"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Monday, March 14, 2011

ကလေးလေးအတွက် နှုတ်ခွန်းဆက်


ဆံပင်မဲမဲထူထူလေးတွေ ၊ မျက်ခုံးကောင်းကောင်းလေးနဲ့ ကလေးလေး (ချစ်ဖို့ကောင်းလိုက်တာ) သူက အိပ်နေရင်းကနေ ပြုံးသေးတယ်..(လူကြီးတွေပြောသလိုဆို နတ်မြှူတာနေမှာ)
ဒီနေ့ လူသေးသေးလေးကို သွားရောက်နှူတ်ဆက်တဲ့နေ့။ သူ့ဓာတ်ပုံလေးကို မြင်ထားပေမယ့် ဒီနေ့မှ သွားဖြစ်တော့တယ်..။ အိပ်နေတဲ့ ကလေးလေးကို ကြည့်ပြီး ချစ်လိုက်တာ..။ စိတ်ထဲမှာလည်း ကြည်နူးမိတယ်..။ သူ့ကို မွေးထားတဲ့ သူ့မိခင်ဆို ပိုပြီး နက်ရှိုင်းမယ်ဆိုတာ သေချာတယ်..။ ကလေးလေးတွေမြင်ဖူးပေမယ့် ခုလို လောကထဲကို ရောက်တာ ရက်ပိုင်းပဲ ရှိသေးတဲ့ သူကလေးကိုတော့ ကျွန်တော့အနေနဲ့ ဒါပထမဆုံးပဲမို့ ပိုချစ်မိသွားတယ်..။ သူ့လက်သေးသေးလေးကို မကိုင်ဝံ့ ကိုင်ဝံ့နဲ့ သူ့မိခင်ကို ခွင့်တောင်းပြီး ကိုင်ကြည့်မိတယ်..။ ကျွန်တော့်လက်ကို သေချာ သန့်စင်ဆေးရည်နဲ့ အရင်လူးပြီးမှ ကိုင်ကြည့်တာပါ...။

ကျွန်တော်နဲ့ လူသားအသစ်စက်စက်လေး မိတ်ဆက်ထားတာ။
သူ့လက်ကလေးက နည်းနည်းအေးနေတော့ ကျွန်တော်ကိုယ်တိုင် လက်အိတ်လေး ၀တ်ပေးခွင့်ရခဲ့တယ်..။ မင်္ဂလာပါ ကလေးလေးရေ...။ သူက သူ့အမေ့ ဗိုက်ထဲမှာ နေခဲ့တာ ကြာလို့လားမသိဘူး။ အလင်းရောင်ရှိရင် မျက်လုံးကို လုံးဝမဖွင့်ဘူး။ အိပ်နေသလို ငြိမ်နေတာပဲ။ ငိုလည်း မငိုဘူး။ ကျွန်တော် အခန်းမီးပိတ်ပြီး စမ်းကြည့်တယ်။ သိပ်ပျော်ဖို့ကောင်းတာပဲ ။ ဖြည်းဖြည်းချင်းလေး ဖွင့်လာတဲ့ သူ့မျက်လုံးကို စောင့်ကြည့်ရတာ သိပ်ပျော်ဖို့ကောင်းတာပဲ။ ပျော်လွန်းလို့ ခေါင်းတွေတောင် ကိုက်လာတယ်..။ အိပ်နေပုံလေးကိုလည်း ကြည့်ပါဦး။ လိမ်မာတဲ့ ကလေးလေး..။
ကလေးလေး .. အသက်ရှည် အနာကင်း အချင်းရှိ အဆင်းလှတဲ့ သမီးရတနာလေးဖြစ်ပါစေ..။

ချစ်တဲ့
အန်တီ :P

(ကိုဦးနဲ့ မထက်တို့ရဲ့ သမီးဦးလေး အတွက် အမှတ်တရ ဒီပို့စ်လေးကို တင်ပါတယ်...။)

No comments:

Post a Comment