေစက်ကလေးဟာ အိုးစရည်းတွေကို ပြည့်စေနိုင်သလို နည်းနည်းချင်းစီ စိတ်မှာ သိုမှီး သိမ်းဆည်းခြင်းဖြင့် အသိပညာ ဗဟုသုတ ပြည့်ဝသူတွေ ဖြစ်လာပါမယ်တဲ့။ ကဲ မိတ်ဆွေအားလုံး ကျန်းမာချမ်းသာကြပါစေဗျာ။
ဆလိုင်းဟံသာစန်း

မေးလ်ထဲရောက်လာတဲ့ ဆောင်းပါးလေးပါ။ ကျန်းမာရေးအတွက် သိသင့်တယ်လို့ ယူဆလို့ မျှဝေလိုက်ပါတယ်။

Thursday, January 14, 2010

﹌ ချော့ကလက်လေးတွေ တန်းစီ﹌






ချော့ကလက်လေးတွေ တန်းစီ........
အရသာအရှိဆုံး ချော့ကလက် ဆိုတာ ဘယ်သူလဲကွ... ကျွန်တော်တို့ပါပဲ...






ကြိုက်လွန်းလို့ အားလုံးစားဖို့တည်ခင်းလိုက်ပါရစေ...နော်။

Khin Pan Hninn

ချစ်သူ...
ယုံကြည်ပါ့မလား။
လူဟာ နိုင်ငံရေးသတ္တ၀ါလည်းမဟုတ်ဘူး။
လူမှုရေးသတ္တ၀ါလည်း မဟုတ်ဘူး။
ချစ်ခြင်းမေတ္တာ သတ္တ၀ါသာ ဖြစ်တယ်ဆိုတာကိုပေါ့...။


ချစ်သူ.....
ဖြစ်သင့်တာ တစ်ခုကိုပြောချင်တယ်....
စမိတာနဲ့ ဆုံးခန်းတိုင်သင့်တဲ့ ကိစ္စဟာ
အချစ်ကိစ္စ ဖြစ်တယ်...။

ချစ်သူ...
ဒီအချက်ဟာ ဘယ်လိုမှ မကွာခြားဘူး မဟုတ်လား။
ဒီအချစ်ကို စချစ်ခြင်း


Tuesday, January 12, 2010

အနေနီးပြီး စိတ်ချင်းလည်းပဲနီးချင်တယ်..

ဘ၀ ဘ၀တွေက ခက်ထန်လာလိမ့်မယ်...အချိုးအကွေ့တွေကလည်း များသထက်များလာတယ်... အသက်တွေတစ်နေ့ထက်တစ်နေ့ ကြီးလာတယ်...မျက်နှာထားတွေတစ်နေ့ထက်တစ်နေ့ မာကျောလာဦးမယ်...။ အခက်အခဲတွေကလည်း တစ်ပုံကြီးကိုးကွယ်....တိုင်ပင်စရာမင်းအနားရှိနေလို့သာတော်တော့တယ်...။ နောင်ဆယ်စုနှစ်လေးခုကြာတဲ့အခါ....ကိုယ်တို့ နှစ်ယောက်ရဲ့ အခါ...အခါတွေပေါင်းများစွာတွေကြုံလာတဲ့အခါမှာ... မင်း မျက်နှာထား ၊ စကားသံတွေက မာလာမလား။ မင်းအတွေးတွေ ကိုယ့်နဲ့ဝေးသွားနိုင်မလား။ အနီးဆုံးမှာနေပြီး စိတ်တွေဝေးမနေချင်ဘူး။ချစ်သူရယ်....
ကိုယ့်လက်တွေ ဘာကိုမှ မမြဲတော့တဲ့အခါ..ကိုယ့်ကို မင်းက ဖေးမပါ။ကိုယ့်စိတ်တွေ ဘာမှအဖြစ်မရှိတဲ့ အဖြစ်အတွက် စိတ်တိုနေတဲ့ အခါ...ကိုယ့်နားမှာနေပေးပြီး ဖျောင်းဖြပေးပါနော်။
စိတ်ချင်းနီးသူတွေကစကားအကျယ်ကြီး ပြောဖို့မလိုဘူးတဲ့။
ကိုယ်တို့နားတွေလေးတဲ့ အခါစိတ်မရှည်ဖြစ်ပြီးစကားကို အော်မပြောနဲ့နော်။
ကိုယ့်မျက်လုံးကိုသာ မင်းကြည့်ပါ ကိုယ်တို့စိတ်တွေနီးနေရင် ရင်ခုန်သံလည်း ထပ်တူဖြစ်နေလိမ့်မယ်...တိုးတိုးပြောလည်း ကိုယ်ကြားနိုင်လိမ့်မယ်။


