(၁) ဆီပူလောင်သက်သာစေတဲ့ နည်းလေးပါ
တနေ့ မီးဖိုထဲမှာ ချက်ရင်းပြုတ်ရင်းနဲ့ အတူနေသူငယ်ချင်းလေးလက်ကို ဆီပူစင်ပါတယ်။ နည်းနည်းများတော့ သူ့ရဲ့လက်က ချက်ချင်းကို ရဲတက်လာပါတယ်။ ဒါနဲ့ ကျွန်တော်လည်း အဖွားသင်ပေးထားတဲ့အတိုင်း ဂျုံမှုန့်ထဲကို သူ့လက်ကို နစ်ထားပေးလိုက်ပါတယ်။ ၅မိနစ်လောက်နေတော့ သူ့လက်မှာ ဘာအရာမှမထင်ဘဲ သက်သာသွားပါတယ်။ တကယ်လို့ ဂျုံမှုန့်မရှိလည်း ဆန်မှုန့်ထဲကိုဖြစ်ဖြစ် ခနလက်ကို နစ်ထားပေးရင် အပူလောင်တာ၊ ဆီပူစင်တာ၊ ငရုတ်သီးပူတာတွေကို သက်သာစေပါတယ်။်
အဆင်ပြေနိုင်ရင်တော့ မင်းရဲ့ရေခဲသေတ္တာထဲမှာ အဲ့လို ဆန် (သို့) ဂျုံမှုန့် ကို အထုပ်လေးနဲ့ သတ်သတ်သေချာပြင်ထားပြီး ရေခဲသေတ္တာထဲ ရေမစိုအောင်တော့ သေချာသိမ်းထားလိုက်နော်။ ဖြစ်ပြီဆိုတာနဲ့ အထုပ်လေးကိုအသာဖြည် လက်ကိုသာခနထည့်ထားပေတော့ သူငယ်ချင်းရေ။ မင်းလက်မှာ ဘာဆီပူကွက်မှ မဖြစ်စေရဘူး သိလား။
(၂) ငံပြာရည်နဲ့ အညှီနံ့ ပျောက်သောနည်း
တကယ်လို့ ဟင်းချက်ပြီးရင်ဖြစ်ဖြစ် အညှီနံ့နံနေရင် စိတ်ညစ်မနေနဲ့နော်။ သူငယ်ချင်းဆီမှာ သကြား ရှိရင် နဲနဲယူပွတ်လိုက် သေချာစိမ့်နေအောင် လက်ကိုသေချာပွတ်ပေး။ ပြီးရင် ရေအေးနဲ့ ဆေးပေးလိုက်ပေါ့ အနံ့ပျောက်သွားပါလိမ့်မယ်။
နောက်တစ်နည်းကတော့ သံပုရာသီး ညှစ်ပြီးသားလတ်လတ်ဆတ်ဆတ် အခွံရှိလည်းဖြစ်ပါတယ်။ ယူပြီးတော့သာ လက်ကိုပွတ်ပေးနေလိုက် ခနနေရင် ရေအေးနဲ့ဆေးလိုက်လေ။ အနံ့ပျောက်စေတဲ့အပြင် လက်ကလေးတွေ သန့်ရှင်းချောမွေ့စေတယ်။ လက်သည်းကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေနိုင်ပါတယ်။
(၃) ဟင်းအိုးတူးသွားလို့ စိတ်ညစ်နေလား။ တူးနံ့ပျောက်စေချင်တယ်ဆိုရင်....:)
မညစ်နဲ့နော်။ အရမ်းကျွမ်းမသွားဘူး ။ ကပ်ရုံလေးထက် နည်းနည်းကျော်ရုံအဆင့်ဆိုရင် ဒီနည်းလေးနဲ့စမ်းကြည့်လေ။ ဟင်းအနှစ်ရအောင် ဆီပြန်သပ်လိုက်။ ပြီးရင် အိုးအသစ်လဲလည်းဖြစ်တယ်။ အိုးအဟောင်းထဲမှာပဲ ပြန်တည်ချင်လည်းဖြစ်တယ်။ မီးဖိုထဲက ရဲနေတဲ့ မီးသွေးခဲအနေတော်တစ်ခဲကို ရေလောင်းဆေးလိုက် ပြီး အိုးထဲသာ အသာထည့်ပြီး အတူ ခနတည်ထားပေး။ တူးနံ့တွေကို သူလေးက အသာလေး စုပ်ယူသွားလိမ့်မယ်နော်။ ဟေး...သူငယ်ချင်းရေ အဲ့ဒီမီးသွေးခဲလေးကိုပြန်ဆယ်ဖို့တော့ မမေ့စေနဲ့နော်။ တော်ကြာ အိုးတူးတာထက် စားတဲ့ထဲ မီးသွေးခဲ ၀ါးမိမှ အမှုက ပိုကြီးနေမယ်။ :))
ကဲ ... အခုတော့ ဒီလောက်ပဲနော်။ နောင်ကိုလည်း စိတ်ကူးထဲပေါ်လာတာတွေကို ပြောပြမယ်။ ဟုတ်လား။ အားလုံးရွှင်လန်း ချမ်းမြေ့ ကြပါစေ။
ချစ်တဲ့
ရနံ့ချို
No comments:
Post a Comment