"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Saturday, March 5, 2011

မွေးနေ့ မှတ်တမ်း

အိမ်ကလူတွေနဲ့ကျင်းပတဲ့ ကိတ်လေး (:
သူငယ်ချင်းလေးနှစ်ယောက်ရဲ့လက်ရာကိတ်မုန့်လေး...(ကျေးဇူးပါ)

ဒီနေ့ ကျွန်တော့်မွေးနေ့ မြန်မာနေ့စွဲထဲကလေ..။ တကယ်တော့ ကျွန်တော့်အလိုသာဆို မြန်မာလို မွေးနေ့ရက်ကို သိပ်အမှတ်မထားတတ်ပါ။ မှတ်ရလွယ်အောင် တစ်ခုတည်းပဲ မှတ်ပါတယ်။ ဘာလို့ဆို ကျွန်တော်က မှတ်သားဥာဏ် အင်မတန်နည်းပါတယ်။ အဲ မှတ်ရတာတွေများတာကို သတိထားမိရင်လည်း အစိုးရိမ်လွန်ပြီး မေ့ကုန်တတ်ပါတယ်။ ဆိုတော့ ကျွန်တော် တော်ရုံတန်ရုံလောက်ကိစ္စတွေဆို အမှတ်မထားတတ်တော့ပါ..။ မနေ့ညနေက အိမ်နဲ့ဖုန်းဆက်တော့မှ မွေးသဖခင်မှ မွေးနေ့ဖြစ်ကြောင်း၊ မွေးနေ့ အတွက် အိမ်မှာဘုန်းကြီးဆွမ်းကပ်မှာဖြစ်ကြောင်း၊ သာဓုခေါ်ရန် သတိပေးတော့မှ..။ ဒီနေ့မနက် အစောထတယ်..ဘုရားကို မျက်နှာသစ်တော်ရေကပ်ပြီး မုန့်ဟင်းခါးဆွမ်းနဲ့ ကော်ဖီနဲ့ ကပ်ပါတယ်..။ ပြီး ဘုရားစာတွေတိုးတိုးရွတ်ပြီး ဘုရားခန်းထဲမှာ မနက် လေနုအေးလေးနဲ့ စိတ်ထဲမှာ အတော် ငြိမ်းချမ်းသွားမိပါတယ်။ အားလုံးကိုလည်း ကုသိုလ်ကို အမျှဝေပါတယ်..သာဓု ခေါ်နိုင်ပါတယ်နော်..။ နေ့ခင်းမှ ဘုန်းကြီးကျောင်းကို ဖေဖေရွေးပေးပြီး မေမေ ချုပ်ပေးလိုက်တဲ့ မြန်မာဝတ်စုံလေးနဲ့ တတ်နိုင်သလောက်အလှူသွားလုပ်ပါမယ်..။ ခု.. အစောကြီးရှိသေးလို့ ပြန်အိပ်လိုက်ပါဦးမယ်.. ပျော်ရွှင်ဖွယ် ရာ မွေးနေ့လေးဖြစ်ပါစေ လို့ ကိုယ့်ကိုကိုယ် ဆုတောင်းပေးလိုက်မိပါတယ်...။အားလုံးလည်း ပျော်ရွှင် ချမ်းမြေ့ကြပါစေ...။ ကျွန်တော့်ရဲ့ ဘလော့ကိုလာလည်သော (လမ်းမှားလို့ပဲဖြစ်ဖြစ်၊ အတင်းကို လင့်တွေချပေးလို့ ဘာမှန်းမသိဘဲ ရောက်လာလို့ပဲဖြစ်ဖြစ် ဒီစာမျက်နှာလေး..၊ ကျွန်တော့်ရဲ့ သံယော်ဇဉ် ရပ်ဝန်းလေးကို လည်လည်ရောက်လာသူ မိတ်ဆွေတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်..။)

ဒီနှစ်မှာ မှတ်မှတ်ရရ မွေးနေ့ကိတ် ၃ခုတောင် လှီးခဲ့ရပါတယ်..။ မွေးနေ့ကိတ်ကို ကိုယ်တိုင် ဒီဇိုင်းဖော်ပြီး အချိန်ပေးပြီး အမှတ်တရလက်ဆောင်ပေးတဲ့ သူငယ်ချင်းလူပျိုကြီးနှစ်ယောက်ကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မြန်စွံပါစေ..။ စိတ်ကောက်နေသောချစ်သူလေးများနဲ့လည်း မြန်မြန်လက်တွဲနိုင်ကြပါစေနော်..။ မွေးနေ့ပွဲ ၃ခုကို ပျော်ရွှင်အောင် ဖန်တီးပေးသော
မွေးသမိခင် မွေးသဖခင်၊ ချစ်သူငယ်ချင်းများ ၊ အစ်ကို၊ အစ်မများအားလုံးတို့ကိုလည်း ကျေးဇူးတင်ပါတယ်..။

ချစ်သောသူ....

ကျေးဇူးအထူးတင်ပါတယ်..။

ချစ်သော
ရနံ့ချို

No comments:

Post a Comment