"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Saturday, June 25, 2011

ကိုယ့်ရဲ့ စကြာင်္ဝဋာ

ကိုယ်လိုချင်တဲ့ အချစ်က
ဖွဲမီးလို တစ်ငွေ့ငွေ့နဲ့
အပူချိန်မြင့်တက်ပြီး
တစ်ရိပ်ရိပ်တက်လာတတ်တဲ့ အချစ်မျိုး။

ရေတက်ငါးဇင်ရိုင်းလို
ရေကျသွားတဲ့အခါ ပြန်ပါသွားတဲ့ အချစ်မျိုး
မဟုတ်ခဲ့ဘူး။

တွေ့ခွင့်ရမှ မင်းမျက်နှာ လ၀န်း
သီချင်း ကိုယ်က တီးတိုးရွတ်ဆိုပြီး
ကျောခိုင်းနေလည်း ရင်ခုန်နေပါတယ်
ချစ်သူရယ်..။

တကယ်တော့..
မင်းဟာ ကိုယ့်ရဲ့ ဘယ်တော့မှ
ထွက်ခွာသွားလို့မဖြစ်နိုင်တဲ့
စကြာင်္ဝဋာ တစ်ခုပေါ့။

ချစ်တဲ့
ရနံ့ချို

2 comments:

  1. ဒါက နေမင်းကားထဲက စာသားတွေကြီးပဲ..သိသာတယ်..

    ReplyDelete
  2. ဟုတ်ပါတယ် ခံစားချက်ချင်းတူနေလို့ ထပ်မွှန်းထားတာပဲကို။ လာလည်တာကျေးဇူးနော်။ ;)

    ReplyDelete