"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Thursday, June 30, 2011

ကာလာစုံ စာမျက်နှာတစ်ခုအတွက်

Skull Balloons
ဒီည မြည်သံစွဲလင်္ကာတွေနဲ့
မိုးလင်းမဲ့ ည..။
နေ့တွေတိုင်း
ဒီစာမျက်နှာ တစ်ခုမှာ
ယောင်လည်လည်နဲ့
ထရံခွာလို့ သံစူးလိုက်၊
ခွေးဟောင်လို့ ပြန်ပြေးလာလိုက်၊
စဉ်းစားကြည့်တော့ ကျွန်တော်က ဟာသပဲဗျ။

ညစဉ်တိုင်းလည်း
ဒီနံရံပေါ်ကထင်တဲ့
ခံစားချက်တွေကို ထပ်တူကျကြည့်ဖို့ ကြိုးစားရင်းနဲ့
ဒီညလည်း လေ, ပြန်တယ်ကွယ်..။

တကယ်ဆို ...
သံယောဇဉ်ဆိုတဲ့ ကြိုးက
အချိန်တစ်ခုအတွင်းမှာ
ဒီလောက်တောင် သွေ့ခြောက်လွယ်သတဲ့လား။

ပြောင်းလဲနေတဲ့ စာမျက်နှာတွေကို
ရင်ဘတ်နဲ့ ဖတ်နေသူမှာတော့
အယောင်ယောင်အမှားမှား
အားလုံးနဲ့ လွဲနေတယ်..
ကျွန်တော်ဆိုတဲ့ ဒီမသာလည်း... ဒီစိတ်နဲ့ သေမှာပါပဲ။

မဖတ်တော့ဘူး ဆိုပြီး
မျက်လုံးကို ကွယ်ထားတဲ့
လက်ချောင်းတွေထဲက အသာချောင်းကြည့်မိတယ်
ကွယ်....ဘယ်လိုအရာတွေနဲ့များ
ဆွဲငင်ထားနိုင်ခဲ့တာလဲ။
ရေနွေးတစ်ဖက် ရေအေးတစ်ဖက်နဲ့
စာမျက်နှာတစ်ခုမှာ အခါခါ အံ့သြမိရင်း
ချောင်းကြည့်ရင်းပြန်ပြေးခဲ့ရတယ်..။
တတ်လည်းတတ်နိုင်ပါပေ့ကွယ်..
ဟင်..ဟာ...အို..အော်...ဒီလိုကိုး...
ဒီညလည်း မြည့်သံစွဲလင်္ကာတွေနဲ့
မိုးလင်းတော့မယ်ထင်ပါရဲ့..။

ချစ်တဲ့
ရနံ့ချို

No comments:

Post a Comment