"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Monday, August 15, 2011

လေလွင့်အိပ်မက် အပိုင်းအစ


လူယဉ်ကျေးတချို့ ရဲ့
လက်စွဲတော် အပြုံးတွေနဲ့ စကားချိုချိုများ...
သူလိုငါလို ရှင်သန်နေတဲ့
အပြုံးတုတွေနဲ့ မနက်တိုင်း
အသက်ငင်နေခဲ့။

ပျောက်ရှနေတဲ့ ပျော်ရွှင်ခြင်း
မျှော်လင့်ချက်မဲ့ နေတဲ့ မနက်ဖြန်တိုင်းကို
တစ်ထောင့်ငါးရာ မေတ္တာတရားနဲ့
ပြုပြင်ကာ အသက်ဆက်ချင်သူကိုမှ
ကံတရားက
ရက်စက်မှုနဲ့ လှည့်ကွက်တွေ
အလှည့်ကျ ထုတ်သုံးခဲ့တယ်။

တစ်သက်လုံး လူရာမ၀င်ခဲ့သမျှ
ချစ်သူ အတွက် အရောင် မွဲမွဲ ကြယ်လေးတစ်စင်း
ဖြစ်လေမလား လို့တော့ မျှော်လင့်ခဲ့သား
တကယ်ဆိုတော့...
လမ်းဘေးက ဒေါ်ဘုမ
လမ်းမပေါ် လမ်းသလားနေတဲ့ အဖြစ်ကတောင်
ကျွန်တော့်ထက် ပိုခမ်းနားဦးမယ် ထင်ရဲ့။

တစ်ဖက်သတ် အမြင်
တယူသန်အတွေးတွေနဲ့
ကျွန်တော့နားက ဝေးဝေးကို
သူထွက်သွားနေကြ..
ရင်တစ်ခုလုံး စုတ်ပြတ်သတ်
အာခေါင်တွေကွဲအက်မတတ်
ဟစ်အော် မေးကြည့်ချင်တယ်
နယူတန်ရဲ့ နိယာမ မှားများနေသလားလို့။

ဘ၀ခါးလာလိုက်
မျောလောပေါ်လာလိုက်
မကြာခင် မတည်မြဲမှုနဲ့
ပျောက်ကွယ်ခါနီးတဲ့ အရာများ
ဥပေက္ခာ တရားကတော့
စည်းချက်ကို မှန်လို့။

နေ့ညမှားအောင် လွမ်းမိတာ
ဘယ်သူတွေ မယုံကာအပြစ်ဆိုမလဲ
သေချာရေရာတာတွေ ပုန်းရှောင်နေခဲ့
ခွဲခွာခြင်း တွေ ကြာတော့ရိုးလာမယ်တဲ့
ကျွန်တော့်အတွက်တော့
ဒါတွေက အမြဲတမ်း ခါးတယ်
ဒီလိုနဲ့...
ငေးလိုက် တွေးလိုက်
ရေလိုက် ငါးလိုက်
ငါးအကြိုက် ရေလိုက်
ရေအလိုက် ငါးမကြိုက်
ဇောက်ထိုးကောင်လိုပဲ
ကျွန်တော် တကယ် ရူးချင်တယ်။

ချစ်တဲ့
ရနံ့ချို

No comments:

Post a Comment