ကိုယ်တို့ နားမှာဘယ်သူမှ မရှိတော့တဲ့တစ်နေ့ မင်းအနားမှာရှိနေပေးပါနော်။တစ်ခုခုနဲ့ အဆင်မပြေလို့ ၀မ်းနည်းနေချိန်၊ အခန့်မသင့်လို့ စိတ်တိုနေမိရင် ကိုယ့်ထက် သည်းခံနားလည်တတ်တဲ့မင်းက အခုလိုပဲ ကိုယ့်ကို ထွေးပွေ့ထားပေးပါ..ကိုယ့် စိတ်တွေ နွေးထွေးလုံခြုံသွားလိမ့်မယ်..။ကိုယ့်စကားတွေမပီလည်း ကြိုးစားပြီးတော့ နားထောင်ပေးပါနော်။ကိုယ်က တိုးတိုးလေးပဲပြောချင်တာ။
အကျီစားသန်တဲ့ကိုယ်က မင်းကိုနောက်တဲ့အခါ ခုအတိုင်းပဲ နားလည်ပေးပါနော်။ကိုယ်သိပ်ချစ်မှန်းလည်း သတိရနေပေးပါ..။မင်းအနားမှာ ကိုယ်အမြဲရှိနေပါ့မယ်။
နားတွေလေးနေပေမယ့် စိတ်ချင်းနီးသူတွေအဖြစ် စကားတိုးတိုးဆိုကြမယ်...
ကြင်နာတတ်သူတွေအဖြစ် တစ်ယောက်ကို တစ်ယောက်လည်း ဖေးမမယ်....
အရိုးအဆစ်တွေ နာ နေပေမယ့် လမ်းတွေကို လည်း အတူလျှောက်မယ်...
ဘ၀လမ်းတွေ ကြမ်းပေမယ့် အားပေးအပြုံးနဲ့ ရှေ့ဆက်မယ်...
ကိုယ့်စိတ်ကူးထဲကအိမ်ရှေ့မှာ လသာပင်နဲ့ စကားပင်တန်းတွေ ရှိနေမယ်။အဲ့ဒီအပင်လေးတွေ အောက်မှာ ကွပ်ပျစ်လေးတွေရှိနေတယ်။ကွပ်ပျစ်ပေါ်မှာ အတူထိုင်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ဆိုကြမယ်..လေညင်းခံရင်း ကြယ်တွေကိုလေ ငေးကြမယ်။

ဘ၀လမ်းတွေ ကြမ်းပါစေ..ကိုယ်တို့တွဲလက်တွေ မြဲကြမယ်..
အသက်တွေ ကြီးတဲ့အထိ အားပေးပြုံးနဲ့ ရှေ့ဆက်မယ်..
သေချာတာက
တစ်သက်လုံးအတွက် အမြဲတမ်းပဲ မခွဲတမ်းရည်ရွယ်...မင်းအနားပဲ နေချင်တော့တယ်....။


(ပုံလေးတွေက google မှ ရပါတယ်... အိမ်ပုံလေးက ကျွန်တော်ကစားထားတဲ့ farmville ထဲက အိမ်လေးပါ..အိမ်ရှေ့မှာ လမ်းအမြဲလျှောက်တတ်တဲ့..ကြင်ကြင်နာနာနဲ့ အပြန်အလှန် ဖေးမတတ်တဲ့
အဖိုးအဖွားစုံတွဲလေးအတွက်...။)

ရနံ့ချို