"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Sunday, July 10, 2011

အခန်းထဲမှာ...

Best Friendsပြတင်းပေါက်ကျယ်တွေရှိပေမယ့် ဖွင့်ခွင့်မရှိတဲ့ ဒီအခန်းလေးထဲ ကျွန်တော် တိတ်ဆိတ်စွာ နေထိုင်နေမိတယ်...။ မနက်အစောပိုင်း နှိုးစက်ထက် စောစီးစွာ နိုးလေ့ရှိပြီး တရေးမှမအိပ်လိုက်ရသလို ကျွန်တော် နုံအနေလေ့ရှိတယ်။ ကော်ဖီ ၂ခွက်စာနှပ်ခဲ့ပြီး ရေအမြန်ချိုးတယ်။ ကော်ဖီခွက်ကိုယူပြီး အခန်းလေးထဲကို ၀င်ခဲ့တယ်။ ပြီး တစ်နေ့တာ လည်ပတ်နေကျအတိုင်း လူအတုအများစုနဲ့ ကျွန်တော်စစ်ခင်းဖို့ အခန်းတံခါးကို ပိတ်ခဲ့တယ်။ အေးမြမှုမရှိတဲ့ လေထုထဲကိုထွက်လိုက်တာနဲ့ စိတ်က သက်ဝင်မှုတို့ ကင်းနေခဲ့တယ်။ တကယ်ဆို.... ဒီဘ၀ ကိုယ်တိုင်လျှောက်ခဲ့တာပဲလေ။ တနေ့တာ လည်ပတ်မှုတွေအပြီး မှောင်နေတဲ့ အခန်းလေးထဲကို ၀င်လာခဲ့တယ်။ မီးမဖွင့်ချင်ဘူး။ အိတ်ကိုအသာချပြီး ကုတင်ပေါ်အသာလှဲမိရင်း ဖြတ်သန်းခဲ့တဲ့ အတိတ်ကို ပြန်အသက်သွင်းတယ်။ ကျင်လည်ဖြတ်သန်းခဲ့သော နှစ်များစွာထဲကနေ ရရှိလိုက်တာတွေ၊ ဆုံးရှုံးလိုက်တာတွေ ပြန်လည်ဆယ်ယူကြည့်မိတယ်။ လွမ်းတယ်။ လွမ်းတယ်။ သက်ပြင်းကို အထပ်ထပ်ချရင်း အ၀တ်လဲ၊ မီးဖွင့်ပြီး ကွန်ပြူတာကို အသာဖွင့် ဘယ်သူများရှိမလဲ အွန်လိုင်းမှာ လိုက်ရှာမိတယ်။ စကားပြောဖို့ သူငယ်ချင်းတချို့ ရှိရင် ခနပြောတယ်။ ရယ်စရာတွေ ရှာကြံပြီး ပြောချင်ပေမယ့် သူတို့ဆီက ကြားနေရတဲ့အများစုက အသည်းကွဲခြင်းတွေချည်းပါပဲ။ သူငယ်ချင်းတချို့နဲ့ အပြင်ထွက်ချင်ပေမယ့် ဘ၀တူသူတွေမို့ သိပ်မပျော်ဖြစ်ခဲ့ပါ။ ညတွေ မိုးလင်းခါနီးမှ အိပ်ပျော်ဖြစ်တယ်။ ဓာတ်ပုံတွေကို ထိုင်ကြည့်မိရင်း အလွမ်းတွေချည်း ဆယ်ယူမိနေတတ်တော့ ခန ခန နာမကျန်းဖြစ်တယ်။ ဘာပဲဖြစ်ဖြစ်ပါ...လူတွေကို ပျော်စေချင်ပါတယ်။ နောက်ဆုံးကျတော့လည်း ဒီဖွင့်လို့မရတဲ့ ပြတင်းပေါက်များရှိပေမယ့် မှောင်နေတဲ့ အခန်းထဲ့မှာ ကျွန်တော် တွင်အောင်းကာ ကျဆုံးနေမိတယ်။ လူမသိ သူမသိပေါ့။ :)

No comments:

Post a Comment