
အရာတွေကို
အသေအချာ သိသလိုနဲ့
စမ်းတ၀ါးဝါး လျှောက်ခဲ့တဲ့ ဒီလမ်းတွေ
ဟောင်းနေပေမယ့်..
ဘာမှမပြောင်းလဲခဲ့။
ဝေေ၀၀ါးဝါးနဲ့
ကယောင်ကတမ်း
ခေါင်းကိုခါရမ်းရင်း
ဆက်လျောက်ခဲ့တော့
အလေးလိုက်ရင်း ဈေးသာကွဲသွားတယ်
လမ်းဟောင်းလေးက ဒီအတိုင်း
ဘာမှမပြောင်းလဲခဲ့။
ပိုင်ဆိုင်ခြင်းတရား အနည်းငယ်အတွက်
ပေးဆပ်လိုက်ရတာ မချိမဆန့်
ရင်ထဲက အရာတွေအတွက်
ရင်ဘတ်နဲ့ပဲ ပြန်ပေးဆပ်ရတာ
ထိုက်တန်တယ် ဖြေသိမ့်ချင်ပေမယ့်
သက်ပြင်းတွေသာ ပိုတင်းလာတယ်
လမ်းလေးကတော့
ဒီအတိုင်း မပြောင်းလဲသေး။
ဒီတခါ... ယောင်နနနဲ့
ခေါင်းခါရမ်းလိုက်တာ
ရင်ဘတ်ထဲက အရာတစ်ခုပါ
လွင့်ထွက်သွားတယ် ထင်ပါရဲ့
ခုဆို...
လမ်းလျောက်တာတောင်
နာနေတဲ့ ရင်မရှိတော့
ပထ၀ီလွတ်ချင်နေတယ်
တကယ်တော့ ဒီလောက ကြီးကလည်း
ဟာသပါပဲ..
ထင်ယောင်ထင်မှားနဲ့
စမ်းတ၀ါးဝါး လျောက်နေရင်း
ခလုတ်တွေတိုက်ကြ
ဖားပြုတ်တွေ ရိုက်ကြနဲ့
တခါတခါ..
သူ့ထက်ငါ အလုအယက်
အားလုံးလည်း _
ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကြတတ်သေးတယ်။
(မိုးရွာတဲ့နေ့လေးမှာ ရေးမိရေးရာ ရေးလိုက်တယ်။
လူကြီးမင်းလည်း ရင်ဘတ်နဲ့ မဖတ်ပါရန် :P )
ချစ်တဲ့..
✎❑уaйaит cно❒ ヅ
No comments:
Post a Comment