"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Saturday, July 30, 2011

သို့/ ချစ်သူ...


ခံနိုင်ရည်စွမ်းတွေ မျက်ရည်အဖြစ် အငွေ့ပျံ
မာန သိက္ခာဆိုတာတွေက

သခင့်ခြေရင်း အခစားခံနေမိ

ချစ်မိတာ အပြစ်ရှိလား။


မှုန်မှိုင်းနေတဲ့ အတိတ်
၊
ပျောက်ဆုံးနေတဲ့အနာဂတ်တစ်ခု

ဘာဆိုဘာမှ မသိတော့အောင်

သက်ဝင်မှုတို့ မဲ့နေတဲ့

သခင့် မျက်နှာပေါ်က အပြုံးဖျော့ဖျော့ကို
တမ်းတနေမိတာရော အပြစ်ရှိလား။

အနားကနေ ဝေးဝေးကို
ရောက်နေတဲ့ အဖြစ်တွေနဲ့

သတိရမယ့်နေ့စွဲကို တမ်းတရင်း

သခင့် ဥပေက္ခာတရားတွေကို

တကယ်ဆို ခါးမှန်းလည်း သိပါတယ်။


ချိုမြိန်မှုတွေကိုပဲ ကြိုက်တဲ့

လိပ်ပြာတစ်ကောင် မဖြစ်ခဲ့တော့

သကာမပါတဲ့ စိမ်းသက်တဲ့ စကားတွေကြား

သခင် ရည်ညွှန်းသလို

အလိုက်သင့် ခွဲခွာဖို့ဆိုတာကလည်း
မဖြစ်နိုင်သေး။

ဒဏ်ရာ အတိမ်အနက်

ခံစားချက် အမြင်

အရာအားလုံးတစ်ထပ်တည်း

မဖြစ်တတ်တဲ့ ဒီလောကဓံ အကြောင်း

တစေ့တစောင်းတော့ သိထားပေမယ့််
ထပ်တူမကျတဲ့ ခံစားချက်အမြင်နဲ့

သခင့် စကားလုံးတွေအောက်မှာ

အခါခါ လမ်းပျောက်ခဲ့ဖူးတယ်။


ဆုံးရှုံးပါတယ် ဆိုမှ

အောင်စည်အောင်မောင်း တီးချင်သူ

သခင့်ကို ရွှေနားတော်သွင်းဖို့လည်း

အားက ခပ်ယဲ့ယဲ့မို့

စကားလုံးတို့ ပျောက်ဆုံး

ခံစားချက်တွေသိုဝှက်

ငါ တိတ်တိတ်လေး ကြေကွဲနေတတ်ပြီ...။

ချစ်တဲ့

ရနံ့ချို

No comments:

Post a Comment